ကယားပြည်နယ် ဝန်ကြီးချုပ်ကို တာဝန်မှ ရပ်စဲ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကယားပြည်နယ် ဝန်ကြီးချုပ်ကို တာဝန်မှ ရပ်စဲ


စိုင်းသိင်္ခသူ .
ကယားပြည်နယ်လွှတ်တော်တွင် စွပ်စွဲ ပြစ်တင်ပြီးနောက် ရာထူးတာဝန်မှ ရပ်စဲရန် မဲခွဲ အတည်ပြုခြင်း ခံခဲ့ရသည့် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုကို ဝန်ကြီးချုပ် တာဝန်မှ ရပ်စဲလိုက်ပြီဟု သမ္မတရုံးက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှို၏ လုပ်ငန်းတာဝန်များကို ကယားပြည်နယ် အစိုးရအဖွဲ့ ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဘော့စ်ကိုက ယာယီဝန်ကြီးချုပ် အဖြစ် ယနေ့ (စက်တင်ဘာလ ၃ ရက်)မှ စတင်၍ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
.

 “ဒီနေ့မှာ ဒီလို အခြေအနေဖြစ်လာတဲ့ အပေါ်မှာလည်း ကျွန်တော့်အနေနဲ့ အားလုံးအပေါ် နားလည်ပါတယ်။ ကျွန်တော့်ကို ချစ်တဲ့သူတွေက ဝမ်းနည်းကြသလို မုန်းသူများကလည်း လက်ခုပ်သြဘာ ပေးနေကြမှာပါ။ သို့ပေမဲ့ ကျွန်တော့်အနေနဲ့ အထက်အကြီးအကဲ အားလုံးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကျေနပ်ပါတယ်။ ကျွန်တော့်ကို ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခဲ့တဲ့ ၂၀၁၆ ခုနှစ်မှ စ၍ ယနေ့အချိန်အထိ ကျွန်တော်ကိုယ်စွမ်း ဉာဏ်စွမ်းရှိသ၍ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းခဲ့တယ်ဆိုတာ ရဲရဲကြီး အာမခံပါတယ်” ဟု ဦးအယ်ဖောင်းရှိုက ပြောဆိုခဲ့ကြောင်း သိရသည်။
.
ဦးအယ်ဖောင်းရှိုသည် အခြေခံဥပဒေ အခန်း(၅) ၊ ပုဒ်မ ၂၆၃ ( က) ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကြောင်း စွပ်စွဲ ပြစ်တင်ခံရကာ စစ်ဆေးခံရပြီးနောက် စက်တင်ဘာလ ၁ ရက်၌ ကျင်းပသည့် ကယားပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် စွပ်စွဲပြစ်တင်မှုမှာ မှန်ကန်ကြောင်း လွှတ်တော်က ဆုံးဖြတ်ချက် ချခဲ့ပြီးနောက် ယခုကဲ့သို့ တာဝန်မှ ရပ်စဲခံရခြင်း ဖြစ်သည်။

Journal Download

Photo of three cats