မင်းမင်း
.
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၇) ရပ်ကွက်၊ နယ်
မြေ (၁၂) ရှိ ကမ္ဘောဇလမ်းသည် မိုးရေ တိုက်စားမှုကြောင့် လမ်းမြေနိမ့်ဆင်း မှုနှင့်
မြေထိန်းနံရံ ကျောက်ရိုးအက် ကွဲမှုများဖြစ်ပေါ်ခဲ့ပြီး ပြန်လည် ပြု ပြင်ရာ၌
အောက်ခြေတွင် ရေနုတ် မြောင်း ရှိနေသည့်အတွက် ယင်းရေ နုတ်မြောင်းအား
တိုးချဲ့တူးဖော် ပြင် ဆင်ပေးစေလိုကြောင်း ဒေသခံများ ထံက သိရသည်။
.
.
“ကျွန်မတို့နေလာတဲ့
သက်တမ်း ၂၅ နှစ်မှာ အခုလို မဖြစ်ခဲ့ဖူးဘူး။ အရင် ကမ္ဘောဇလမ်းက မြေသားလမ်းပါ။
ရပ်ကွက်က ဦးဆောင်ပြီး ကိုယ်ထူ ကိုယ်ထ စနစ်နဲ့ မြေထိန်းနံရံမှာ ကျောက်ရိုးစီပြီး
ကွန်ကရစ်ခင်းလမ်း ပြင်ထားတာ ၉ လ လောက်ပဲရှိသေး တယ်။ ရေနုတ်မြောင်းကို သေသေချာ ချာ
မလုပ်ထားတော့ မြေနိမ့်ဆင်း ပြီး ကျောက်ရိုးကအက်လာတာပါ။ မိုးရွာပြီဆိုရင်
ဒီကျောက်ရိုး ပြိုကျမ လား စိုးရိမ်နေရတာပါ။ ကျောက်ရိုး အောက် ခြေမှာ
ရေမြောင်းရှိနေတော့ အန္တရာယ် ပိုကြီးတယ်။ အဲဒါကြောင့် ရေမြောင်းကိုလည်း
ကျောက်ရိုးစီပြီး တိုးချဲ့ တူးဖော် ပေးစေချင်ပါတယ်” ဟု အေးသာယာမြို့၊ အမှတ် (၇) ရပ် ကွက်နေ မဇူးဇူးက
ပြောသည်။
ထို့အတူ ကမ္ဘောဇလမ်း ကော်မတီအဖွဲ့ဝင် တစ်ဦးကလည်း “ လမ်း မြေ
နိမ့်ဆင်းပြီး မြေထိန်း နံရံက ကျောက်ရိုး အက်ကွဲနေတာကို ပြု ပြင်ဖို့အတွက်
ပြည်နယ်အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာဌာနတွေကို တင်ပြထား တယ်။ သက်ဆိုင်ရာ ဝန်ကြီးတွေနဲ့
ဌာနဆိုင်ရာ အကြီးအကဲတွေ ကိုယ် တိုင် ကွင်းဆင်းကြည့်ပြီး ဒေသခံပြည် သူတွေ သွားလာရေး
အခက်အခဲ မ ဖြစ်အောင် အမြန်ဆုံး ပြုပြင်ပေးဖို့နဲ့ လို အပ်တာတွေကို ထောက်ပံ့ကူညီ
ပေးဖို့ ပြောသွားတယ်။ မြေသားလမ်း တုန်းက ၆ ဘီးကားတစ်စီး ရေမြောင်း ထဲ
ထိုးကျပြီးကတည်းက ရပ်ကွက် ကိုယ်ထူကိုယ်ထစနစ်နဲ့ မြေထိန်းနံရံ ကျောက်ရိုးစီပြီး
ကွန်ကရစ်လမ်း အ ဖြစ် တိုးချဲ့ ပြုပြင်ထားတာ ဖြစ်ပါ တယ်”ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ အေးသာယာမြို့ ရပ် ကွက် (၇) ရှိ ကမ္ဘောဇလမ်းမှာ
နဂိုမူလ မြေသားလမ်းဖြစ်ပြီး ရေတိုက်စားမှု ကြောင့် လမ်းမြေများပြိုကျကာ ဒေ သခံပြည်သူများ
အနေဖြင့် သွားလာ ဆက်သွယ်ရေး အခက်ခဲများ ရှိနေ သည့်အတွက် ရပ်မိရပ်ဖများ၊ ရပ် ကွက်
အုပ်ချုပ်ရေးမှူးရုံးမှ တာဝန် ရှိသူများနှင့် ဒေသခံပြည်သူများ စု ပေါင်း၍
ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ၂၀၁၉ခုနှစ်တွင်
မြေထိန်းနံရံ ကျောက် ရိုးပြုလုပ်၍ လမ်းနယ်နိမိတ်တိုးချဲ့ ကာ
ကွန်ကရစ်လမ်းအဖြစ် ဆောင်
ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်း မြေထိန်းနံရံမှာ အမြင့် ၁၅ ပေ၊ အရှည် ပေ ၁၀၀
ခန့်ရှိပြီး ကွန် ကရစ်လမ်း ပြုပြင်ရာတွင် မြေထိန်း နံရံ ကျောက်ရိုးစီ၍
မြေဖို့ပြုပြင်ထား ခြင်းဖြစ်သောကြောင့် ယခုကဲ့သို့ လမ်း မြေ ၄ ပေခန့် နိမ့်ဆင်းကာ
မြေ ထိန်း နံရံ ကျောက်ရိုးများ အက်ကွဲ လာရခြင်းဖြစ်ကြောင်း သိရသည်။
.