ဇန်
.
အရာရာမှာ အဆင့်အတန်း သတ်မှတ်ချက်တွေ ရှိတတ်ကြ ပါတယ်။ အဲဒီလိုပါပဲ
ပြည်သူတွေမှာလည်း အထက်တန်းစားပြည် သူဆိုတာ ရှိပါတယ်။ အထက်တန်းစား ပြည်သူဖြစ်ဖို့ ဘာတွေ
လိုက်နာ လေ့လာ ကျင့်ကြံဖို့ လိုအပ်ပါသလဲ ဆိုတဲ့ အခြေခံ သ ဘောတရားတွေလည်း နိုင်ငံတွေရဲ့
စံနှုန်းတွေအရ အမျိုးမျိုးရှိ တတ်ကြပါတယ်။
.
အထက်တန်းစား ပြည်သူတစ်ဦး ဖြစ်ဖို့ရာ ကိုယ်တိုင်နဲ့ကိုယ့် ပတ်ဝန်းကျင်၊
ကိုယ့်မျိုးရိုးဇာတိ၊ ကိုယ့်လူမှုပတ်ဝန်းကျင် အသိုင်း အဝိုင်း၊ ကိုယ့် အမျိုးဘာသာ သာသနာ၊
ကိုယ့်ဓလေ့ ထုံးစံ ရိုးရာ အစဉ်အလာ ယဉ်ကျေးမှု အနုပညာတွေနဲ့ ကိုယ့်လူမျိုးနွယ်စု၊ ကိုယ့်တိုင်းရင်းသားတွေ၊
ကိုယ့်နိုင်ငံသားတွေ၊ ကိုယ့်ပြည်ထောင် စု နိုင်ငံတော်အတွက် မဖြစ်မနေ ထမ်းဆောင်သယ်ပိုးရမယ့်
မွေး ရာပါ သမိုင်းပေး တာဝန်တွေ ရှိပါတယ်။
.
အထက်တန်းစား ပြည်သူတစ်ဦးဟာ အတန်းပညာ သို့မ ဟုတ် အတတ်ပညာ သို့မဟုတ်
အသိပညာ သို့မဟုတ် အသက် မွေးဝမ်းကျောင်းပညာ တစ်ခုခုကို တစ်ဘက်ကမ်းခတ် တတ် မြောက် ကျွမ်းကျင်
ပိုင်နိုင်နေအောင် လေ့လာ၊ သင်ကြား၊ အား ထုတ် ဖြန့်ဝေပြီး အများအကျိုးအတွက်ထမ်းရွက်နိုင်ဖို့လို
အပ်ပါ တယ်။ နိုင်ငံ့ဝန်ထမ်းလုပ်လုပ်၊ အစိုးရဝန်ထမ်း ဖြစ်ဖြစ်၊ ပြည်သူ့ ဝန်ထမ်း၊ ပုဂ္ဂလိက
ဝန်ထမ်း၊ ကျွမ်းကျင်လုပ်သား၊ ပညာရှင်၊ လုပ် ငန်းရှင် စသည်ဖြင့် ဘာပဲလုပ်လုပ် ငတ်လို့
လုပ်တာ မဟုတ်ဘဲ တတ်လို့ လုပ်တာ၊ ကျွမ်းကျင်လို့ လုပ်တာ၊ ပရော်ဖက်ရှင်နယ် အ ဖြစ် လုပ်တာ၊
နှစ်ဦးနှစ်ဘက် အများအကျိုးအတွက် လုပ်တာမျိုး ကို ပြောရမှာ ဖြစ်ပါတယ်။
.
မိမိမွေးဖွား၊ နေထိုင်၊ ကြီးပြင်း၊ ရှင်သန်၊ ရပ်တည်နေထိုင်ရာ ဒေသပတ်ဝန်းကျင်နဲ့
လူမှုပတ်ဝန်းကျင်၊ လုပ်ငန်းခွင် နယ်ပယ်၊ အဝန်းအဝိုင်း တွေကို မြင့်သထက်မြင့်အောင် တစ်ဆင့်ချင်း
တက် လှမ်းကြရာမှာ ကျရာ အခန်းကဏ္ဍတွေကနေ ပါဝင်ထမ်းဆောင် နိုင်ကြရမှာ ဖြစ်ပါတယ်။
.
