ရှမ်းပြည်နယ်လွှတ်တော် တိုင်ကြားစာများ စိစစ် ရေး ကော်မတီဥက္ကဋ္ဌ၊ မိုးနဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ရှမ်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းမျိုးမြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်လွှတ်တော် တိုင်ကြားစာများ စိစစ် ရေး ကော်မတီဥက္ကဋ္ဌ၊ မိုးနဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ရှမ်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းမျိုးမြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း


“ဖက်ဒရယ်ဆိုတာ နာမည်ပဲ ရှိတယ်။ အဲဒီ ဖက်ဒရယ်ကို ဒီနေ့အထိ အဓိပ္ပါယ် ဖွင့်ဆိုလို့ မရသေးဘူး”
.
ရှမ်းပြည်နယ်လွှတ်တော် တိုင်ကြားစာများ စိစစ်ရေး ကော်မတီဥက္ကဋ္ဌ၊ မိုးနဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ရှမ်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းမျိုးမြင့်နှင့် တွေ့ဆုံ၍ တိုင်ကြားစာများ ပြန်လည် စိစစ်ရေး ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ ရှမ်းပြည်နယ် လွှတ်တော်၏ ဆောင်ရွက် ချက်များ၊ ဖက်ဒရယ် အပေါ် ၎င်း၏ သဘောထား အမြင်များ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် အကြောင်းအရာများ စသည်တို့ကို မေးမြန်း ခဲ့ပါသည်။
.
ကမ္ဘောဇတိုင်း။      အရင်ဆုံးပေါ့ ဆရာက ရှမ်းပြည်နယ်လွှတ် တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်သလို ရှမ်းပြည်နယ်လွှတ်တော် တိုင်ကြားစာများ ပြန်လည် စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌဆိုတာ သိရပါတယ်။ ဆရာ တာဝန်ယူနေတဲ့ ဒီကော်မတီရဲ့ အကြောင်း ကို ရှင်းပြပေးပါဦး။
.
စိုင်းမျိုးမြင့်။          ရှမ်းပြည်နယ်လွှတ်တော်မှာ ရေးရာ ကော်မ တီ ၁၀ ခု ရှိတဲ့ထဲက တိုင်ကြားစာများ ပြန်လည် စိစစ်ရေးကော် မတီက တစ်ခု အပါအဝင်ပါ။ ကျွန်တော်တို့ ကော်မတီမှာ အား လုံး ၈ ယောက် ရှိပါတယ်။ ကျွန်တော်တို့က ပြည်သူတွေ မကျေ နပ်တဲ့ တိုင်ကြားစာတွေကို အားလုံးစုပြီးတော့ စိစစ်ရပါတယ်။ တိုင်ကြားစာတွေ ရောက်လာတယ် ဆိုရင် ကွင်းဆင်း စိစစ်ပြီး တော့ မှတ်တမ်း ယူပြီးမှ အကြံပြုချက် သဘောထားတွေ ပြန် တင်ပေးရပါတယ်။
.
ကမ္ဘောဇတိုင်း။      ဆရာက နိုင်ငံရေး အကျဉ်းသားဟောင်း တစ် ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံရေး အကျဉ်းသား ဖြစ် ခဲ့ရပုံလေးကို ပြောပြပေးပါဦး။
.
စိုင်းမျိုးမြင့်။          ၁၉၈၈-၁၉၈၉ လောက်မှာ ရှမ်းပြည်နဲ့ ပတ် သက်တဲ့ အခွင့်အရေး၊ ဖက်ဒရယ် အကြောင်းတွေနဲ့ ပတ်သက် လို့ ကျွန်တော် အဓိက ပြောခဲ့တယ်။ စာတမ်း ထုတ်ပြီး ဖြန့်တယ်။ အဲဒါကို ထောက်လှမ်းရေးက တွေ့သွားတော့ ကျွန်တော့်ကို စစ် ဆေးပြီး ထိန်းသိမ်းလိုက်တယ်။ နောက်တော့ ပုဒ်မ ၅ (ည) နဲ့ ၁၀ နှစ် ချခံခဲ့ရတာပါ။
.
