စုလှိုင်
.
ရှမ်းပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ မှ သြဂုတ်လ အထိ ၄ လ အ
တွင်း အိမ်သုံးလျှပ်စစ်ဓာတ်အား ကင်း လွတ်ခွင့် ရရှိသည့် အိမ်ထောင်စု ပေါင်း ၃၉၉၆၀၁
သိန်းရှိကြောင်း ရှမ်း ပြည်နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေး လုပ်ငန်းမှ သိရသည်။
.
“အလွှာ ၇ လွှာ ရှိပါတယ်။ ၁ ယူနစ်ကနေ ၃၀ ယူနစ်အထိက ၃၅ ကျပ်၊ ၃၁
ယူနစ်ကနေ ယူနစ် ၅၀ အထိ က ၅၀ ကျပ်၊ ၅၁ ယူနစ် ကနေ ၇၅ ယူ နစ်က ၇၅ ကျပ်၊ ၇၆ ယူနစ်ကနေ ယူ
နစ် ၁၀၀ အထိ ၉၀ ကျပ်၊ ၁၀၁ ယူနစ် ကနေ ၁၅၀ ယူနစ်အထိ တစ်ယူနစ် ၁၁၀ နဲ့ တွက်ပါတယ်။ အဲဒီ
ထက် များသွားရင် ၁၅၀ ကျပ်နဲ့ တွက်ရမှာ ပေါ့”ဟု ရှမ်းပြည်နယ်လျှပ်စစ်ဓါတ် အား ဖြန့်ဖြူးရေးလုပ်ငန်းမှ
တာဝန် ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
.
ကင်းလွတ်ခွင့် ရရှိသည့် အိမ်သုံး အမျိုးအစားမှာ နေအိမ်သုံး၊ အိမ်သုံး
ပါဝါ၊ တစ်လုံးတစ်ခဲတည်း အိမ်သုံး စီးပွားရေးလုပ်ငန်း မပါသော သာသနာ၊ အဆောက်အအုံတို့
ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့
ကင်းလွတ်ခွင့် ပြု ရာတွင် ရှမ်းပြည်နယ် တောင်ပိုင်းမှ ဓါတ်အားသုံးစွဲသူ ၂၅၉၀၀၀ စုအ
နက် ကင်း လွတ်ခွင့်ရသည့် အိမ်ထောင် စု ပေါင်း ၂၄၁၄၀၁ စု၊ ရှမ်းပြည်နယ် အရှေ့ပိုင်းမှ
ဓါတ်အားသုံးစွဲသူ ၁၆၂၉၆၁ စုအနက် ကင်းလွတ်ခွင့်ရ အိမ်ထောင်စု ၁၄၇၀၂၅ စုနှင့် ရှမ်း ပြည်နယ်
အရှေ့ပိုင်းဓါတ်အား သုံးစွဲ သူ အိမ်ထောင် စုပေါင်း ၂၉၁၈၆ စု အ နက် အိမ်ထောင်စုပေါင်း
၁၁၁၇၅ မှာ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။