စိုင်းသိခ်သူ
.
အရှေ့တောင်အာရှ (အာဆီယံ)နိုင်ငံများတွင် COVID-19 ရောဂါ ကူးစက်ခံရပြီး သေဆုံးသူများ အရေအတွက် စာရင်း၌ မြန်မာနိုင်ငံက
တတိယအများဆုံး ဖြစ်လာနေပြီဖြစ်သည်ဟု သိရသည်။
.
.
ယနေ့ စက်တင်ဘာလ ၂၅ ရက်အထိ နောက်ဆုံးရ သတင်းများအရ အာဆီယံနိုင်ငံများအနက်
COVID-19
ရောဂါ ဖြစ်ပွားသူ အင်ဒိုနီးရှားနိုင်ငံက ၂၆၂၀၂၂ ဦး၊ သေဆုံးသူ ၁၀၁၀၅
ဦး၊ ဖိလစ်ပိုင်နိုင်ငံက ဖြစ်ပွားသူ ၂၉၆၇၅၅ ဦး၊ သေဆုံးသူ ၅၁၂၇ ဦး၊ မြန်မာနိုင်ငံက ရောဂါဖြစ်ပွားသူ
၈၅၁၅ ဦး၊ သေဆုံးသူ ၁၅၅ ဦး ရှိလာနေပြီဖြစ်ပြီး ကမ္ဘောဒီးယား၊ လာအိုနှင့် အရှေ့တီမောနိုင်ငံများတွင်
ယင်းရောဂါကြောင့် သေဆုံးသူ မရှိကြောင်း သိရသည်။
.
ထို့အတူ သေဆုံးမှု ရာခိုင်နှုန်းအားဖြင့်
အင်ဒိုနီးရှားနိုင်ငံက ၃ ဒသမ ၈၆ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံက ၃ ဒသမ ၂၇
ရာခိုင်နှုန်း၊ ဘရူနိုင်းနိုင်ငံက ၂ ဒသမ ၀၅ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက ၁ ဒသမ
၈၂ ရာခိုင်နှုန်း ရှိကြောင်းလည်း သိရသည်။
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ စက်တင်ဘာလ ၂၅ ရက်၊
နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၈၅၁၅ ဦး ရှိလာနေပြီဖြစ်ပြီး ၎င်းတို့အနက် ၁၅၅ ဦး
သေဆုံး၍ ၂၃၈၁ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း
သိရသည်။
.
Sources; World Meter, MoHS
.