အောင်ပန်းနွားပွဲဈေးတွင် လူစုလူဝေး ဖြစ်ပေါ်နေမှုအား ထိန်းသိမ်းပေးရန် လိုအပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းနွားပွဲဈေးတွင် လူစုလူဝေး ဖြစ်ပေါ်နေမှုအား ထိန်းသိမ်းပေးရန် လိုအပ်နေ


မင်းဇော်မင်း
.
COVID-19 ကပ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကာလအတွင်း ရှမ်းပြည်နယ်အတွင်းရှိ ၅ ရက် တစ် ဈေးများအား ဖွင့်လှစ် ရောင်းချခွင့် မ ပြုထားသော်လည်း ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ရေချိုကျေးရွာ အုပ်စု၊ လွယ်မယ်ကျေးရွာ နွားပွဲဈေးတွင် လူ စုလူဝေးဖြင့် ရောင်းချမှုများ ဖြစ်ပေါ် နေသဖြင့် ထိန်းသိမ်းပေးရန် လိုအပ် ကြောင်း ဒေသခံများထံကသိရသည်။
.
.
အဆိုပါ လွယ်မယ်ကျေးရွာရှိ နွားပွဲဈေးတွင် ဩဂုတ်လ ၂၈ ရက်က ပြုလုပ်ခဲ့သည့် နွားပွဲဈေး၌ လူစုလူ ဝေး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ရောဂါကူး စက်နိုင်ခြေ မြင့်မားသဖြင့် ထိန်းသိမ်း ပေးရန် ဒေသခံများက လိုလားလျက် ရှိကြောင်း သိရသည်။
.
“၅ ရက်တစ်ဈေး မဖွင့်ရသေးဘူး ဆိုပေမဲ့ အခုလို လူစုလူဝေး ဖြစ်ပေါ် စေတဲ့ နွားပွဲကို ထိန်းသိမ်းပိတ်ပင်ဖို့ လိုအပ်ပါတယ်”ဟု အောင်ပန်း ဒေသ ခံတစ်ဦးက ပြောသည်။
.
အဆိုပါ နွားပွဲဈေးသို့ သာစည်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ သဲတောနှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့ရွာဒေသ များမှ လာရောက် ရောင်းဝယ်ကြခြင်း ဖြစ်ပြီး ဩဂုတ်လ ၂၈ ရက်၊ တစ်ရက် အတွင်း နွားကောင်ရေ ၁၀၀ ခန့် အ ရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကာ နွားတစ် ကောင်လျှင် ကျပ်သိန်း ၂၀ ခန့်နှင့် ကျွဲ တစ်ကောင်လျှင် ကျပ်သိန်း ၄၀ ခန့်အထိ ရရှိကြောင်း ၎င်းထံက သိ ရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အောင်ပန်းမြို့ စည်ပင်သာယာရေး တာဝန်ခံ ဒေါ်ခိုင်ခိုင်လဲ့အား ဆက် သွယ်မေးမြန်းရာတွင် ၎င်းအနေဖြင့် ပြောင်းရွှေ့လာသည်မှာ ရက်ပိုင်းခန့် သာ ရှိသေးပြီး ယင်း နွားပွဲဈေး အ ကြောင်း မသိရှိရ သေးသော်လည်း ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် စည်ပင် သာယာရေးဌာနတို့၏ ညွှန်ကြားချက် များနှင့် ရှမ်းပြည်နယ် အတွင်းရှိ ဒေ သ ၅ ရက်တစ်ဈေး ရောင်းချခြင်း ကန့်သတ်မှုများကို ဖြေလျှော့မှု မရှိ သေးကြောင်း ပြန်လည်ဖြေကြား ခဲ့ သည်။
.
“ဒါက သူတို့ဖာသာ စုဝေးပြီး လုပ်တာ ဖြစ်မယ်။ စည်ပင်သာယာ နယ်နိမိတ်ထဲမှာလည်း မပါဘူးလို့ သိ ရတယ်။ COVID-19 ကာကွယ်ထိန်း ချုပ်ကုသရေးကော်မတီတွေကို ဆက် လက်တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။
.
ဒေသ အရင်းအမြစ်သတင်းများ အရ နွားပွဲသို့ လာရောက်ရောင်းဝယ် သူများမှာ ဈေးနေ့မှ တစ်ရက်ကျော် တွင် ကားများဖြင့် နေရပ်များသို့ ပြန် လည် ထွက်ခွာကြကြောင်းနှင့် ယင်း နွားပွဲဈေး နေရာမှာ အောင်ပန်းမြို့၊ ညောင်ပင်ထောင် ရပ်ကွက် အနီးရှိ လွယ်မယ်ကျေးရွာ ကုန်းမြင့်တွင် စု ဝေး ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats