ဆရာယဉ်မင်းအောင်
.
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၇ ရက် အထိ
.
တနင်္ဂနွေ
.
စိုးရိမ်ထိတ်လန့်ခြင်းများ ကျဆင်းလာမည်။ အလုပ်အကိုင်များ
ပုံမှန်ဖြစ်နေလိမ့်မည်။ အခက် အခဲမှ လွတ်ပါမည်။ အကူအညီပေးမည့် မိတ်ဆွေကောင်း
ပေါ်ပေါက်လိမ့်မည်။ နေအိမ်အတွင်း သန့်ရှင်းရေး ဆောင်ရွက်ရမည်။ ခြံမြေရှိသူများ
ခြံရှင်းလင်းရမည်။ အလိုရှိသော စက်ပစ္စည်း ဝင် လာမည်။ အဝေးမှ ဧည့် သည် လာမည်။
အိမ်နီးချင်းကိစ္စ ဝင်ကူရမည်။ ကုန်သည်များ အရောင်း အဝယ်ကျဆင်းမည်။ ဆိုင်နေရာကိစ္စ
စကားပြောရလိမ့်မည်။ ဝန်ထမ်းများမှာ လက်ရှိ အလုပ် ပိနေမည်။ တာဝန်များနေမည်။
ပွဲစားများမှာ အရောင်းအဝယ်ပြောပြီး သေချာပြီးမှ ပျက်သွားလိမ့်မည်။ ငယ်သူများ၏
အချစ်ရေးမှာ စိတ်ကုန်သလိုလို ဖြစ်နေလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် သွား နာမည်။
ကိုက်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၄/၇) ဖြစ်သည်။
ယတြာ။ စေတီတွင် မာလကာသီးလှူပါ။
တနင်္လာ
.
ကားကိစ္စ သက်တမ်းတိုးခြင်း၊ အမည်ပြောင်းခြင်း စသည်လုပ်ရမည်။
ဖုန်းအနည်းငယ် ဒုက္ခ ပေးလိမ့်မည်။ စီးပွားရေးအခြေအနေ ကျဆင်းနေသောကြောင့်
စိတ်ပူပန်ရလိမ့်မည်။ ရှိနေသော ပစ္စည်း ရောင်းထုတ်ဖြေရှင်းရမည်။
အပူသည်အိမ်ရောက်လာမည်။ ထူးခြားသောသတင်းများ ကြားသိရမည်။ အကြံအစည်အမျိုးမျိုး
ပေါ်နေလိမ့်မည်။ ကုန်သည်များ အရောင်းအဝယ်ကတိ ပျက်လိမ့်မည်။
ပစ္စည်းဈေးမတည်ငြိမ်သဖြင့် အခက်ကြုံမည်။ ဝန်ထမ်းများမှာ ခွင့်ယူရခြင်း၊ အလုပ်မှ
သက်သာစွာ နေရခြင်းကြုံပါမည်။ ပွဲစားများမှာ မြေအပေါင်ကိစ္စအောင်မြင်မည်။ အချစ်
ရေးတွင် ချစ်သူအားပေးစကား ကြားရမည်။ ကူညီမှုရလိမ့်မည်။ ကျန်းမာရေးကိစ္စများမှာ ဖျားလိမ့်မည်။
ကံကောင်းစေသော ဂဏန်းများမှာ (၁/၂/၉) ဖြစ်သည်။
ယတြာ။ ဘုရားတွင် အုန်းညွှန့်လှူပါ။
.
အင်္ဂါ
.
စိတ်လှုပ်ရှားစရာ များနေမည်။ မထင်မှတ်သော
အမြတ်စွန်းရလိမ့်မည်။ ငွေကြေးအထွက်များ သလို အဝင်လည်းများမည်။ မိသားစုအတွက်
အထူးအညံ့မရှိပါ။ အဝတ်အထည် သစ်များ ဝင် လာမည်။ ဘာသာရေး အဓိဌာန်ဝင်ရမည်။
ပစ္စည်းပျောက်တတ်ပါသည်။ မိတ်ဆွေဟောင်း ပြန် ဆုံပါမည်။ အကြံအစည်သစ်လည်း
ပေါ်ပေါက်မည်။ ကုန်သည်များမှာ ငွေပစ္စည်းဆုံးရှုံးမှု ကြုံပါ မည်။ ဝန်ထမ်းများမှာ
အချင်းချင်းအငြင်းပွားလိမ့်မည်။ ပွဲစားများမှာ ငွေတိုးကိစ္စစကားများရလိမ့် မည်။
ဖြေရှင်းရမည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူစိတ်ကောက်မည်။ စကားများမည်။ ကျန်း
မာရေးကိစ္စတွင် ထိခိုက်မိမည်။ အကြောတင်မည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၄/၅) ဖြစ်
သည်။
ယတြာ။ စေတီမှာ ပန်းလှူပါ။
.
ဗုဒ္ဓဟူး
.
ထီ ပေါက်လိမ့်မည်။ လမ်းမှာ ပစ္စည်းငွေကောက်တွေ့တတ်သည်။
သူတစ်ပါးကိစ္စ ဝင်ရောက် ကူညီ ပေးရလိမ့်မည်။ အကြံအစည် လွဲတတ်သည်။ သတိထားပါ။
ကြီးသူထံမှ အကူအညီရမည်။ အထောက်အပံ့ရမည်။ အဝတ်စား အဟောင်းများ စွန့်ရမည်။
ပေးပစ်လိမ့်မည်။ အစား ကောင်းစားရမည်။ လိုချင်သော ပစ္စည်းဝင်မည်။ ကုန်သည်များ
ဖောက်သည်ဟောင်းထံမှ ကြွေး ဟောင်းအချို့ ပြန်ရလိမ့်မည်။ ဝန်ထမ်းများမှာ
စာရင်းလွဲမှားရေးသွင်းမိလိမ့်မည်။ ပွဲစားများမှာ ဘာမှမထူးဘဲ အချိန်ကုန်မည့် ကာလမျိုးကြုံနေမည်။
ငယ်သူများ ချစ်သူတွေ့ခြင်း၊ အဖြေရခြင်း၊ အဟောင်းမှ လမ်းခွဲခြင်း ကြုံလိမ့်မည်။
ကျန်းမာရေးတွင် ခေါင်းကိုက်မည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၆/၉) ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ပေါက်စီလှူပါ။
.
ကြာသပတေး
.
ကားအသစ်လဲလှယ်ခြင်း၊ ကားဘောလစ်တိုက်ခြင်းကြုံမည်။
နေအိမ်အတွင်း အသေးစားပြု ပြင်ရမည်။ စီးပွားရေး လုပ်ငန်းများ ပြန်ကောင်းလာမည်။
ငွေအမြတ်လည်း နည်းနည်းရလာမည်။ စေတီဘုရား သွားရမည်။ မရောက်တာ ကြာသော နေရာတစ်ခုခုသို့
ရောက်လိမ့်မည်။ အလုပ် တစ်ခုခုတိုးချဲ့ရလိမ့်မည်။ ကောင်းမွန်သော ပစ္စည်းများ
ဝင်လာမည်။ ကုန်သည်များ အရောင်းအဝယ် ကောင်းမွန်လာပါမည်။ ငွေဝင်ကောင်းလာမည်။
ဝန်ထမ်းများမှာ အပိုဝင်ငွေရလိမ့်မည်။ ပွဲ စားများမှာ လိုချင်သည့်ဈေးရောက်သဖြင့်
အရောင်းတည့်လိမ့်မည်။ ငယ်သူများမှာ အချစ်ရေးကိ စ္စတွင် ချစ်သူထံမှ
လက်ဆောင်ကောင်းရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ချောင်းဆိုးမည်။ ကံကောင်းစေသော
ဂဏန်းမှာ (၂/၇/၈) ဖြစ်သည်။
ယတြာ။ သံဃာတော်ကို နို့ဆီလှူပါ။
.
သောကြာ
.
ရှုပ်ထွေးသော အလုပ်များကြောင့် မအားမလပ် ဖြစ်နေမည်။ ငွေ
သိန်းများများ ဝင်လာတော့မည်။ စိတ်ပျော်ရွင်ကျေနပ်ရသော ကာလရောက်နေသည်။
ပျောက်နေသောပစ္စည်းပြန်တွေ့လိမ့်မည်။ အဝေးမှ မိတ်ဆွေနဲ့ ပြန်ဆုံမည်။
ယာဉ်ကိစ္စဆောင်ရွက်ရမည်။ အနီးမြို့များသို့ သွားလာရမည်။ ငယ်သူအတွက်
ဝမ်းသာရလိမ့်မည်။ ကုန်သည်များ ဖောက်သည်အသစ်တွေ့မည်။ ဖောက်သည် အဟောင်းလည်း
ပြန်လာမည်။ ဝန်ထမ်းများမှာ ကြီးသူ မစခံရမည်။ ကြီးသူကချီးမွမ်းလိမ့်မည်။ ပွဲစားများ
ဝေစုခွဲရာတွင် လူများသဖြင့် သိပ်မကျန် ဖြစ်လိမ့်မည်။ ငယ်သူများ အချစ်ရေးတွင်
ချစ်သူ ၂ ဦးကြား ဗျာများရလိမ့်မည်။ ကျန်းမာရေးကိစ္စတွင် မူးဝေလိမ့်မည်။
ကံကောင်းစေသော ဂဏန်းမှာ (၃/၆/၇) ဖြစ်သည်။
ယတြာ။ စေတီမှာ သစ်သီးလှူပါ။
.
စနေ
.
အခက်အခဲမှ လွတ်မြောက်ပါမည်။ အတိုက်အခံများ ကြုံနေသော်လည်း
စိုးရိမ်စရာ မလိုပါ။ ချေး ငွေ ယူရတတ်သည်။ ဘဏ်နဲ့ဆက်စပ်ရလိမ့်မည်။ အလုပ်အကိုင်များ
ပြန်လည်၍ ကောင်းမွန် လာမည်။ ပစ္စည်းအခိုးခံရမည် သတိထားပါ။ ထူးခြားသောသူများနဲ့ တွေ့ဆုံခွင့်
ရလိမ့်မည်။ ဖုန်း အသစ်ဝင်လာမည်။ ရာစရာငွေပြန်ရမည်။ ကုန်သည်များမှာ အခက်အခဲကြီး
တွေ့တတ်သည်။ အခွန်ကိစ္စများလည်း ပြောဆိုရလိမ့်မည်။ ဝန်ထမ်းများမှာ
စိတ်မပျော်ခြင်း၊ လက်ရှိအလုပ်မှ နား လိုခြင်း စသည်ဖြစ်ပေါ်လိမ့်မည်။ ပွဲစားများမှာ
အပေါင်ကိစ္စအသေးဖြစ်လိမ့်မည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူနဲ့
ပြန်တွေ့မည်။ ပြန်အဆင်ပြေမည်။ ကျန်းမာရေးကိစ္စတွင် ဝမ်းပျက်ခြင်း၊
ဗိုက်နာခြင်းကြုံပါမည်။ ကံကောင်းစေသော ဂဏန်းများမှာ (၁/၅/၇) ဖြစ်သည်။
ယတြာ။ စေတီတွင် ကျောက်ကျောလှူပါ။
.