အောင်ပန်းတွင် ယာဉ်တိုက်မှု ဖြစ်၍ သီလရှင် ၂ ပါး ယာဉ်ပေါ်မှ လွင့်ကျကာ ဒဏ်ရာများ ရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် ယာဉ်တိုက်မှု ဖြစ်၍ သီလရှင် ၂ ပါး ယာဉ်ပေါ်မှ လွင့်ကျကာ ဒဏ်ရာများ ရရှိ

ခွန်သန်းအောင်

.

ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် စက်တင်ဘာလ ၂၁ ရက်၊ နံနက်ပိုင်းက Light Truck ယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ ရှေ့မှ Hijet ယာဉ်ကို ဝင်တိုက်သဖြင့် Hijet ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် သီလရှင် ၂ ပါးမှာ ယာဉ်ပေါ်မှ လွင့်စင်ကျ၍ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.


 

ရွှေညောင်မြို့နေ စိုးနိုင်ဦး မောင်းနှင်လာသည့် Light Truck ယာဉ်သည် အောင်ပန်းမြို့ သူငယ်ချင်း-၂လက်ဘက်ရည်ဆိုင်အနီး၊ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၇၉/၁)နှင့် (၇၉/၂)အကြား အရောက်တွင် အရှေ့မှ ယာဉ်မောင်း/နေရပ်(စုံစမ်းဆဲ) မောင်းနှင်သည့် Hijet ယာဉ်အား အရှိန် မထိန်းနိုင်ဘဲ နောက်မှ ဝင်တိုက်သဖြင့် Hijet ယာဉ်နောက်ခန်းတွင် လိုက်ပါလာသည့် ရွှေညောင်မြို့၊ တောင်လေးလုံး သနပ်ခါးကျေးရွာ၊ သာသနာလင်းရောင်ခြည်ကျောင်းတိုက်မှ သီလရှင် ၂ ပါးမှာ ယာဉ်ပေါ်မှ လွင့်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ ယာဉ်တိုက်မှုကြောင့် သီလရှင် ဒေါ်ခေမာဝတီတွင် စိုးရိမ်ရ ဒဏ်ရာများနှင့် ဒေါ်စန္ဒာဝတီတွင် မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားကာ ၎င်းတို့ လိုက်ပါလာသည့် Hijet ယာဉ်မှာ မောင်းနှင် ထွက်ပြေးသွားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

.

အဆိုပါ မော်တော်ယာဉ်အား မဆင်မခြင် မောင်းနှင်သဖြင့် ယာဉ်တိုက်မှု ဖြစ်ကာ လူအများအား ဒဏ်ရာ ရစေခဲ့သူ Light Truck ယာဉ်မောင်း စိုးနိုင်ဦးအား အောင်ပန်းနယ်မြေရဲစခန်း၌ ယာဉ်(ပ) ၅၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

.

#KBZTai  #Shan  #News  #KhunThanAung

Journal Download

Photo of three cats