ကမ္ဘောဇတိုင်း။      လက်ရှိ ကော်မတီသက်တမ်း ၅ နှစ်အတွင်း မှာ တိုင်ကြားစာ ဘယ်လောက် လက်ခံရရှိတယ် ဆိုတာရယ်၊ အဲ ဒီ တိုင်ကြားစာတွေထဲမှာ ဘယ်လို အကြောင်းအရာတွေ အများ ဆုံး ပါဝင်တယ်ဆိုတာ သိပါရစေ။
.
စိုင်းမျိုးမြင့်။          အဓိက ကတော့ မြေယာမှု များပါတယ်။ ၉၈ ရာခိုင်နှုန်းလောက် ပါတယ်။ တိုင်ကြားစာ အားလုံး ၂၀၀ နီးပါး တော့ ရှိတယ်။ အဲဒီထဲမှာ ၈၀ ကျော်လောက် စိစစ်ပြီးပြီ။ ၁၀၀ ကျော်လောက် ကျန်ပါတယ်။ ပျဉ်းမျှပေါ့၊ အတိအကျမဟုတ်ဘူး။
.
ကမ္ဘောဇတိုင်း။      ပြည်သူလူထု ကနေပြီးတော့ တိုင်ကြားတဲ့ တိုင်ကြားစာတွေ အပေါ်မှာရော ဖြေရှင်း ဆောင်ရွက်တဲ့ အခါမှာ နှောင့်နှေး ကြန့်ကြာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဘာ ကြောင့် နှောင့်နှေး ကြန့်ကြာနေတာပါလဲ။
.
စိုင်းမျိုးမြင့်။          ကျွန်တော်တို့က ကွင်းဆင်း စိစစ်ပြီး သဘော ထား မှတ်ချက်ကို လွှတ်တော်ဥက္ကဋ္ဌဆီ တင်တယ်။ လွှတ်တော် ဥက္ကဋ္ဌကနေ ရှမ်းပြည်နယ် အစိုးရဆီ တင်တယ်။ ရှမ်းပြည်နယ် အစိုးရက အမှုတွဲနဲ့ ကျွန်တော်တို့ သဘောထား မှတ်ချက်ကို ကြည့်ပြီးတော့ ဆုံးဖြတ်တာပါ။ ဒါပေမဲ့ အရေးကြီးတဲ့ အမှုတွေက ပြန်မကျလာဘူး။ သိပ်အရေးမကြီးတဲ့ အမှုတွေကတော့ ပြန်ကျ လာပါတယ်။ တချို့အမှုတွေဆိုရင် ၅ နှစ်ပြည့်တော့မယ်။ အဖြေ မရသေးဘူး။ ဒီတော့ နှောင့်နှေးတယ်လို့ ပြောလို့ရပါတယ်။ လုပ် တော့ လုပ်နေပါတယ်။

ကမ္ဘောဇတိုင်း။      ပြည်သူလူထုအနေနဲ့ အခက်အခဲ ဖြစ်လာပြီ ဆိုရင် အားကိုးရာ ရှာတဲ့ အနေနဲ့ တိုင်ကြားလာတယ်ပေါ့။ အဲဒီ မှာ ပြည်သူလူထုရဲ့ တိုင်ကြားစာတွေကို တာဝန်ယူစိစစ်ရတဲ့ ဆ ရာတို့ ကော်မတီအနေနဲ့ လက်ရှိ ဆောင်ရွက်ချက်ကို ကျေနပ် အားရမှု ရှိပါသလား။
.
စိုင်းမျိုးမြင့်။          အားတော့ မရဘူး။ အိပ်မက်ထဲမှာ ပြေးနေရ သလို ဖြစ်နေတယ်။ ပြေးတော့ ပြေးနေတယ်။ အရာ မရောက်ဘူး။ ပြည်သူ လူထုကိုလည်း ပွင့်ပွင့်လင်းလင်း ဝန်ခံထားပါတယ်။
.
ကမ္ဘောဇတိုင်း။      ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အနေနဲ့ လက်ရှိ လွှတ်တော်သက်တမ်း အတွင်းမှာ ဆရာ မေးမြန်းခဲ့တဲ့ မေးခွန်းတွေ၊ အဆိုတွေနဲ့ ပတ်သက်လို့ မေးမြန်း ခွင့်၊ တင်သွင်းခွင့် မရတာမျိုး ရှိဖူးပါသလား။
.
စိုင်းမျိုးမြင့်။          အဲဒီလို မေးမြန်းခွင့် မရတာတော့ မရှိပါဘူး။ မေးတဲ့အခါမှာ သိပ် အရေးမကြီးတာတွေကို ဖြေပါတယ်။ အရေး ကြီးတဲ့ ကိစ္စ တချို့ကျတော့ ပြည်ထောင်စုအစိုးရကို တင်ပြပေး ပါမယ်လို့ အကြောင်း ပြန်ပါတယ်။
.
ကမ္ဘောဇတိုင်း။      ဆရာ့ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်တည် မှု၊ ရပ်တည်မှု ပေါ်မှာ ပါတီအနေနဲ့ ဆရာ့ကို လမ်းညွှန်ချက် (Guide Line) ပေးတာမျိုး ရှိပါသလား။
.
စိုင်းမျိုးမြင့်။          ရှိပါတယ်။ ပူးပေါင်း ဆောင်ရွက်တဲ့ လုပ်ငန်း တွေ ပါ။ လွှတ်တော် ခေါ်တယ် ဆိုရင် ကျွန်တော်တို့ က တစ်ရက် ကြို အရောက်လာပြီး ပါတီရုံးမှာ အစည်းအဝေး ထိုင်တယ်။ အဲဒီ မှာ ဘယ်သူ ဘာတင်မယ်ဆိုတာ တင်ပြတယ်။ အကြံဉာဏ် ပေး တယ်။ အဲဒီပေးတဲ့ အကြံဉာဏ်နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက် ကြပါတယ်။
.
ကမ္ဘောဇတိုင်း။      ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဆိုတာ ဒေသတွင်း ပါတီတွေထဲမှာ အင်အားအကြီးဆုံး ပါ တီလို့  ပြောလို့ရပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာကော ပါတီအနေနဲ့ အနိုင်ရရှိမယ်လို့ မျှော်မှန်း ထားပါသလား။
.
စိုင်းမျိုးမြင့်။          ပိုပြီးတော့ တောင်မှ နိုင်မယ်လို့ ထင်ထားပါ တယ်။
.
ကမ္ဘောဇတိုင်း။      လွှတ်တော်ရဲ့ အဓိက တာဝန်က ဥပဒေပြုရေး ပေါ့။ နိုင်ငံရေး လေ့လာသူ တချို့က ဝေဖန်သုံးသပ်ကြတာက တချို့ မေးခွန်းတွေက အရေးမပါဘူး။ အောက်ခြေမှာ ဌာနဆိုင် ရာတွေနဲ့ ညှိနှိုင်းပြီး လုပ်လို့ရတဲ့ အနေအထားမှာ လွှတ်တော် အထိ ယူလာတယ် ဆိုတာမျိုးပေါ့။ အဲဒီအပေါ်မှာ ဆရာ့ရဲ့အမြင် ကို သုံးသပ် ပြောကြားပေးပါဦး။
.
စိုင်းမျိုးမြင့်။          ကျွန်တော် မြင်တာကတော့ သူတို့က တင် သင့်လို့ တင်တာလို့ ထင်ပါတယ်။ အဲဒီလို တင်တဲ့အတွက် လုပ် ငန်း နည်းနည်း အဆင်ပြေသွားတာပေါ့။ တကယ့် အရေးကြီးတဲ့ ကိစ္စဆိုရင်တော့ တင်လို့မရဘူး။ နေပြည်တော်ကို မေးမြန်းပေး ပါမယ် ဆိုတာမျိုး ရှိပါတယ်။ ဘတ်ဂျက်ကလည်း နေပြည်တော် က ခွဲတမ်း ချပေးတဲ့အပေါ်မှာ မူတည်ပြီး လုပ်ပေးပါမယ် ဆိုတာ မျိုး လာပါတယ်။
.
ကမ္ဘောဇတိုင်း။      ရှမ်းပြည်နယ် လွှတ်တော်မှာ ပါတီကြီး ၃ ခု အပြင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ၊ နောက် တခြား ပါတီတွေက ကိုယ်စားလှယ်တွေ ပါဝင်နေတာတွေ့ရပါ တယ်။ အဲဒီလို ပါတီစုံ ပါဝင်နေတဲ့အတွက် လုပ်ငန်းဆောင်ရွက် တဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး ထိန်းကျောင်းမှု ရှိနိုင်လား။ ဒါမှ မဟုတ် အဆင်မပြေတာမျိုး ရှိပါသလား။
.
စိုင်းမျိုးမြင့်။          အဲဒါကတော့ မဲခွဲတဲ့အခါမှာ သိသာပါတယ်။ ရှမ်းပြည်နယ် လွှတ်တော်မှာဆိုရင် ပြည်ခိုင်ဖြိုးနဲ့ တပ်ကိုယ်စား လှယ်က တစ်ဘက်ဖြစ်နေတော့ သူတို့က မဲအများဆုံး ဖြစ်နေ တယ်။ ဒီ‌တော့ မဆုံးဖြတ်နိုင်ဘူး။ ဥပမာ မိုင်းကိုင်က လွှတ်တော် ကိုယ်စားလှယ်က ရှမ်းအမျိုးသားနေ့ကို ရုံးတွေပိတ်ဖို့ အဆို တင်တယ်။ မဲခွဲလိုက်တော့ မနိုင်ဘူး။ ဖြစ်သင့်တဲ့ကိစ္စ ဆိုပေမဲ့ ပြည်ခိုင်ဖြိုးနဲ့ တပ်က ပယ်ချလိုက်တော့ ဘယ်လိုမှ လုပ်လို့ မရ ဘူး။ အလားတူ ကိစ္စတွေ ရှိပါတယ်။
.
ကမ္ဘောဇတိုင်း။      ရှမ်းပြည်နယ်လွှတ်မှာ ပြည်ခိုင်ဖြိုးက တပ် ကိုယ်စားလှယ်နဲ့ ပေါင်းလိုက်ရင် ကျန်တဲ့ ပါတီတွေထက် အများကြီး သာနေတယ်ပေါ။ အဲဒီ အပေါ်မှာကော ဘယ်လိုမျိုး သုံးသပ် ပြောကြားလိုပါသလဲ။
.
စိုင်းမျိုးမြင့်။          လာမယ့် ၂၀၂၀ ကျရင်တော့ နည်းနည်းပြောင်း လဲသွားမလား မသိဘူး။ ပြည်ခိုင်ဖြိုးက အများစု ရထားတာက လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီး စစ်တပ်ကြီးစိုးတဲ့ နေရာ တွေလို့ ထင်တယ်။ အဲဒီနေရာက ပြည်သူတွေ အသိအမြင် ပွင့် လာရင် အဲဒီလို ကိစ္စတွေ နည်းနည်း ရှင်းသွားမယ် ထင်တယ်။ အရင်တစ်ခါလို သူတို့ အများကြီး မနိုင်တော့ဘူးလို့ ထင်ပါတယ်။
.


.
ကမ္ဘောဇတိုင်း။      ရှမ်းပြည်နယ်အတွင်းမှာ ရှိတဲ့ ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင် ဆိုတဲ့ မဏ္ဍိုင်ကြီး ၃ ရပ်က အပြန်အလှန် ထိန်းကျောင်းမှု ရှိနေသလား။ ဒါမှမဟုတ် မဏ္ဍိုင်တစ်ခုကပဲ ကျန်တဲ့ မဏ္ဍိုင်တွေကို လွှမ်းမိုးနေ တယ်လို့ မြင်ပါသလား။
.

စိုင်းမျိုးမြင့်။          တရားရေး မဏ္ဍိုင်ကတော့ သူ့ဘာသာ လွတ် လပ်စွာ ရပ်တည်နေတဲ့ အဖွဲ့အစည်းလို့ ကျွန်တော့်အနေနဲ့ မြင်ပါ တယ်။
.
