စုလှိုင်
.
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ယနေ့ စက်တင်ဘာလ ၈ ရက်၊ ညနေပိုင်းက ကုန်းလမ်းပို့ဆောင်ရေး (ကပရ) ပိုင် မော်တော်ယာဉ်နှင့် တိုက်မိသည့် မော်တော်ဆိုင်ကယ်စီးနင်းသူ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အေးသာယာမြို့၊ ရပ်ကွက် (၂) နေ အောင်နိုင်ဦး (၃၃ နှစ်) သည် စက်တင်ဘာလ ၈ ရက်၊ ညနေ ၃ နာရီ ၄၅ မိနစ် ခန့်က အေးသာယာမြို့၊ ရပ်ကွက် (၅)၊ နဒီဧရာ ကြက်စာဆိုင်လမ်းသွယ်မှ ပြည်ထောင်စုလမ်းမကြီးပေါ်သို့ ချိုးကွေ့စဉ် အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်ပေါ်မှ လွင့်စင်ပြုတ်ကျပြီး ရွှေညောင်မြို့၊ အောင်သပြေ စဉ့်ဟယ်ရပ်ကွက်နေ ယာဉ်မောင်း ဦးအောင်ဝင်း မောင်းနှင်လာသည့် ကပရ ဌာနပိုင် မော်တော်ယာဉ်နှင့် ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အောင်နိုင်ဦးတွင် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဥ်မဆင်မခြင် မောင်းနှင်သူ ဆိုင်ကယ်ယာဥ်မောင်း အောင်နိုင်ဦးအား အေးသာယာနယ်မြေရဲစခန်း မှ ယာဥ် (ပ) ၂၆ /၂၀၂၀ ရာဇသတ်ကြီးပုဒ်မ -၃၀၄ -က အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။