အောင်ပန်းတွင် မြေသြဇာနှင့် ပိုးသတ်ဆေး ရောင်းချရငွေ ကျပ်သိန်း‌ ၁၅၀၀ ကျော် ရလိုမှုနှင့် ပတ်သက်၍ တရားစွဲဆိုမှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် မြေသြဇာနှင့် ပိုးသတ်ဆေး ရောင်းချရငွေ ကျပ်သိန်း‌ ၁၅၀၀ ကျော် ရလိုမှုနှင့် ပတ်သက်၍ တရားစွဲဆိုမှု ဖြစ်ပွား


စုလှိုင်
.
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်နေ အာဗင်တင်း (အာမို) ကုမ္ပဏီမှ မြေဩဇာနှင့် စိုက် ပျိုးရေး သုံးပိုးသတ်ဆေး အရောင်း ကိုယ်စားလှယ် ဒေါ်နှင်းကေသွယ်မှ မြေဩဇာနှင့် ပိုးသတ်ဆေးများရောင်း ချမှုအတွက် ရရှိရန် ကျန်ငွေ ကျပ် သိန်း ၁၅၀၀ ကျော် ပြန်လည် ရလိုမှု နှင့် ပတ်သက်၍ ကလောမြို့နေ ဦး မျိုးသန်းဦး ဆိုသူအား တောင်ကြီးခ ရိုင် တရားရုံးတွင် တရားစွဲဆိုတိုင် တန်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
အာဗင်တင်း (အာမို) ကုမ္ပဏီမှ မြေဩဇာနှင့် စိုက်ပျိုးရေးသုံးပိုးသတ် ဆေး အရောင်း ကိုယ်စားလှယ် ဒေါ် နှင်းကေသွယ်သည် ခင်မင်ရင်းနှီးသူ ဦးမျိုးသန်းဦးအား ၂၀၁၈ ခုနှစ်၊ ဧပြီ လ ၇ ရက်မှ ယင်းနှစ်၊ ဇူလိုင် လ ၂၇ ရက်အတွင်း မြေဩဇာနှင့် ပိုးသတ် ဆေး စုစုပေါင်းတန်ဖိုးငွေ ကျပ်သိန်း ၁၈၀၀ အား ၄ လဆိုင်း အကြွေးစနစ် ဖြင့် ရောင်းချခဲ့ ရာ ဦးမျိုးသန်းဦးမှ ငွေကျပ် ၂၁၅ သိန်းကိုသာ  ပေးသွင်း ပြီး ကျန် ၁၅၈၅ သိန်းအား ဆက်လက် ပေးသွင်းခြင်း မရှိသဖြင့် ယင်းကဲ့သို့ တရား စွဲဆိုခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။
.
၂၀၁၈ ခုနှစ် ၄ လပိုင်းကနေ ၇ လပိုင်းအထိ မြေသြဇာ နဲ့ဆေးတွေကို ယူထားတာ။ နှစ်ဦး သဘောတူ စာ ချုပ်က လက်မှတ် ထိုးပြီးသားပါ။ မ ပေး လို့ဆိုပြီး ရှေ့နေနဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ မှာ နို့တစ်စာ ပို့လိုက်တာ။ သူ့ဆီကနေ ဧပြီလ ၃၀ ရက်မှာ ပေး မယ်ဆိုပြီး အကြောင်းပြန်လာတယ်။ မပေးတဲ့အတွက် တောင်ကြီးတရား ရုံးမှာ တရားစွဲလိုက်တာပါ” ဟု အောင် ပန်းမြို့ အာဗင်တင်း(အာမို)ကုမ္ပဏီ မှ မြေသြဇာနှင့် စိုက်ပျိုးရေးပိုးသတ် ဆေးအရောင်း ကိုယ်စားလှယ် ဒေါ် နှင်း ကေသွယ်က ပြောသည်။
.
ဒေါ်နှင်းကေသွယ် အနေဖြင့် ဦး မျိုးသန်းဦးအား မြေဩဇာ ၅၅၀၄ အိတ်နှင့် ပိုးသတ်ဆေးမျိုးစုံ ၁၄၄ ဘူး၊ စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း ၁၈၀၀ ဖိုးအား အကြွေးစနစ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဦး မျိုးသန်းဦးအား ကမ္ဘောဇတိုင်းမှ ဆက် သွယ်မေးမြန်းရာတွင် “တရားစွဲဆို ခံထားရတယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော့်နာမည်လည်း မဟုတ်ပါ ဘူး။ ဒါက ပြောရမှာ ရှည်တဲ့အတွက် ပြောဖို့ အချိန်လည်း မရှိပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။
.
ဦးမျိုးသန်းဦး အနေဖြင့် ဒေါ်နှင်း ကေသွယ်ထံသို့ ပေးသွင်းရန် ငွေ ၁၅၈၅ သိန်း ကျန်ရှိသည်မှာ မှန်ကန် ကြောင်း၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်တွင် ဝန်ခံကတိပြုလက်မှတ် ရေးထိုးထားပြီး ဖြစ်သည်ဟု သိရသည်။
.

Journal Download

Photo of three cats