အောင်ပန်းတွင် COVID-19 ကာကွယ်ရေးပစ္စည်းများ ဖြန့်ဝေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် COVID-19 ကာကွယ်ရေးပစ္စည်းများ ဖြန့်ဝေ


ခွန်သန်းအောင်
.
ကလောမြို့နယ်၊ အောင်ပန်းမြို့၌ ယနေ့ (စက်တင်ဘာလ ၁၆ ရက်)တွင် COVID-19 ကာကွယ်ရေးပစ္စည်းများအား ဖြန့်ဝေ ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.

“ ဌာနဆိုင်ရာတွေရယ်၊ နာရေးကူညီမှုအသင်းက အဖွဲ့ဝင်တွေရယ် ပေါင်းပြီးတော့ Mask ၊ Face Shield နဲ့ လက်သန့် ဆေးရည်တွေကို ဝေငှပေးခဲ့တာပါ။”ဟု အဆိုပါ ဖြန့်ဝေမှုတွင် ပါဝင်ခဲ့သူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အောင်ပန်းတိုက်နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာ သက်ဝေဦး၊ မြို့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူများက ပရဟိတအဖွဲ့များ၊ အလှူရှင်များက လှူဒါန်းထားသည့် COVID-19 ကာကွယ်ရေးပစ္စည်းများကို ဆေးရုံတက်ရောက်နေသည့် လူနာများ၊ အောင်ပန်းမြို့ပေါ် လမ်းဆုံများနှင့် ဈေး ပတ်ဝန်းကျင်နေရာများတွင် ဖြန့်ဝေ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats