ဆရာယဉ်မင်းအောင်
.
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်မှ ၁၄ ရက် အထိ
.
တနင်္ဂနွေ
.
နေအိမ်ပြုပြင်ရမည်။ ဝါတွင်းကာလဖြစ်သောကြောင့်
ဆွမ်းလောင်းလှူရခြင်း၊ ဘုရားသွား ကုသိုလ် ယူရခြင်းကြုံမည်။ ငွေအပိုကုန်စရာ
ပေါ်ပေါက်လိမ့်မည်။ မတွေ့ချင် မမြင်ချင်သောသူနဲ့ လမ်းမှာဆုံလိမ့်မည်။ အခက်အခဲများ
အသေးစား ရှိနေလိမ့်မည်။ အကြံအစည်ကောင်း ပေါ် ပေါက်မည်။ မိတ်ဆွေသစ်လည်းရလိမ့်မည်။
ကုန်သည်များ လှောင်ကုန်ဈေး ပြန်တက်လာသောကြောင့် စိတ်သက်သာရာ ရလိမ့်မည်။
ဝန်ထမ်းများမှာ သတင်းကောင်း ကြားသိရမည်။ စိတ် ပျော်ရွှင်ရမည်။ ပွဲစားများမှာ
အပေါင်ကိစ္စ နည်းနည်းတည့်လာမည်။ ငယ်သူများ အချစ်ရေးကိစ္စ အပူတွေ့မည်။
ကြားလူအဖျက်ပေါ်မည်။ ကျန်းမာရေးတွင် အစားမှားလိမ့်မည်။ သတိထားပါ။ ကံကောင်းစေသော
ဂဏန်းမှာ (၂/၄/၆) ဖြစ်သည်။
ယတြာ။ စေတီမှာ သပြေညွှန့်လှူပါ။
တနင်္လာ
.
စီးပွားရေး အခက်အခဲ လွတ်မည်။ ကွဲကွာနေသော
မိတ်ဟောင်းပြန်ဆုံမည်။ ကြွေးဟောင်း ကိစ္စ ရှင်းလင်းပြောဆိုရလိမ့်မည်။ မော်တော်ကား၊
ဆိုင်ကယ် ဝင်တတ်ပါသည်။ အဝတ်အစားသစ် ဝင်မည်။ မထင်မှတ်သော
အဝေးအဆက်အသွယ်ပြန်ရလိမ့်မည်။ သူတစ်ပါးကိစ္စ ဝင်ရောက်ကူညီရမည်။ ငယ်သူအတွက်
စိတ်မောရမည်။ ကုန်သည်များ ဝယ်နေကျဖောက်သည် အခြားလူထံ ရောက်သွားမည်။
ဝန်ထမ်းများအလုပ်ယာယီ ရပ်နားရမည်။ ခွင့်ယူရမည်။ ပွဲစားများ ဘာမှအလုပ်
မဖြစ်နိုင်သေးပါ။ ငယ်သူများ အချစ်ရေးတွင် ပြန်လည်အဆင်ပြေမည်။
တွေ့ဆုံခွင့်ရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် နားသတိပြုပါ။ ကံကောင်းစေသော
ဂဏန်းမှာ (၁/၃/၉) ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ပျားရည်လှူပါ။
.
အင်္ဂါ
.
အမြတ်အစွန်းရစရာပေါ်ပေါက်လိမ့်မည်။ လူမျိုးကွဲများ
မစခံရမည်။ နေအိမ်သို့ လျှပ်စစ်သုံး ပစ္စည်း အဆန်းများဝင်လာမည်။
ရှင်းလင်းရခက်ခဲသည့် ကိစ္စများ ပြီးပြတ်သွားလိမ့်မည်။ ရွှေပြန် ဝင်လာမည်။ အလိမ်၊
အခိုးခံရကိန်း ကြုံနေပါသည်။ သတိထားပါ။ အလုပ်နေရာကြောင့် ပူပန်ရ လိမ့်မည်။ အနီးအနား
ခရီးတိုသွားရမည်။ ကုန်သည်များ အရောင်းအဝယ်ကျဆင်းနေမည်။ ကြွေးယူသူများနှင့်
တွေ့ရလိမ့်မည်။ ဝန်ထမ်းများ အလုပ်ပိနေတတ်သည်။ အပြောမှားတတ်သည်။ သတိပြုပါ။
ငယ်ရွယ်သူများ အချစ်ရေးတွင် အထင်လွဲစွပ်စွဲခံရမည်။ ကျန်းမာရေးကိစ္စများတွင်
အအေးမိပြီးဖျားလိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၃/၈) ဖြစ်သည်။
ယတြာ။ ဘုရားတွင် မလိုင်လှူပါ။
.
ဗုဒ္ဓဟူး
.
ယာဉ်အသေးစားပွတ်မိလိမ့်မည်။ ငွေအပိုထွက်ကိန်းလည်းကြုံနေသည်။
မိတ်ဆွေထံမှ ငွေ ချေးငှားရလိမ့်မည်။ မထင်မှတ်သော ခရီးသွားရမည်။ အဝတ်အစား
အဝယ်မှားလိမ့်မည်။ လက်ဆောင်ပစ္စည်းရလိမ့်မည်။ စီးပွားရေး အလုပ်အကိုင်များ
အသစ်တိုးချဲ့ထူထောင်ရမည်။ စားသောက်ဆိုင်ကောင်း သွားရမည်။ ကုန်သည်များ လက်ထဲ
ပစ္စည်းပြတ်လိမ့်မည်။ ဝန်ထမ်းများမှာ ကြီးသူကြောင့် စိတ်ညစ်နေရလိမ့်မည်။ ဖိအားပေးခံရမည်။
ပွဲစားများ အပေါင်ကိစ္စ အဆင်ပြေမည်။ ငယ်သူများ အချစ်ရေးတွင် ပုံမှန်အတိုင်း
ဖြစ်နေလိမ့်မည်။ ကျန်းမာရေး ကိစ္စများတွင် ဝမ်း ပျက်မည်။ ဗိုက်နာလိမ့်မည်။
သတိထားပါ။ ကံကောင်းစေသော ဂဏန်းမှာ(၄/၆/၉) ဖြစ်သည်။
ယတြာ။ စေတီတွင် မာလကာသီးလှူပါ။
.
ကြာသပတေး
.
ဆုံးဖြတ်ရ ခက်ခဲနေမည်။ အလုပ်စတင်ရန် မဝံ့မရဲ
ဖြစ်နေလိမ့်မည်။ အလိုရှိသော ပစ္စည်း ဝင်လာပါမည်။ မိမိမျှော်လင့်သူနဲ့
တွေ့ဆုံခွင့်ရလိမ့်မည်။ အကြံအောင်မြင်မည်။ ဝါတွင်းဆွမ်း လောင်းလှူခွင့်
ကြုံလိမ့်မည်။ ရေနဲ့နီးသော နေရာများကို အလည်သွားရမည်။ လျှပ်စစ်ပစ္စည်း ဝင်လာမည်။
ချိန်းထားသူနဲ့ လွဲ လိမ့်မည်။ သိမ်းထားသောပစ္စည်း ရှာမတွေ့ဖြစ်လိမ့်မည်။
ကုန်သည်များမှာ ပစ္စည်းအဝင်နည်းသဖြင့် စိတ်ညစ်နေမည်။ ဝန်ထမ်းများ စာရင်ကွဲလွဲတတ်ပါသည်။
သတိထားရေးသွင်းပါ။ ပွဲစားများ အလုပ်အကိုင် နှေးနေမည်။ လွဲချော်နေမည်။ ငယ်သူများ
အချစ်ရေးတွင် ချစ်သူပေးသော လက်ဆောင်များကို ရလိမ့်မည်။ ကျန်းမာရေးတွင်
ချောင်းဆိုးမည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၅/၄) ဖြစ်သည်။
ယတြာ။ စေတီမှာ ဖျော်ရည်လှူပါ။
.