ကမ္ဘောဇတိုင်း။      တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေ ထဲမှာ ရှမ်းပြည်နယ် လွှတ်တော်က မဲဆန္ဒနယ်အရ အကြီးဆုံး လွှတ်တော် ဖြစ်ပါတယ်။ တချို့ကျတော့ ရှမ်းလွှတ်တော်ရဲ့ စွမ်း ဆောင်ရည်ကို သိပ်ပြီးအားမရတာမျိုး ဝေဖန်ကြတာ ရှိပါတယ်။ အဲဒီအပေါ်မှာ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့၊ ရေးရာ ကော်မတီ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ဆရာ့ရဲ့ အမြင်ကို ပြောပြပေးပါဦး။
.
စိုင်းမျိုးမြင့်။          မစွမ်းဆောင်နိုင်တာ သေချာပါတယ်။ ကျွန် တော်တို့ တစ်ခုတည်းတော့ မဟုတ်ဘူး။ တခြားတိုင်းနဲ့ ပြည်နယ် တွေလည်း ဒီလိုပဲ။ ဘာလို့လဲ ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ခံနေတယ်။ ဖက်ဒရယ်ဆိုတာ နာမည်ပဲ ရှိတယ်။ အဲဒီ ဖက်ဒရယ်ကို ဒီနေ့အထိ အဓိပ္ပာယ် ဖွင့်ဆိုလို့ မရသေးဘူး။
.
ကမ္ဘောဇတိုင်း။      လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေး ကောက်ပွဲ ရလဒ်အရ ပေါ်ပေါက်လာမယ့် ၂၀၂၁ ရှမ်းပြည်နယ် လွှတ်တော်နဲ့ ရှမ်းပြည်နယ် အစိုးရမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်လို တိုင်းရင်းသားပါတီတွေ အားကောင်းပြီး နေရာ ရလာရင် ပြုပြင်ပြောင်းလဲရေး ပိုပြီးတော့ လုပ်ဆောင် နိုင်မလား။
.
စိုင်းမျိုးမြင့်။          သိပ်တော့ မထူးဘူးလို့ ထင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အရ တစ်ပြည်လုံးမှာ NLD က အများဆုံး ဖြစ်တယ်။ ရှမ်းပြည်နယ်မှာ ကျတော့ ပြည်ခိုင်ဖြိုးနဲ့ တပ်က အများဆုံး ဖြစ်နေတယ်။ ဝန်ကြီးချုပ်ကို NLD ရဲ့ သဘောထားအ တိုင်း ခန့်လိုက်တယ်။ ရှမ်းလွှတ်တော်က ဘာမှ ပြောလို့မရဘူး။ ဒီတော့ နဂိုအတိုင်းပဲ ဖြစ်မယ်ထင်ပါတယ်။ သိပ် မထူးနိုင်ပါဘူး။
.
ကမ္ဘောဇတိုင်း။      SNLD ဒုဥက္ကဋ္ဌ (၂) က ၂၀၂၀ ရလဒ် အပေါ် မူတည်ပြီး အောင်နိုင်မှုအရ ဖြစ်စေ၊ ပါတီချင်း မဟာမိတ်သ ဘောမျိုးဖြစ်စေ ပြည်နယ်ဝန်ကြီးချုပ်တို့၊ ပြည်ထောင်စုဝန်ကြီး တို့ ကမ်းလှမ်းလာရင် လုပ်ဖို့ အစီအစဉ် ရှိတယ်လို့ ပြောဆိုထား တာ ရှိပါတယ်။ အကယ်၍ အဲဒီလို ကမ်းလှမ်းလာလို့ SNLD ပါတီ က ရှမ်းပြည်နယ် ဝန်ကြီးချုပ် နေရာမျိုး ရရှိခဲ့ရင် ပြုပြင် ပြောင်းလဲရေးက ပိုအဆင်ပြေနိုင်မလား။
.
စိုင်းမျိုးမြင့်။          အဆင် မပြေနိုင်သေးဘူး။ ၂၀၀၈ က ရှိနေ သေးတယ်။ ဝန်ကြီးချုပ်လည်း မရနိုင်ဘူး ထင်ပါတယ်။ ဥပမာ ရခိုင်ပြည်နယ်မှာ အများစုက ရခိုင် ပါတီနိုင်တယ်။ ဝန်ကြီးချုပ် ကျတော့ NLD ရဲ့ သဘောထား အတိုင်းပဲ ခန့်သွားတာပါ။
.
