စိုင်းကျော်မောင်
.
ရုရှား၏ ဒုံးပျံနည်းပညာကို အစားထိုးနိုင်မည့် နည်းပညာရှာ ဖွေသည့်
အမေရိကန် လေတပ်၏ ဒေါ်လာပေါင်း ဘီလီယံများ စွာ တန်ဖိုးရှိသော လုပ်ငန်းစာချုပ်အတွက် ကုမ္ပဏီကြီးများက
အကြိတ်အနယ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ၂၀၂၀ ပြည့်နှစ် သြ ဂုတ်လ ၁၇ ရက်တွင် အမေရိကန်
လေတပ်မှ အီလွန်မစ် (Ekon Musk) ဦးဆောင်သော Space X Co; မှ ယှဉ်ပြိုင်သည့် Falcon ဒုံးပျံများကို
ရွေးချယ်ကြောင်း ကြေညာခဲ့သဖြင့် လေတပ်၏စာ ချုပ်ရရှိရန် ယှဉ်ပြိုင်ပွဲ အစောပိုင်းကာ၌
အီလွန်မစ်၏ Space X မှအသာစီးရရှိထားသည်ဟု
SKY Interret ၏ဆောင်းပါးတစ် ပုဒ်တွင် ရောဘတ်တေလာက ဝေဖန်သုံးသပ်ထားသည်ကို တွေ့ရှိရသည်။
.
အီလွန်မစ်နှင့် ဂျက်ဖ်ဘီဇောမ့်တို့၏ ပြိုင်ပွဲ
ဘီလီယံနာ ဂျက်ဖ်ဘီဇောမ့် ဦးဆောင်သည့် Blue Origin Co သည် လေတပ်ကြေညာသည့်
အနိုင်ရကုမ္ပဏီ ၂ ခုစာရင်း တွင် မပါဝင်သောကြောင့် CEO ဖြစ်သူ ဘောဘ့်စမစ်က လေ တပ်၏ ဆုံးဖြတ်ချက်အပေါ်
စိတ်ချရကြောင်း မိမိတို့ ကုမ္ပဏီ ဘက်မှ စာချုပ်အတွက် ဆွဲဆောင်မှုရှိသည့် အချက်များကမ်း
လှမ်းခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အများပြည်သူ ထမ်း ဆောင်ထားသည့် အခွန်ဘဏ္ဍာငွေ
ဒေါ်လာဘီလီယံနှင့်ချီသည့် တန်ဖိုးရှိသော အာကာသ စူးစမ်းလေ့လာရေး လုပ်ငန်းအတွက် ကမ္ဘာကျော်
ဘီလီယံနာ သူဌေးကြီး ၂ ဦး၏ ပြိုင်ပွဲသည် ပိုမိုပြင်း ထန်လာကြောင်း အီလွန်မစ်နှင့် ဂျက်ဖ်ဘီဇောမ့်တို့၏
ပြိုင်ပွဲသည် ရှေ့လာမည့် နှစ်ပေါင်းများစွာထိ ရှိနေမည်ဖြစ်ကြောင်း၊ အာကာ သစူးစမ်းလေ့လာမှုဆိုင်ရာ
ရင်းနှီးမြှုပ်နှံမှုတွင် ဖက်စပ်ပါဝင်သူ တစ်ဦး၏ ပြောစကားကို ကိုးကား၍ Forbes စာစောင်တွင်
ပြသ ထားသည်။
.
