တောင်ကြီး-အေးသာယာ အတက်/အဆင်းလမ်းတွင် ၁၂ ဘီး ကားတစ်စီး ထိုးကျ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး-အေးသာယာ အတက်/အဆင်းလမ်းတွင် ၁၂ ဘီး ကားတစ်စီး ထိုးကျ


စုလှိုင်
.
တောင်ကြီးမြို့နယ်၊ တောင်ကြီး-အေးသာယာ အတက်/အဆင်းလမ်းတွင် ယနေ့ စက်တင်ဘာလ ၄ ရက်၊ ညပိုင်းက ၁၂ ဘီး ကုန်တင် မော်တော်ယာဉ်တစ်စီး ချောက်အတွင်း ထိုးကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
“လူကတော့ ခြေထောက်ထိတယ်။ လောလောဆယ် ဆေးရုံကို ခေါ်သွားပြီ။ တစ်ယောက်ပဲ ဖြစ်တာပါ။ ကားက ဆယ်ဖို့ ကြာဦးမယ်။ ၁၅ ပေလောက် ကားက ဘေးတိုက်ကျတာဆိုတော့ ”ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး ထွန်းနိုင်အောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ၁၂ ဘီးယာဉ် ထိုးကျတိမ်းမှောက်မှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မသိရှိရသေးချေ။
.
အလားတူ ယနေ့ စက်တင်ဘာလ ၄ ရက်၊ ညနေပိုင်းကလည်း ယင်း တောင်ကြီး-အေးသာယာ အဆင်းလမ်းတွင်ပင် တပ်မတော် မော်တော်ယာဉ်တစ်စီး ချောက်အတွင်း ထိုးကျမှုကြောင့်အမျိုးသမီးတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats