အောင်ခိုင် (အင်တော)
.
ရပ်စောက်မြို့နယ်၊ အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စု
ကျောက်ဆုံကျေးရွာအနီး ကျောက်ဆုံ-နောင်ဝိုးသွား ကားလမ်းမပေါ်တွင်
နောင်ဝိုးဘက်မှ ကျောက်ဆုံဘက်သို့
မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား အပြား ၂ဝဝဝဝ ကို စက်တင်ဘာလ ၁၅ ရက်က ဖမ်းမိခဲ့ကြောင်း
သိရသည်။
.
အမှတ် (၂၅)
မူးယစ်တပ်ဖွဲ့စု (တောင်ကြီး)မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းအရ အင်တောမြို့၊
ကျောက်ဆုံကျေးရွာအုပ်စု၊ ကျောက်ဆုံကျေးရွာအနီး ကျောက်ဆုံ - နောင်ဝိုး
သွားလမ်းမပေါ်တွင် မော်တော်ယာဉ်များအား
ရှာဖွေစစ်ဆေးနေစဉ် နောင်ဝိုးဘက်မှ
ကျောက်ဆုံဘက်သို့ ယာဉ်မောင်း စိုင်းညာလိန္ဒ မောင်းနှင်းပြီး မမိုးသဇင် စီးနင်းလိုက်ပါလာသည့်
မော်တော်ယဉ်အား ရပ်တန့် ရှာဖွေစစ်ဆေးရာ ယာဉ်၏ ရှေ့အင်ဂျင်ခန်းညာဘက်တွင် အနက်ရောင် ကြွတ်ကြွတ်အိတ်အတွင်း
မှိုင်းခံစက္ကူဖြင့် ထုပ်ပတ်ထားသည့် WY စာတမ်းပါ
ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၂ဝဝဝဝ ပြား၊ (တန်ဖိုးငွေကျပ် သိန်း ၂ဝဝ)ကို ဖမ်းဆီးမိခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားနှင့်အတူ ဖမ်းဆီးရမိသည့်
စိုင်းလိညာန္ဒနှင့်
မမိုးသဇင်တို့အား ကျောက်ဂူ နယ်မြေရဲစခန်း၌ မယ(ပ) ၇/၂ဝ၂ဝ၊ မူး/စိတ်ဥပဒေ
ပုဒ်မ-၁၉(က)/၂၁ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.
#KBZTai #Shan
#News #AungKhaing