ကမ္ဘောဇတိုင်း။      အဓိကကတော့ အဟန့်အတားက ၂၀၀၈ အ ခြေခံဥပဒေလို့ ဆိုရမှာပေါ့။
.
စိုင်းမျိုးမြင့်။          ဟုတ်ပါတယ်။ ဖက်ဒရယ်စစ်စစ်ရဲ့ အနေနဲ့ မပြောင်းလဲ နိုင်သေးတော့ ဒီအတိုင်းပဲ သွားမယ်။
.
ကမ္ဘောဇတိုင်း။      ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတစ်ခု တည်ထောင်ဖို့ အဓိကက ဘာလိုအပ်မယ်လို့ ထင်ပါသလဲ။
.
စိုင်းမျိုးမြင့်။          အချိန်လိုအပ်မယ်လို့ ထင်ပါတယ်။ ဘာလို့ လဲ ဆိုတော့ ဟိုဘက်ကလည်းမလျှော့၊ ဒီဘက်ကလည်း မ လျှော့ဘူး။ ပစ်တာခတ်တာတွေလည်း မလျှော့နိုင်သေးဘူး ဖြစ် နေတယ်။
.
ကမ္ဘောဇတိုင်း။      လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဒုတိယ ရှမ်းပြည်နယ် လွှတ်တော်ထဲ သက်တမ်းအတွင်း ဆောင် ရွက်ခဲ့တဲ့ထဲက ကြီးကြီးမားမား ဆောင်ရွက်ချက်ကို ပြပါဆိုရ်င ဘာဖြစ်မလဲ။
.
စိုင်းမျိုးမြင့်။          ကျွန်တော်ကတော့ တိုင်ကြားစာ ကော်မတီ ဥက္ကဋ္ဌ ဆိုတော့ တိုင်ကြားစာနဲ့ ပတ်သက်လို့ ပြောချင်တယ်။ ပထမအကြိမ် လွှတ်တော်သက်တမ်း တုန်းက တိုင်ကြားစာနဲ့ ပတ်သက်လို့ မလှုပ်ရှားဘူး။ ကျွန်တော်တို့ လှုပ်ရှားတယ်။ လူ ထုနဲ့ တွေ့တယ်။ ခရီးရောက်တာ မရောက်တာထက် ပြည်သူလူ ထုကလည်း ကျွန်တော်တို့ကို သိလာတယ်။ လွှတ်တော်ကို သိ လာတယ်။ ပြည်သူလူထုကလည်း လွှတ်တော်ကို မျှော်လင့်လာ တယ်။ အဲဒါကတော့ တက်လာပါတယ်။
.
ကမ္ဘောဇတိုင်း။      ရှမ်းပြည်နယ် လွှတ်တော်ကို ပြီးပြည့်စုံတဲ့ လွှတ်တော်တို့ မြင်လား။
.
စိုင်းမျိုးမြင့်။          မမြင်ဘူး။ လုံးဝ မမြင်ဘူး။ အဲဒီ မေးခွန်းက မေးစရာ မလိုတဲ့ မေးခွန်း ဖြစ်နေတယ်။
.
ကမ္ဘောဇတိုင်း။      တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အ များစုက မီဒီယာတွေနဲ့ ဆက်ဆံရေး ပြေလည်ကြတာ များပါ တယ်။ ရှမ်းလွှတ်တော်မှာ ကျတော့ သတင်းရယူခွင့်က အစ အ ဆင်မပြေဘူး။ နောက်ပြီး ကမ္ဘောဇတိုင်း အနေနဲ့ နှစ်စဉ်မဏ္ဍိုင် ကြီး ၃ ရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်က ပြည်နယ်ဝန်ကြီးချုပ်၊ တရားစီရင်ရေး မဏ္ဍိုင်က ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ ဥပဒေပြုရေး မဏ္ဍိုင်က ရှမ်းပြည်နယ်လွှတ် တော် ဥက္ကဋ္ဌတို့ကို တွေ့ဆုံမေးမြန်းဖို့ လုပ်တဲ့အခါမှာ ကျန်တဲ့ မဏ္ဍိုင်ကြီး ၂ ရပ်က အကြီးအကဲတွေက ဖြေကြားပေးတယ်။ ရှမ်းလွှတ်တော်မှာကျတော့ စာ တင်ထားရင်တောင်မှ အကြောင်း ပြန်ကြားပေးတာ မရှိဘူး။ ဘာကြောင့်လို့ ထင်ပါသလဲ။
.
