မင်းဇော်မင်း
.
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် အရွယ်မရောက်သေးသည့် အသက်
၁၆ နှစ်အရွယ် မိန်းကလေးငယ်အား အကြိမ်ကြိမ် သားမယားပြုကျင့်ပြီး ကိုယ်ဝန်ရရှိစေသူ ဖခင်အရင်းနှင့်
အခြားအမျိုးသားတစ်ဦးတို့ကို စက်တင်ဘာလ ၁၇ ရက်၊ ညနေပိုင်းက ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း
သိရသည်။
.
.အေးသာယာမြို့၊ ရပ်ကွက်(၈)၊ နယ်မြေ (၁၃/က) နေ မိန်းကလေးတစ်ဦးမှာ
အိမ်ထောင်မရှိဘဲ ကိုယ်ဝန်ရှိလာနေသည် ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးရေးရာတို့မှ
စစ်မေးသိရှိရာမှ မိန်းကလေးမှာ အသက် ၁၆ နှစ်သာ ရှိသေးပြီး မိခင်နှင့်ဖခင်ကွဲသွားစဉ်ကစပြီး
ဖခင်ဖြစ်သူနှင့်သာ နေထိုင်ရာမှ ဖခင်အရင်းဖြစ်သူက ၂၀၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလတွင်
ပထမဆုံးအကြိမ် သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး “ဘယ်သူမှ မပြောနဲ့၊ ဘာမှ ဘာမှမဖြစ်ဘူး”
ဟု ဖခင်မှပြောဆိုခဲ့ ကြောင်း ထို့နောက် ယင်းလအတွင်းတွင် တစ်ကြိမ်၊ ဖေဖော်ဝါရီလတွင်
၂ ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။
.
ထို့အပြင် ဇူလိုင်လတွင် ညောင်ရွှေမြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင်
အလုပ်ဝင်ရောက်လုပ်ကိုင်စဉ် ဟိုတယ်တစ်ခုမှ ညစောင့်ဖြစ်သူနှင့် သမီးရည်းစားဖြစ်ကာ ဇူလိုင်လ
၁၀ ရက်တွင် ချိန်းတွေ့ရာမှ သားမယား အဖြစ် ပြုကျင့်ခံခဲ့ရပြီး ဇူလိုင်လ ၂၀ ရက်တွင်လည်း
ဟိုတယ်တစ်ခုတွင် ထပ်မံချိန်းတွေ့ကာ ၂ ကြိမ် အဓမ္မပြုကျင့်ခဲ့ ပြီးနောက် သမီးရည်းစားချိန်းတွေ့သည့်ကိစ္စနှင့်
ပတ်သက်၍ အလုပ်ထုတ်ခံရပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိလာ ခဲ့ကြောင်း သိရသည်။
.
ထို့နောက် ၎င်း၏ ဝမ်းဗိုက်မှာ တစ်နေ့တစ်ခြား ထွက်လာသည့်အတွက်
ရပ်ရွာနေသူများက ဆေးရုံသို့ ပြသစစ်ဆေးရာမှ ကိုယ်ဝန် ၆ လခန့် ရှိနေပြီဖြစ်ကြောင်း သိရှိရသည့်အတွက်
စက်တင်ဘာလ ၁၇ ရက်၊ ညနေပိုင်းတွင် ရပ်ကွက် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌမှ အရွယ်မရောက်သေးသည့်
သမီးရင်းဖြစ်သူကို သားမယားအဖြစ် အကြိမ်ကြိမ်
ပြုကျင့်ကာ ကိုယ်ဝန်ရှိစေသူ ဖခင်ရင်းနှင့် ရည်းစားဖြစ်သူတို့အား အေးသာယာနယ်မြေရဲစခန်းတွင်
အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တိုင်တန်းမှုနှင့် ပတ်သက်၍ အေးသာယာနယ်မြေရဲစခန်းတွင်
(ပ)၁၁၅/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၆/၃၆၃ ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူများအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း
သိရသည်။
.