မင်းကျန်စစ်ကုမ္ပဏီမှ ရှမ်းပြည်နယ်အစိုးရသို့ ပေးဆပ်ရန် ကျန်ငွေများအတွက် တိုက်ခန်း ၃၀၀ ကို သိမ်းယူမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မင်းကျန်စစ်ကုမ္ပဏီမှ ရှမ်းပြည်နယ်အစိုးရသို့ ပေးဆပ်ရန် ကျန်ငွေများအတွက် တိုက်ခန်း ၃၀၀ ကို သိမ်းယူမည်


စုလှိုင်
.
မင်းကျန်စစ် ဆောက်လုပ်ရေး ကုမ္ပဏီမှ ရှမ်းပြည်နယ်အစိုးရ အဖွဲ့သို့ ပေးဆပ်ရန်ကျန်ငွေ များအနက် အ တိုးငွေ ၂ ဘီလီယံအတွက် ရှမ်းပြည် နယ် အစိုးရမှ တိုက်ခန်း ၃၀၀ ကို သိမ်းယူသွားမည် ဖြစ်ကြောင်း သိရ သည်။
.
၂၀၁၅ ခုနှစ်၊ ရှမ်းပြည်နယ် ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေများမှ ပြည်နယ်အ တွင်းရှိ လုပ်ငန်းများသို့ ချေးငွေချထား ပေးခဲ့ရာတွင် မင်းကျန်စစ်‌ ဆောက် လုပ်ရေး ကုမ္ပဏီမှ ငွေကျပ် ၄ ဘီလီ ယံ ချေးယူခဲ့ပြီးနောက် အတိုးအရင်း ပေါင်း ၆ ဘီလီယံ ရှမ်းပြည်နယ် အစိုး ရသို့ ပေးသွင်းရန် ကျန်ရှိရာတွင် အရင်း ငွေအနက် ၂ ဒသမ ၄ ဘီလီယံ ကို ကုမ္ပဏီမှ ရှမ်းပြည်နယ် အစိုးရသို့ ပေးသွင်းခဲ့ပြီး အရင်း ၁ ဒသမ ၆ ဘီ လီယံနှင့် အတိုး ၂ ဘီလီယံ ပေးဆပ် ရန် ကျန်ရှိနေခြင်းဖြစ်ကြောင်း သိရ သည်။
.


.
အဆိုပါ ပေးဆပ်ရန်ကျန် ငွေများ အနက် အရင်း ၁ ဒသမ ၆ ဘီလီယံကို လာမည့် ၂၀၂၁ ခုနှစ်၊မတ်လကုန် အ ပြီး အကျေ ပေးဆပ်ရန်နှင့် အတိုး ငွေ ၂ ဘီလီယံအတွက် တိုက်ခန်းများ သိမ်းယူရန်အတွက် သဘောတူ စာ ချုပ်အသစ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုထားပြီး ဖြစ်သည်ဟု ရှမ်းပြည် နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့် ရှိသူ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်က ရှမ်းပြည် နယ်အစိုးရရုံး၌ ပြုလုပ်သည့် ရှမ်း ပြည်နယ် အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ တစ်နှစ်တာ လုပ်ငန်း ဆောင် ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲ တွင် ပြောဆိုထားသည်။
.

“၁ ဒသမ ၆ ဘီလီယံကို ရှမ်းအ စိုးရကို မတ်လထဲမှာ ပေးသွင်းရမှာ ဖြစ်ပါတယ်။ အတိုးငွေ ၂ ဘီလီယံကို လက်ရှိ အိမ်ခန်း ၃၀၀ ရှိပါတယ်။ အတိုးငွေကို အိပ်ခန်း ၃၀၀ ကိုပြောင်း လဲ ယူမှာဖြစ်ပါတယ်။ အဲဒါကို လွှတ် တော်မှာ ဖြေကြားပြီး ဖြစ်ပါတယ်။ အတိုးနဲ့ ညီမျှတဲ့ အိမ်ခန်းကို သိမ်းယူ သွားမှာဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြော သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဒေါက်တာ နန္ဒာလှမြင့်ထံသို့  ကမ္ဘော ဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် “ကျွန်တော်နဲ့ မဆိုင်ပါဘူး။ ကုမ္ပဏီ ကိုပဲ သွားမေးပါ။ ပြီးရင် အစိုးရအဖွဲ့ ကိုပဲမေးပါ”ဟု ပြန်လည်ဖြေကြားခဲ့ သည်။
.
ယခင် သမ္မတ ဦးသိန်းစိန် လက် ထက်က မင်းကျန်စစ် ဆောက်လုပ် ရေး ကုမ္ပဏီမှ တောင်ကြီးဥယျာဉ် အိမ်ရာ စီမံကိန်းအတွက် မြန်မာငွေ ကျပ် သိန်းပေါင်း ၄ သောင်းကို ချေး ယူခဲ့ပြီးနောက် အိမ်ရာ စီမံ ကိန်းကိုလည်း ပြီးစီးအောင် ဆောက် လုပ်နိုင်ခဲ့ခြင်း မရှိဘဲ ၂၀၂၀ ခုနှစ် ဇွန်လတွင် သိန်းပေါင်း ၂၄၀၀၀ ကို သာ ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ ပေးဆပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

Journal Download

Photo of three cats