လုပ်ငန်းအဆင့် ၂ Phase-2
မပ်၏ Space X ကုမ္ပဏီနှင့် United Laurch Alliance (ULA) ကုမ္ပဏီတို့သည်
Lord Hidmardin ကုမ္ပဏီ၊ Boine ကုမ္ပ ဏီတို့နှင့် ဖက်စပ်လုပ်ငန်းအဖြစ် အမျိုးသားလုံခြုံရေး
အာကာ သတွင်း လွှင့်တင်မှုဆိုင်ရာ ဝန်ဆောင်မှုပေးသည့် ကန်ထရိုက် စာချုပ် ၂ ခု ရရှိထားသည်။
ထိုစာချုပ် ၂ ခု၏ တန်ဖိုးသည် ဒေါ် လာ ၆၅၃ သန်းရှိပြီး ၂၀၂၂ ခုနှစ်မှ စတင်၍ အာကာသတွင်း
လွှင့်တင်သည့် ဝန်ဆောင်မှုကို ၅ နှစ်တာ ဖန်တီးပေးရမည်ဖြစ် သည်။ ထိုစာချုပ်အရ ULA ကုမ္ပဏီမှ
၆၀ ရာခိုင်နှုန်း၊ Space X ကုမ္ပဏီမှ ၄၀ ရာခိုင်နှုန်းဖြင့်
လုပ်ငန်း အဆင့် ၂ Phase 2 သည် ကာကွယ်ရေးဌာနနှင့် အမျိုးသားအဆင့် ကင်းထောက်လုပ်ငန်း
ရုံးအတွက် အာကာသတွင်း လွှင့်တင်မှုလုပ်ငန်း ၃၀ ခန့် ဆောင် ရွက်ပေးရန်ရှိသည်။
.
၂၀၁၄ ခုနှစ်တွင် ရုရှားမှ ကရိုင်းမီးယားကျွန်းဆွယ်ကို သိမ်း ပိုက်ပြီး
နောက်၌ ရုရှားထံမှ စက်မှုလုပ်ငန်းဆိုင်ရာ ပစ္စည်းများ တင်သွင်းမှုများ ရပ်ဆိုင်းမည်ဟု
အမေရိကန် ပြည်ထောင်စုမှ ခြိမ်းခြောက်ခဲ့သည်။ ၂ နိုင်ငံအကြား တင်းမာမှုများ တိုးမြင့်လာ
သဖြင့် အာကာသခရီးစဉ်များတွင် ရုရှားဒုံးပျံမှ အသုံးပြုမှုများ ရပ်တန့်ခဲ့ရသည်။ ၂၀၁၆
ခုနှစ် ဇွန်လတွင်း လွှတ်တော်အတည်ပြု ချက်ဖြင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နောက်ပိုင်းတွင်
အမေရိကန် ကာကွယ်ရေးဌာနမှ ရုရှားနိုင်ငံ Atlas -5 ဒုံးပျံများ ဝယ်ယူခွင့် မပြုတော့သဖြင့် အာကာသတွင်းလေ့လာမှု၊
ခရီး သွားမှုနှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းရှင် ဘီလီယံနာ၊ ကုဋေကြွယ်သူဌေးများဖြစ်သည့်
အီလွန်မင်နှင့် ဂျက်ဖ်ဘီဇောမ့် ကဲ့သို့သော ပုဂ္ဂိုလ်များအတွက် အခွင့်အလမ်းသစ်များ ပေါ်
ထွက်လာခဲ့သည်။ မပ်နှင့်ဘီဇောမ့်တို့ ၂ ဦးသည် အာကာသအ တွင်း ခရီးသွားမည့် ဒုံးပျံထုတ်လုပ်မှု
လုပ်ငန်းများသည် စဦးတီ ထွင်သူများအဖြစ် ကဏ္ဍသစ်များစွာဖွင့်လှစ်လျက်ရှိသည်။
.
.
စဦးတီထွင် လုပ်ငန်းရှင်များ
အမေရိကန်အစိုးရအဖွဲ့အောက်ရှိ အာကာသစူးစမ်းလေ့ လာရေး ဌာနသည် အာကာသတွင်း
စီးပွားရေးလုပ်ငန်းများ လုပ်ရန်စိတ်ဝင်စားသည့် စဦးတီထွင် လုပ်ငန်းရှင်များအပေါ် တစ်စိတ်တစ်ဒေသ
မှီခိုခြင်းဖြင့် အသုံးစရိတ် လျှော့ချရန် ကြိုး ပမ်းလာကြသည်။ လေတပ်စာချုပ် တင်ဒါရသွားသော
ကုမ္ပဏီ စာရင်း ကြေညာခဲ့သည်။ လေတပ်အတွက် ပစ္စည်းဝယ်ယူရေး ဆိုင်ရာ လက်ထောက်အတွင်းရေးမှူး
ဒေါက်တာဝီလီယံရိုပါ၏ မှတ်ချက်တွင် အာကာသတွင်း လွှင့်တင်သည့် လုပ်ငန်းဈေး ကွက် အတွင်း၌
ပြိုင်ဆိုင်မှု ရှိရန် ထိန်းသိမ်းထားခြင်းဖြင့် အစိုး ရအဖွဲ့အပြင် ဝန်ဆောင်မှုအတွက်
ငွေပေးသုံးစွဲမှုများကိုပါ အ ကျိုးရှိကြောင်း၊ ထိုနည်းလမ်းဖြင့် အာကာသတွင်း သွားလာနိုင်
မည့် ဆန်းသစ်တီထွင်မှုများကို အားပေးနိုင်ကြောင်း ဖော်ပြထား သည်။ ထိုစာချုပ်ဖြင့် အာကာသတွင်း
လွှင့်တင်မှုသည် ရုရှား လုပ် RD-180 အင်ဂျင်များကို အသုံးပြုခြင်းမပြုဘဲ အမေရိကန် ပုဂ္ဂလိကကုမ္ပဏီထုတ်
အင်ဂျင်များဖြင့် ပြောင်းလဲဆောင်ရွက် မည့် ကာလသစ်တစ်ခု စတင်နိုင်ခဲ့ပြီဟူ၍လည်း ဒေါက်တာရိုပါ
က မှတ်ချက်ချခဲ့သည်။
.
အာကာသတွင်း လွှင့်တင်မှုလုပ်ငန်း
ယခုစာချုပ်မရခဲ့သောကြောင့် ဘီဇောမ့် Blue Origin အ တွက် လုပ်ငန်းသည်
အနှောင့်အယှက် ဖြစ်ခဲ့သော်လည်း ရှေ့ လာမည့် နှစ်အနည်းငယ်အတွင်း၌ အာကာသတွင်း လွှင့်တင်မှု
လုပ်ငန်းဈေးကွက်သည် ဘီဇောမ့်၏ Blue Origin နှင့် မပ်၏ Space X တို့သည် ကဏ္ဍများစွာ၌
အကြိတ်အနယ် ယှဉ်ပြိုင်ကြ ရဖွယ်ရှိသည်ဟု လန်ဒန်အခြေစိုက် အာကာသတွင်း ဂေဟစနစ် ဆိုင်ရာ
ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံသူ ဂျိမ်းဘလူအက်ဂါက ကောက်ချက်ချသည်။ ကုမ္ပဏီ ၂ ခုစလုံးက
ကမ္ဘာအနှံ့အပြား တွင် Broad band ချိတ်ဆက်မှုဖြင့် ဝန်ဆောင်မှုပေးရန် ဆက် သွယ်ရေးဂြိုလ်တုများ
ရာချီလွှင့်တင်နေကြသဖြင့် မပ်နှင့်ဘီ ဇောမ့်တို့၏ ပြိုင်ဆိုင်မှုကို လာမည့်နှစ်ပေါင်းများစွာ၌
တွေ့မြင် နေကြရမည် ဟူ၍လည်း မစ္စတာဘရှုအက်ဂါက သုံးသပ်ပြထား သည်။ ULA ကုမ္ပဏီသည် ခိုင်မာတောင့်တင်းစွာ
ထူထောင်ဖွဲ့ စည်းထားသည့် ကုမ္ပဏီဖြစ်ပြီး လောခ့်ဟိဒ်မာတင် ကုမ္ပဏီ၊ ဘိုအင်းကုမ္ပဏီ
စသည်များနှင့်လည်း ဆက်သွယ်မှုရှိသဖြင့် စာ ချုပ်ရရှိသွားသော်လည်း အံ့သြနိုင်ဖွယ်ရာ
ကင်းမဲ့နေခြင်းကြောင့် စဦးတီထွင် လုပ်ငန်းရှင် ဘီလီယံဌာနများစာရင်း၌ အသစ်ဖြစ် နေသော
ဘီလွန်မပ်၏ Space X ရသွားခြင်းအပေါ် အံ့သြသူ များလည်း ရှိနေသည်။ စာချုပ်ရသည့် ကုမ္ပဏီ
၂ ခုပြိုင်ဆိုင်ရ မည်ဖြစ်၍ ဆုံးရှုံးနစ်နာနိုင်သော အလားအလာလည်း ရှိသည် ဟု မစ္စတာဘရှုအက်ဂါမှ
ယူဆထားကြောင်း ဖော်ပြထားသည်။
.
တင်ဒါအောင်မြင်သွားခြင်း အကြောင်းရင်း
လက်ရှိအနေအထားသည် အစိုးရ၏ လုပ်ငန်းများစွာအား အောင်မြင်မှု အစုစုဖြင့်
နှစ်ပေါင်းများစွာ အကောင်အထည်ဖော် ပေးနိုင်ခဲ့သဖြင့် Space X ကုမ္ပဏီသည် Blue
Origin ကုမ္ပဏီနှင့် နှိုင်းယှဉ်လိုက်ပါက ပိုမိုခိုင်မာသည်ကို တွေ့ရှိရသည်။ Space
X သည် အမေရိကန် အာကာသ ယာဉ်မှူးများကို အာကာသ စခန်းသို့ များစွာပို့ဆောင်ပေးနိုင်သည့်
သမိုင်းမှတ်တိုင်သစ် အ ဖြစ်လည်း ရယူထားနိုင်ခဲ့သည်။ မကြာသေးမီကာလက Space X သည် ကမ္ဘာ့အပြင်ဘက်
အာကာသတွင်းသို့ ခရီးသည်ပို့ ဆောင်ရေး စီးပွားဖြစ်လုပ်ငန်းကို နိဒါန်းအစပြုလုပ်ဆောင်နိုင်
ခြင်းသည်လည်း Space X ကုမ္ပဏီသည် လေတပ်စာချုပ်တင်ဒါ အောင်မြင်သွားရခြင်း၏ အကြောင်းရင်းတစ်ရပ်လည်း
ပါဝင် ပတ်သက်နေသည်ဟူ၍လည်း NASA က သုံးသပ်ထားသည်။
.
Space X ၏ရှေ့ခရီးစဉ်
Blue Origin ကုမ္ပဏီ၏ New Glenn ဒုံးပျံသည် BE-4 အင်ဂျင်များ
တပ်ဆင်ထားပြီးလေးလံသည့် ပစ္စည်းများကို ကောင်းစွာ တင်ဆောင်နိုင်သည့်ပြင် အခြေခံလွှင့်တင်သည့်
ဝန်ဆောင်မှုတစ်ခုအတွက် ဈေးနှုန်းသည် ယှဉ်ပြိုင်နိုင်စွမ်းရှိ သ ကဲ့သို့ ဈေးကစားရာတွင်
ကျွမ်းကျင်လှသည်ကို တွေ့ရှိရသည်။ ကုမ္ပဏီ၏ BE-4 အင်ဂျင်နည်းပညာကို ULA ကုမ္ပဏီ၏ လွှင့်
တင်မှု၌ အသုံးပြုနေကြောင်း ရှင်ပြထားသည်။ စာချုပ်ရရှိသွား သည့် Space X ကုမ္ပဏီသည်
Falcon-9 နှင့် Falcon Heary ဒုံးပျံများကို ရှေ့ခရီးစဉ်တွင် ဆက်လက်တည်ဆောက်သွားမည် ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ကလည်း
NASA သည် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် စတင်လွှင့်တင်မည်ဖြစ်ကြောင်း ရည်ရွယ်ထားချက်ကို
ကြေညာခဲ့သည်။ ယင်းရည်ရွယ်ချက် သည် Psyahe စီမံချက်ဖြစ်ပြီး အာကာသတွင်း လွှင့်တင်ရေး
ဝန်ဆောင်မှုများအတွက် Space X ကုမ္ပဏီအားရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထို Psyche စီမံချက်သည်
သတ္တုဓာတ်များကြွယ်ဝ သည့် ဂြိုလ်ငယ် Psyche အကြောင်း လေ့လာရန်ဖြစ်သည်။ ထိုဂြိုလ်ငယ်သည်
နေစကြာဝဠာ၏ တည်ဆောက်မှု အခြေ ခံကျသည့် အစိတ်အပိုင်းဖြစ်ပြီး ထူးခြားဆန်းကြယ်မှုများဖြင့်
ပြည့်နှက်နေသည်။ Space X ကုမ္ပဏီအား Psyche စီမံချက်အ တွက် ဒေါ်လာ ၁၁၇ သန်း ပေးအပ်မည်ဟု
NASA က အတည် ပြု လက်မှတ်ရေးထိုးထားကြောင်းကိုလည်း ဖော်ပြထားပေသည်။