စိုင်းမျိုးမြင့်။          နဂို‌ရှေးရိုးစွဲ မလုပ်မရှုပ် မပြုတ်တွေ နည်း နည်း ကျန်နေတယ်လို့ ထင်ပါတယ်။ ဖြေလို့ တစ်ခုခု ဖြစ်တယ် ဆိုရင် ပြဿနာ တစ်ခုခု ဖြစ်သွားမှာစိုးလို့လားတော့ မသိဘူး။
.
ကမ္ဘောဇတိုင်း။      မေးတဲ့ မေးခွန်းထဲမှာ မပါဘဲ ဆရာ့အနေနဲ့ ဖြည့်စွက် ဖြေကြားလိုတာရှိရင် ပြောပေးပါဦး။
.
စိုင်းမျိုးမြင့်။          ကျွန်တော်တို့အားလုံး မျှော်မှန်းနေတာက တော့ ရည်မှန်းချက်က လုံးဝ အခြေမချနိုင်သေးဘူး ထင်တယ်။ အသံပဲ ကြားရသေးတယ်။ ကျွန်တော်တို့ ခေတ်က ဆိုရင် ဖက် ဒရယ် ဆိုတဲ့ စကားလုံး ပြောဖို့ တော်တော်ခက်တယ်။ အခုကျ တော့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးက တော်တော်လေး ရေပန်း စားလာတယ်။ အမြဲသုံးတဲ့ စကားတောင် ဖြစ်လာတယ်။ တက် တော့ တက်လာတယ် ပြောရမှာပေါ့။ ရှေ့လျှောက် ဆက်တက် ဖို့ကတော့ အဟန့်အတားတွေ အများကြီး ရှိပါ‌သေးတယ်။ အဲ ဒါကို ဆက်ပြီးတော့ ကြိုးစားရဦးမယ်။
.
ကမ္ဘောဇတိုင်း။      မကြာခင်မှာ  ရွေးကောက်ပွဲ လုပ်တော့မယ် ဆိုတော့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အနေနဲ့ မဲဆန္ဒရှင် ပြည်သူတွေကို တစ်ခုခု ပြောကြားပေးပါဦး။ မဲဆန္ဒပေးမယ့် မဲ ဆန္ဒရှင် ပြည်သူတွေကို Messages ပေး ပေးပါဦး။
.
စိုင်းမျိုးမြင့်။          ပြည်နယ်တွေကလည်း တော်တော်လေး အ သိတွေ ပွင့်လာပြီ။ ကိုယ့်ပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသားပါတီ တွေကိုပဲ မဲပေးကြပါ ဆိုတဲ့ စကားလုံးက ခေတ်စားလာတယ်။ ကျွန်တော်လည်း အဲဒီလိုပဲ ပြောကြားလိုပါတယ်။ အဲဒါမှ ကိုယ့် ကြမ္မာကို ဖန်တီးနိုင်ဖို့ အလားအလာ ရှိမှာပါ။ ပါတီကြီးတွေနဲ့ သွားပေါင်း လုပ်တဲ့ အခါကျတော့ ကိုယ့်ကို ပြန်ကြည့်ဖို့ မအား ကြဘူးလို့ မြင်ပါတယ်။
.
ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းမျိုးမြင့်သည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကာလက ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ် အနေဖြင့် မိုးနဲမြို့နယ်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရ သူဖြစ်ပြီး လက်ရှိတွင် ရှမ်းပြည်နယ်လွှတ်တော် တိုင်ကြားစာ များ ပြန်လည် စိစစ်ရေး ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင်နေသူလည်း ဖြစ်သည်။
.
စိုင်းမျိုးမြင့်သည် ၁၉၉၀ ပြည့်နှစ်တွင် ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်မှ စတင်၍ လွိုင်လင်မြို့နယ် SNLD ပါတီ ဒုတိယဥက္ကဋ္ဌ အဖြစ် တာ ဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats