ဟိုပုံးမြို့ မွေတော်ဘုရား အရှေ့ လမ်းဆုံတွင် အဝိုင်းပတ် ပြုလုပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့ မွေတော်ဘုရား အရှေ့ လမ်းဆုံတွင် အဝိုင်းပတ် ပြုလုပ်နေ


နန်းထက်ထက်
.
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရား အရှေ့ရှိ လမ်းဆုံတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်အတွက် အဝိုင်းပတ် ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။
.
လက်ရှိ အနေအထားမှာ မော်တော်ယာဉ်၊ ဆိုင်ကယ် မောင်းတဲ့သူတွေက သီရိမင်္ဂလာလမ်း ၂ လမ်း ဆုံရယ်၊ ဗိုလ်တေဇလမ်း ၂ လမ်းဆုံရယ်၊ ကမ္ဘောဇဘဏ်လမ်းတွေက လမ်းဆုံ အကျယ်ကြီး ဖြစ်နေတော့ သူတို့က ကိုယ့် ယာဉ်ကြောအတိုင်း မမောင်းဘဲ ဖြစ်သလို နီးစပ်ရာမောင်းတော့ ယာဉ်အန္တရာယ် ခဏခဏ ဖြစ်နေတာပေါ့။ မောင်းနှင်တဲ့လူတွေ စနစ်တကျနဲ့ ယာဉ်အန္တာရာယ် ကင်းရှင်းစွာ မောင်းနှင်ဖို့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ အညီ မောင်းနှင်ဖို့ အဝိုင်းပတ် စနစ်နဲ့ ယာဉ်ကြောဖြေရှင်းဖို့ စဉ်းစားပြီး ဆောင်ရွက်တာပေါ့ဟု ဟိုပုံးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်က ပြောသည်။
.

အဆိုပါ အဝိုင်းပတ်အား ဟိုပုံးမြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့နယ်စီမံခန့်ခွဲရေးကော်မတီသို့ တင်ပြ၍ ဆောင်ရွက်နေခြင်း ဖြစ်ပြီး အဝိုင်းပတ် ပြုလုပ်ပြီးပါက ကမ္ဘောဇဘဏ်လမ်းနှင့် ကျောက်တိုင်ကွင်းလမ်း (ဗိုလ်တေဇလမ်း)တို့အား တစ်လမ်းမောင်းစနစ် သတ်မှတ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ဟိုပုံးမြို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရုံးစိုက်ရာမြို့ ဖြစ်ပြီး မြို့နယ်အတွင်း၌ လူဦးရေ စုစုပေါင်း ၆၄၈၀၀ ကျော် နေထိုင်ပြီး မြို့ပေါ် ၆ ရပ်ကွက်တွင် လူဦးရေ ၁၂၄၀၀ ကျော် နေထိုင်လျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats