မင်းဇော်မင်း
.
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ လွယ်မယ်ကျေးရွာအနီးရှိ ကုန်စိမ်းပွဲရုံတစ်ခုအတွင်း
စက်တင်ဘာလ ၂၅ ရက်က ဝင်ရောက်ခိုးယူခဲ့သူများကို စက်တင်ဘာလ ၂၇ ရက်က သက်သေခံပစ္စည်းများနှင့်အတူ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
လွယ်မယ်ကျေးရွာရှိ ထီလာမြင့်ကုန်စိမ်းပွဲရုံပိုင်ရှင်ဖြစ်သူသည်
စက်တင်ဘာလ ၂၅ ရက်၊ နံနက်ပိုင်းက ပွဲရုံသို့ သွားရောက်စဉ် ပွဲရုံအတွင်းရှိ ကောင်တာပေါ်တွင်
တင်ထားသည့် ငွေကျပ် ၁၅၀၀၀၀ တန်ဖိုးရှိ ၂၈ လက်မ TV တစ်လုံး ပျောက်ဆုံးနေကြောင်း တွေ့ရသဖြင့်
လိုက်လံရှာဖွေရာ အခြား ဆက်စပ်ပစ္စည်းများဖြစ်သည့် ဆောင်းဘောက်၊ ကြက်သွန်အိတ်၊ အာလူးအိတ်များလည်း
ပျောက်ဆုံးနေသည်ကို တွေ့ရှိသဖြင့် စက်တင်ဘာလ ၂၇ ရက်တွင် အောင်ပန်းနယ်မြေရဲစခန်းသို့
အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
တိုင်ကြားမှုနှင့် ပတ်သက်၍ အောင်ပန်းနယ်မြေရဲစခန်းမှ (ပ)
၁၆၁/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ပြီး စုံစမ်းရှာဖွေရာ စက်တင်ဘာလ
၂၇ ရက်၊ ည ၁၀ နာရီခန့်တွင် အောင်ပန်းမြို့၊ သုခလမ်း၊ ညောင်ပင်ထောင်ရပ်ကွက်၊ နယ်မြေ
(၅) အတွင်း၌ ကျူးလွန်သူများဖြစ်သည့် အောင်ခိုင်ထက်၊ အောင်နိုင်ထွန်း (ခ) ကုလားပု နှင့်
ရဲလေး (ခ) မိုးဆွေဟိန်း တို့ ၃ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
ယင်းခိုးမှု ကျူးလွန်သူများအနက် အောင်နိုင်ထွန်း (ခ) ကုလားပုသည်
ခိုးမှုဖြင့် အကျဉ်းကျနေရာမှ စက်တင်ဘာလ ၂၂ ရက်က ညောင်ရွှေအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ
ဖြစ်ပြီး စက်တင်ဘာလ ၂၄ ရက်တွင် ခိုးမှု ထပ်မံကျူးလွန်ခြင်းဖြစ်ကြောင်း အောင်ပန်းနယ်မြေရဲစခန်းမှ
ဒုရဲအုပ် ဇင်မျိုးထက် ထံက သိရသည်။
.
အဆိုပါ ခိုးမှုကျူးလွန်သူများကို ကလောမြို့နယ်တရားရုံးတွင် တရားစွဲတင်နိုင်ရေးအတွက်
ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.