ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့နယ်၊ တောင်ကြီး-အေးသာယာ အဆင်းလမ်း၊ မိုင်တိုင်အမှတ်
(၁၁၁/၀) အနီးတွင် ယနေ့ စက်တင်ဘာလ ၄ ရက်၊ ညနေပိုင်းက တပ်မတော် မော်တော်ယာဉ်တစ်စီး ပေ
၂၀၀ ခန့် နက်သည့် ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
“တပ်ကကား ကျတာ ဟုတ်ပါတယ်။ အခုမှ ကယ်ဆယ်ရေး လုပ်နေတုန်းပါ။ ကားတောင်
ဆွဲမတင်ရသေးပါဘူး။ ဘယ်နှယောက် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ မသိရသေးပါဘူး။ ရွှေညောင် နယ်လှည့်ဆက်ဆံရေးတပ်ကပါ”
ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်း/တောင်)မှ ဒုရဲမှူး အောင်မိုးက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့်
ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ အသေးစိတ်များကို မသိရှိရသေးချေ။
.