အထက်တန်းစား ပြည်သူတွေကသာ အထက်တန်းစား နိုင်ငံ တော်၊ အထက်တန်းစား
ပြည်ထောင်စု၊ အထက်တန်းစားလွှတ် တော်၊ အထက်တန်းစား အစိုးရ၊ အထက်တန်းစား တရား ဥပဒေ များ၊
အထက်တန်းစား တရားစီရင်ရေးစနစ်၊ အထက်တန်းစား နိုင်ငံရေး သမားများ၊ အထက်တန်းစား လွှတ်တော်အမတ်များ၊
အထက်တန်းစား ဝန်ကြီးများ၊ အထက်တန်းစား ခေါင်းဆောင် များ၊ အထက်တန်းစား သမ္မတနဲ့ အထက်တန်းစားဝန်ကြီး
ဌာန များ၊ အထက်တန်းစားနိုင်ငံ့ဝန်ထမ်း ၊ အစိုးရဝန်ထမ်းပြည်သူ့ ဝန်ထမ်းများကို မွေးထုတ်
ပေးနိုင်တာဖြစ်ပါတယ်။ ရွေးချယ် ခန့် အပ်နိုင်တာ ဖြစ်ပါတယ်။ ရွေးကောက် တင်မြှောက်နိုင်တာဖြစ်
ပါတယ်။ ထိုသို့သော အဆင့်အတန်းရှိတဲ့ အထက်တန်းစား ခေါင်းဆောင်များကို ရွေးချယ်ပြီး နိုင်ငံတော်နဲ့
နိုင်ငံသားများရဲ့ နေ့စဉ်ဘဝ ကိစ္စကြီးငယ် အသွယ်သွယ်တို့မှာ ကြုံတွေ့ ရင်ဆိုင် ကြရမဲ့
ပြဿနာများကို ကူညီ ဖြေရှင်းပေးဖို့ ဝန်ဆောင်မှုကောင်း များ ပေးနိုင်ဖို့ လူတိုင်းငြိမ်းချမ်းဖို့၊
လူတိုင်း လွတ်လပ်ဖို့၊ လူတိုင်း တရား မျှတမှုရရှိဖို့၊ လူတိုင်း ချမ်းသာကြွယ်ဝစွာ နေထိုင်နိုင်ဖို့၊
လူ တိုင်း လုံခြုံစိတ်ချစွာ အိပ်စက်၊ အနားယူ၊ အပန်းဖြေ၊ လေညှင်း ခံ လမ်းလျှောက်ထွက်နိုင်ဖို့ရာ
အထက်တန်းစား ပြည်သူတစ်ဦး တစ်ယောက်ချင်းက ပါဝင်ပြီး တည်ဆောက်တဲ့ နိုင်ငံရေး စနစ် ကောင်းတွေ
အပေါ်မှာ ၁၀၀ ရာခိုင်နှုန်း မူတည်နေတာ ဖြစ်ပါ တယ်။
.
ဒီလို စနစ်ကောင်းတွေနဲ့ စုဝေး တည်ဆောက်ရတဲ့ စနစ်ကို လူတိုင်း ပါဝင်ခွင့်ရတဲ့
စနစ်ကို၊ ပြည်သူတိုင်း တစ်ဦးချင်းစီ လူရာ ဝင်တဲ့ စနစ်ကို ဒီမိုကရေစီလို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။
ဒီလို စ နစ် ဒီလိုနိုင်ငံတွေမှာ ဖြစ်ပျက်သမျှ အရာ အားလုံးဟာ ပြည်သူ တစ်ဦးချင်းစီတို့နဲ့
ရွေးချယ်မှုတွေနဲ့ သက်ဆိုင်တာမို့ အဆိုး အ ကောင်း၊ အကျိုးအကြောင်း၊ အထက်တန်းစား အခြေအနေ၊
သာမန် အခြေအနေ၊ အဆိုးရွားဆုံး အခြေအနေတွေအပြင် ငရဲ ဘုံနဲ့ နိဗ္ဗာန်ဘုံတွေကို ကိုယ်တိုင်
ဖန်တီးယူနိုင်ကြတာပဲ ဖြစ်ပါ တယ်။
.
.
ကောင်းကင်မှာ ပျံဝဲချင်ရင် လေကို ဆန်တက်ရပါတယ်။ တောင်ထိပ်ကို ရောက်ချင်ရင်
တောင်ကို တက်ရပါတယ်။ အလံ ကို လိုချင်ရင် ချောတိုင်ကို တက်ရပါတယ်။ မြစ်ဆုံချောင်းဆုံကို
ရောက်ချင်ရင် ရေကို ဆန်တက်ရပါတယ်။ အထက်ကို ဆန်တက် ရတဲ့ လုပ်ငန်းစဉ်တိုင်းဟာ ခက်ခဲပါတယ်၊
ပင်ပန်းပါတယ်၊ ကြမ်း တမ်း တတ်ပါတယ်။ အောက်ကို ရောက်ချင်ရင်တော့ သိပ်ကို လွယ်ကူပါတယ်၊
သာသာယာယာကလေး လျောစီးလိုက်ရုံ၊ လှိမ့် ဆင်းလိုက်ရုံ၊ စုန်ဆင်းလိုက်ရုံ၊ ခုန်ဆင်းလိုက်ရုံ
နောက်ဆုံး ဘာမှ အားမထုတ်ဘဲ ငြိမ်သက်နေလိုက် ရုံပါပဲ။
.
ဒါကြောင့် စနစ်တစ်ခု၊ မူဝါဒတစ်ခု၊ ဥပဒေတစ်ခု၊ နိုင်ငံတစ်ခု၊ အလေ့အကျင့်
ဆိုးတစ်ခုကို ပြုပြင် ပြောင်းလဲကြတဲ့အခါဝယ် စည်းလုံး ညီညွတ်မှု၊ အနာဂတ် ပန်းတိုင်၊
မျှော်လင့်ချက်ရောင်နီ၊ ခံယူချက်၊ မလျော့သောဇွဲ၊
မဆုတ်မနစ်တဲ့ လုံ့လ၊ မဖြစ်မနေမရ မနေ ကြိုးစားရယူမဲ့ ဝိရီယတွေဟာ သိပ်ကို အရေးကြီးပါတယ်။
အရေးပါ လွန်းလှပါတယ်။ ကမ္ဘာလောကကြီး ပေါ်မှာ ရှိတဲ့ မည် သည့် အဆောက်အဦ ဖြစ်ပါစေ အရာဝတ္ထု
ပစ္စည်းများစွာနဲ့ သူ့ နေရာသူ့ ကဏ္ဍအလိုက် ပါဝင် ဖွဲ့စည်းတည်ဆောက် ထားရတာ ချည်းသာ ဖြစ်ပါတယ်။
အဲဒီအရာ တွေထဲက အရာဝတ္ထု ပစ္စည်း အမျိုးအမယ် တစ်ခုခုကိုသာ ထုတ်ပယ်မယ် ဆိုရင် ခိုင်ခန့်မှု
သို့မ ဟုတ် လှပမှု သို့မဟုတ် သန့်ရှင်းသပ်ရပ်မှု သို့မဟုတ် မပြည့်စုံမှု တစ်ခုခုကိုတော့
မဖြစ်မနေ ကြုံတွေ့ ရင်ဆိုင်ကြရတော့မှာ ဖြစ် ပါတယ်။ ဒီနေရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့်
လောက်နဲ့ ဘာ မျှမပြော ပလောက်ဘူး ဆိုပေမဲ့ အုတ်တစ်ကျင်း သဲတစ်ကျင်းမပါ ဘဲ ဆောက်ရတဲ့
အဆောက်အဦဟာ အရည်အသွေး ညံ့ဖျင်းမှာ အသေအချာ ပါပဲ။ သို့ပါသော်လည်း အုတ်တစ်ကျင်းသဲတစ်ကျင်း
မပါသော်လည်းဘဲ ဒီအဆောက်အဦကိုတော့ မဖြစ်မနေ ဆောက်လုပ်ကြရတော့မှာပဲ ဖြစ်ပါတယ်။
.
