ခွန်သန်းအောင်
.
ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် စက်တင်ဘာလ ၃ ရက်၊ ညပိုင်းက
လေပြင်းတိုက်ခတ်မှုကြောင့် ကမ်းပါးနီ ကျေးရွာအုပ်စု၊ ကျောင်းရှေ့ကျေးရွာရှိ လူနေအိမ်များနှင့်
နွားတင်းကုတ် ၁ ခု အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၈ လုံးနှင့် နွားတင်းကုတ်
၁ ခု မှ သွပ်ချပ်ရေ စုစုပေါင်း ၁၁၆ ချပ် ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၇၄၀၀၀
ကျပ် ရှိကာ လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိကြောင်း သိရသည်။
.
ယင်း ကျောင်းရှေ့ကျေးရွာတွင် အိမ်ခြေ ၃၂ အိမ်၊ အိမ်ထောင်စု
၃၂ စုရှိပြီး လူဦးရေ ၁၀၀ ခန့် နေထိုင်လျက်ရှိကာ ယခု ထိခိုက်ပျက်စီးမှုတွင် လူဦးရေ
၂၆ ဦးတို့၏ နေအိမ် ၈ လုံး အမိုးလန်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.