သောကြာ
.
အတိုက်အခံမနာလိုသူ ပေါ်ပေါက်လိမ့်မည်။
စိတ်ရှုတ်ထွေးစရာများလည်း ကြုံလိမ့်မည်။ ငွေ ကြေးဝင်သော်လည်း မလုံလောက်သောကာလ
ဖြစ်မည်။ နေအိမ်သုံးပစ္စည်းများ ပျက်လိမ့်မည်။ မီး ပစ္စည်း များလည်း ပျက်မည်။
သို့သော် ရုတ်တရက် အမြတ်အစွန်း ကြီးစွာရမည့် အလုပ် ပေါ်လာမည်။ မိတ်
ဆွေကောင်းကြောင့် ဝမ်းသာကျေနပ်ရမည်။ ကုန်သည်များ ကံကောင်းသဖြင့်
မိမိသိမ်းထားလှောင်ထားသော ပစ္စည်းများဈေးကောင်းရမည်။ ဝန်ထမ်းများ အကြီးအကဲမစခံ
ရမည်။ အပိုဝင်ငွေများ ရလာလိမ့်မည်။ ပွဲစားများ မြေအရောင်းအဝယ်တည့်လိမ့်မည်။
ငယ်သူများ အချစ်ရေး ကိစ္စတွင် ချစ်သူ၏ အားပေးစကား ကြားရမည်။
မိမိကလည်းပြန်လည်အားပေးရ လိမ့်မည်။ ကျန်းမာရေး ကိစ္စများတွင် အကြောအားနည်းမည်။
မျက်စိအားနည်းမည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၄/၇) ဖြစ်သည်။
ယတြာ။ စေတီမှာ အမွှေးတိုင် ပူဇော်ပါ။
.
စနေ
.
ပျောက်နေသောပစ္စည်း ပြန်တွေ့မည်။ မတွေ့တာကြာပြီဖြစ်သော
မိတ်ဆွေလည်း ပြန် လည်ဆုံတွေ့လိမ့်မည်။ ထင်ရှားသော ဆရာတော်များအား
ဖူးတွေ့ရလိမ့်မည်။ ဘာသာရေးနဲ့ ပတ်သက်၍ အဓိဌာန်တစ်ခုခုဝင်ရလိမ့်မည်။ စီးပွားရေး
အလုပ်အကိုင် နှေးကွေးနေမည်။ သို့ သော်လည်း မထင်မှတ်သည့် အကူအညီရမည်။
ချေးငွေရလိမ့်မည်။ ကုန်သည်များမှာ အရောင်း အဝယ်ပြန်မှန်လာမည်။
ကုန်ပစ္စည်းအသစ်ကြောင့် အဆင်ပြေလာမည်။ ဝန်ထမ်းများ အတွင်းလူ ဒုက္ခပေးလိမ့်မည်။
ယခုတော်သလင်းလအတွင်း ဝန်ထမ်းများ ထီပေါက်ကိန်းကြုံနေပါသည်။ ပွဲ စားများမှာ
ငွေချေးငှားသုံးစွဲရလိမ့်မည်။ ငယ်သူများမှာ အချစ်ရေးတွင် ကြီးသူကြောင့် သဘော
ကွဲလိမ့်မည်။ ကျန်းမာရေးတွင် ခါးနာမည်။ ဒူးနာမည်။ အကြောတင်လိမ့်မည်။ ကံကောင်းစေ
သောဂဏန်းမှာ (၃/၄/၇) ဖြစ်ပါသည်။
ယတြာ။ ဘုရားမှာပန်းလှူပေးပါ။
.