အခုဆိုရင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးရဲ့ အ ပြောင်းအလဲများစွာတို့ကို
ပြောင်းလဲဖန်တီးခွင့်များ ပါဝင်ကြရ မဲ့ရွေးကောက်ပွဲ ဖောင်ဒေးရှင်းကြီးကို ဆောက်လုပ်
ဖန်တီးချိန် နီးလာပြီ ဖြစ်ပါတယ်။ ဒီမိုကရေစီ ပန်းတိုင်ဆီသို့ သွားနေကြ တဲ့ ခရီးစဉ်လည်းပဲ
ဖြစ်ပါတယ်။ လွတ်လပ်ခြင်း၊တရားမျှတခြင်း၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ တန်းတူညီမျှမှု၊
ချမ်းသာကြွယ်ဝမှု၊ စည်းကမ်းစနစ် ကျနမှုတွေနဲ့ ဖွဲ့စည်း တည်ဆောက်ထားကြမဲ့ ဒီမိုကရေစီ
အဆောက်အဦကြီးအတွက် ရွေးကောက်ပွဲ ဖောင်ဒေး ရှင်း တည်ဆောက်ချိန်မှာ အားလုံး ညီညွတ်စွာ၊
စည်းကမ်းရှိစွာ၊ အမြော်အမြင် ရှိစွာ၊ ပညာရှိစွာ ပါဝင်ကြရမဲ့ အစား အချို့သော ပုဂ္ဂိုလ်များရဲ့
No - Vote ဆိုတဲ့အသံတွေကို စိတ်ပျက်အားငယ်စွာ၊ အင်အား ယုတ်လျော့စွာ ကြားနေကြရတာပဲ ဖြစ်ပါတယ်။
သို့ သော် အထက်မှာ ဆိုခဲ့သလိုပါပဲ ဒီမိုကရေစီ အဆောက်အဦကြီး မှာ ရွေးကောက်ပွဲ ဖောင်ဒေးရှင်းကြီးမှာ
အုတ်တစ်ကျင်း သဲတစ် ကျင်း မပါဝင်ပါသော်လည်း ဒီအဆောက်အဦကြီးကိုတော့ မဖြစ် မနေ ဆောက်လုပ်ဖို့
ဖောင်ဒေးရှင်း ချကြရမှာ ပဲဖြစ်ပါတယ်။ ခိုင် ခံ့မှု မရှိတာ ရှိတာကတော့ တစ်ပိုင်း ဖြစ်ပါလိမ့်မယ်။
.
No - Vote ဆိုပါသော်လည်း ရွေးကောက်ပွဲကတော့ ပြုလုပ်ရ မှာပဲ ဖြစ်ပါတယ်။
ပြည်သူလူထု ၁၀၀ ရှိတဲ့ နိုင်ငံတစ်ခုမှာ ပြည် သူ ၁၀၀ မဲထည့်လည်း အစိုးရ အဖွဲ့အစည်းကတော့
တက် လာမှာပဲ ဖြစ်သလို ပြည်သူ ၁၀ သာ မဲထည့်လည်း ၁၀ မဲ ထည့် လိုက်တဲ့ အစိုးရအဖွဲ့ တစ်ဖွဲ့ကတော့
တက်ရောက်လာမှာပဲ ဖြစ်ပါတယ်။ သို့ပါသော်လည်း အထက်တန်းစား ပြည်သူတွေ မဲထည့်ခဲ့ရင် အထက်တန်းစားအစိုးရ
တက်လာမှာ ဖြစ်ပြီး အထက်တန်းစား နိုင်ငံတော် ဖြစ်လာမှာ ဖြစ်ပါတယ်။ အထက် တန်းစား ပြည်သူတွေက
No Vote ပါ ဆိုရင်တော့ အရင်လိုပဲ အိုးပုတ် ချိုးရုပ်တွေပါ ကြိုးတုပ်ခံရတဲ့စနစ်ကနေ လွတ်မြောက်ဖို့
ဆိုတာ ခက်ခဲနေဦးမှာပဲ ဖြစ်ပါတယ်။
.
ဒီမိုကရေစီစနစ် ဆိုတာ ကိုယ့်ကို ဝန်ဆောင်မှုကောင်းတွေ ပေးမဲ့ ဝန်ကြီးဌာနတွေ၊
ဌာနဆိုင်ရာတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ အစိုး ရဝန်ထမ်းတွေ၊ ပြည်သူ့ဝန်ထမ်းတွေကို စီမံခန့်ခွဲအုပ်ချုပ်ပေးမဲ့
ပြည်သူ့ခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင် ပရဟိတသမား လူ ကြီး လူကောင်းတွေကို ရွေးချယ်
တင်မြှောက် ရတာမျိုး ဖြစ် ပါတယ်။ ကိုယ်ကို အုပ်ချုပ်ဖို့၊ ကိုယ့် ဆရာလုပ်ဖို့၊ ကိုယ့်ကို
ဒုက္ခပေးဖို့၊ ကိုယ့်ကို အန္တရာယ်ပြုဖို့၊ ကိုယ့်ကိုယ် ချုပ်ကိုင် ချယ်လှယ်ဖို့၊ ကိုယ့်ကို
နိုပ်စက်ကလူပြု စော်ကားဖို့ သူတွေကို ပလ္လင်ပေါ် တက်လာ စေချင်ရင်တော့ အိုးပုတ် ချိုးရုပ်တွေလို
ကြိုးတုပ်ခံကြဖို့ No Vote ကိုသာ ဆက်လုပ်ပါလို့ ဆွေးနွေး တင်ပြအပ်ပါတယ်။