စိုင်းကျော်မောင်
.
ရုရှားသည် ၁၁-၈-၂၀၂၀ ရက်နေ့တွင် COVID-19 ရောဂါ ကာကွယ်ဆေး ဖော်စပ်မှုအောင်မြင်ကြောင်း
အတည်ပြုသည့် ကမ္ဘာ့ပထမဆုံးသော နိုင်ငံဖြစ်လာခဲ့သည်။ သို့သော် အဆိုပါ ကာကွယ်ဆေးကို လူဦးရေအနည်းငယ်ခန့်တွင်သာ
စမ်းသပ် ထိုးနှံခဲ့သည်ဖြစ်ရာ ရုရှားအစိုးရ၏ အဆိုပါကြေညာချက်ကို ကမ္ဘာ့နိုင်ငံများစွာက
ဝမ်းသာအားရ ကြိုဆိုခြင်းမရှိကြဘဲ သံသ ယများဖြင့်သာ ဆက်လက်စောင့်ကြည့် အကဲခတ်နေကြသည်။
.
ဂုဏ်ယူဝင့်ကြွားစွာဖြင့်
ရုရှားသမ္မတ လာဒီပူတင်က COVID-19 ကာကွယ်ဆေး ကို ကျန်းမာရေးဝန်ကြီးဌာနက
အတည်ပြု ပေးလိုက်ပြီဖြစ် ကြောင်း၊ မိမိ၏ သမီးတစ်ဦးပင်လျှင် ထိုကာကွယ်ဆေးကို ထိုး နှံလိုက်ပြီဖြစ်ကြောင်း
ဂုဏ်ယူဝင့်ကြွားစွာ ကြေညာသည်။ ကာ ကွယ်ဆေး၏ အာနိသင်ထိရောက်မှုနှင့် ဘေးကင်းလုံခြုံမှု
စိတ် ချရမှုများအတွက် လိုအပ်သော စမ်းသပ်မှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ရာ COVID-19 ရောဂါကို
ကာလရှည်ကြာစွာ ကာကွယ်ပေး နိုင်စွမ်းရှိကြောင်း တွေ့ရသည်ဟု ပူတင်ကပြောဆိုခဲ့သည်။ သို့
သော် ရုရှားအာဏာပိုင်များသည် ကာကွယ်ဆေးဖော်စပ်အောင် မြင်ကြောင်း သက်သေအထောက်အထား ပြနိုင်သည့်
စမ်းသပ် မှုရလဒ်များကို ထုတ်ဖော်ပြသခြင်း မရှိသေးချေ။
.
`ကာကွယ်ဆေးက အာနိသင် ထက်မြက်ပြီးတော့ ရောဂါမ ကူးစက်အောင် ကာလရှည်ကာကွယ်ပေးနိုင်တယ်လို့
ကျွန် တော်သိရပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ တစ်ကမ္ဘာလုံးအတွက် အင်မတန် အရေးကြီးတဲ့
ဒီကာကွယ်ဆေး ဖော်စပ်ပေးခဲ့တဲ့ ပ ညာရှင်တွေကို ကျွန်တော်တို့ ကျေးဇူးတင်ရပါလိမ့်မယ်`ဟု
ပူ တင်က ရဲရဲဝင့်ဝင့် ပြောကြားခဲ့သည်။
.
စမ်းသပ်မှု အဆင့် ၃ ဆင့်
သို့သော် ရုရှားအပါအဝင် ကမ္ဘာ့နိုင်ငံများမှ သိပ္ပံပညာရှင် များက
နောက်ဆုံးအဆင့် စမ်းသပ်မှုများ လုပ်ဆောင်မှုမပြုဘဲ ကာကွယ်ဆေးတစ်မျိုးကို သုံးစွဲရန်
အတည်ပြုပေးလိုက်ခြင်း သည် အန္တရာယ်ကြီးမားလှသည်ဟု သုံးသပ်ကြသည်။ ဆေးပ ညာလောကတွင် အဆင့်
၃ စမ်းသပ်မှု ခေါ်တွင်သော အဆိုပါ နောက်ဆုံးအဆင့် စမ်းသပ်မှုတွင် ကာကွယ်ဆေးကို အရေအ
တွက် သောင်းနှင့်ချီသည့် လူသားများ၌ စမ်းသပ်ထိုးနှံပေးရ သည့် အဆိုပါစမ်းသပ်ခံ လူသားများကို
လနှင့်ချီပြီး စောင့်ကြည့် ရကာ မိမိစိတ်တိုင်းကျ၍ သေချာမှသာ ကာကွယ်ဆေးအဖြစ် အတည်ပြု
သတ်မှတ်ပေး ရပေမည်။ ဘေးထွက်ဆိုးကျိုးကင်းမဲ့ ပြီး ယုံကြည်စိတ်ချရသည့် ရောဂါကာကွယ်ဆေး
တစ်မျိုးချင်း ရရှိရန် အဆိုပါ အဆင့် ၃ ကို မလွဲမသွေဖြတ်ကျော် ကြရမည် ဟု ပညာရှင်များက
ပြောဆိုကြသည်။
.
အမေရိကန်တွင် အလားအလာရှိသော ကာကွယ်ဆေးကို အဆင့် ၃ စမ်းသပ်မှု ပြုလုပ်ပါက
လူပေါင်း ၃ သောင်းထက်မ နည်းတွင် စမ်းသပ်ထိုးနှံထားရမည်ဟု စည်းမျဉ်းများ သတ်မှတ် ထားသည်။
အမေရိကန်၌ ဖော်စပ်ပြီး အလားအလာရှိသော ကို ဗစ်ကာကွယ်ဆေး ၂ မျိုးသည် အဆင့် ၃ စမ်းသပ်မှုကို
စတင် လုပ်ဆောင်နေပြီဖြစ်သည်။ ထပ်မံ၍ကာကွယ်ဆေး ၃ မျိုးသည် လည်း မကြာမီတွင် အဆင့် ၃ စမ်းသပ်မှု
လုပ်ဆောင်တော့မည် ဖြစ်သည်။
.
`သေသေချာချာ မစမ်းသပ် မစိစစ်ရသေးဘဲ အတည်ပြု ပေးလိုက်တဲ့ ရုရှားရဲ့
ကိုဗစ်ကာကွယ်ဆေးကို ဘယ်ပညာရှင်က မှ ယုံကြည်မှာ မဟုတ်ပါဘူး။ ရုရှားရဲ့ ကိုဗစ်ကာကွယ်ဆေးကို
ထိုးနှံတဲ့သူတွေမှာ မလိုလားအပ်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရ နိုင်ပါတယ်။`ဟု ရုရှားဓာတ်ခွဲစမ်းသပ်မှု
အဖွဲ့အစည်းများအ သင်းချုပ်က ကြေညာချက်ထုတ်ပြန်သည်။
.
ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြုပေးလိုက်ပြီဖြစ် သော ကိုဗစ်ကာကွယ်ဆေးအား
ပမာဏအလုံးအရင်းလိုက် ထုတ်လုပ်မှုကို လာမည့်စက်တင်ဘာလ ဒုတိယပတ်မတိုင်မီ တွင် စတင်နိုင်မည်
မဟုတ်သော်လည်း ဆရာဝန်များကို ယခု လကုန်ပိုင်းတွင်ပင် စတင်ထိုးနှံပေးတော့မည်ဟု ရုရှားဒုတိယ
ဝန်ကြီးချုပ် ဂိုလီကိုဗာက ပြောဆိုခဲ့သည်။ ကာကွယ်ဆေး ထိုး နှံသော ဆရာဝန်များ၏ အခြေအနေကို
ဆက်လက်စောင့်ကြည့် သွားမည်ဖြစ်ကာ အစောဆုံးအနေဖြင့် အောက်တိုဘာလတွင် ပြည်သူများကို ထိုးနှံပေးသွားမည်ဟု
ရုရှားအာဏာပိုင်များက ပြောဆိုသည်။
.
.
`မကြာမီလပိုင်းအတွင်းမှာ သောင်းနဲ့ချီတဲ့ စေတနာ့ဝန် ထမ်းတွေကို
ကာကွယ်ဆေး ထိုးပေးနိုင်မယ်လို့ မျှော်လင့်ထား ပါတယ်။`ဟု ကာကွယ်ဆေး ဖော်စပ်ရန် ငွေကြေးထောက်ပံ့ခဲ့
သော ရုရှားအစိုးရ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၏ အမှုဆောင် ချုပ် ဒမီထရီယတ်က
မီဒီယာများနှင့် ဆွေးနွေးပွဲ၌ ထုတ်ဖော်ခဲ့ သည်။
.
ပုံပြောင်းခြင်း
မြို့တော် မော်စကိုရှိ ဂါမာလေယာ အင်စတီကျူ့သည် ရု ရှားကာကွယ်ရေး
ဝန်ကြီးဌာန၏ အကူအညီဖြင့် ကာကွယ်ဆေး ကို ဖော်စပ်ခဲ့သည်။ သာမန်အအေးမိရောဂါ ဖြစ်စေသော
ဗိုင်း ရပ်စ်တစ်မျိုးကို ပုံပြောင်းပြုပြင်ကာ ကိုဗစ် ၁၉ ရောဂါ ကာကွယ် ဆေးအဖြစ် ဖော်စပ်ခဲ့ခြင်းဖြစ်သည်။
ဗြိတိန်မှ အောက်ဖိုဒ့်တက္က သိုလ် အပါအဝင် ကိုဗစ်ကာကွယ်ဆေး ဖော်စပ်နေကြသည့် အ ခြားသော
အဖွဲ့အစည်းများသည်လည်း ဗိုင်းရပ်စ်အား ပုံပြောင်း ပြုပြင်သည့် နည်းလမ်းကိုပင် အသုံးပြုနေကြသည်။
အောက်ဖိုဒ့် တက္ကသိုလ်၏ အလားအလာ ရှိသော ကာကွယ်ဆေးသည် တိရစ္ဆာန်နှင့် လူသားများ၌ ကနဦးအဆင့်
စမ်းသပ်ထိုးနှံမှု ရလဒ်များ ကို ပွင့်လင်းစွာ ထုတ်ပြန်ပြသခဲ့ပြီးဖြစ်သော်လည်း ရုရှား၏
ကာ ကွယ်ဆေးသည် ထိုကဲ့သို့ ထုတ်ပြန်ပြသနိုင်ခြင်း မရှိခဲ့ချေ။
.
ကာကွယ်ဆေးကို ရုရှားကျန်းမာရေးဌာနက အတည်ပြု လိုက်ပြီ ဖြစ်သော်လည်း
ယူအေအီး၊ ဆော်ဒီ၊ ဖိလစ်ပိုင် စသည့် ကမ္ဘာ့နိုင်ငံများ၌ အဆင့်မြင့်စမ်းသပ်ထိုးနှံမှုများ
ပြုလုပ်သွား မည်ဟုလည်း ဒမီထရီယတ်က ပြောဆိုခဲ့သည်။ အဆိုပါ ပြော ဆိုချက်အရ ရုရှားသည်
သေချာစွာစမ်းသပ်မှု မပြုလုပ်ရသေးမီ ကာကွယ်ဆေးအား အတည်ပြုလိုက်ခြင်းဖြစ်သည်ကား ထင် ရှားလှပေသည်။
.
တုံ့ပြန်ပြောဆိုခြင်း ကင်းမဲ့နေသည်
ရုရှားကျန်းမာရေး ဝန်ကြီးဌာနသည် ကာကွယ်ဆေးအတွက် အဆင့် ၃ စမ်းသပ်မှုများ
ဆောင်ရွက်နေပြီဖြစ်ကြောင်းကို ကြေ ညာခဲ့မှု မရှိပေ။ ထိုအချက်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း
သိရှိရန် AP သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုံ့ပြန်ပြောဆိုခြင်း ကင်းမဲ့နေသည်ကို
တွေ့ရှိရသည်။
.
ပူတင်က မိမိ၏သမီးတစ်ဦးသည် ကာကွယ်ဆေး ၂ လုံးပင် ထိုးနှံခဲ့ကြောင်း
အနည်းငယ် ဖျားနာခြင်း ကဲ့သို့သော် ဘေး ထွက်ဆိုးကျိုး အနည်းငယ် ရှိခဲ့သော်လည်း ယခုအခါ
သက်သာ ကောင်းမွန်နေပြီဖြစ်ကြောင်း သမီးဖြစ်သူ၏ ခန္ဓာကိုယ်ထဲတွင် လည်း ကိုဗစ်ရောဂါ ကာကွယ်နိုင်သော
ပဋိပစ္စည်း(Arlibody) များကို များပြားစွာတွေ့မြင်လာရပြီဖြစ်ကြောင်း ပြောဆိုလာ သည်။
.
၂ နှစ်တာကာလ
ကာကွယ်ဆေး အမည်ကို Vaccire COVID-19 ဟု အမည် မှည့်ခေါ်ထားပြီး
ယင်းကာကွယ်ဆေးသည် COVID-19 ရောဂါ ကို ၂ နှစ်တာ ကာလထိပင် ကာကွယ်နိုင်သည်ဟု ကျန်းမာရေး
ဝန်ကြီးဌာနက ဆိုသည်။ ကမ္ဘာတစ်ဝှမ်းမှ သိပ္ပံပညာရှင်များကမူ ကာကွယ်ဆေး တစ်မျိုးကို အတည်ပြုပေးနိုင်ရန်ထက်
ထိုကာ ကွယ်ဆေး၏ အာနိသင် သက်တမ်းအား သိရှိရန် ပို၍ပင် ခက် ခဲသည်ဟု ထောက်ပြပြောဆိုနေပြီ
ဖြစ်သည်။
.
ခြုံငုံသုံးသပ်ရမည် ဆိုပါက ရုရှားသမ္မတ ပူတင်သည် မိမိ၏
နိုင်ငံရေး ပုံရိပ်အား ကောင်းမွန်ရေး၊ နိုင်ငံဂုဏ်သိက္ခာ မြင့်တက် စေရေးတို့အတွက်
COVID-19 ရောဂါ ကာကွယ်ဆေး ဖော်စပ် မှု ကောင်းစွာအောင်မြင်ပြီဟု အလောသုံးဆယ် ကြေညာလိုက်
ခြင်းပင် ဖြစ်သည်။ ရုရှားသည် ၂၀၁၈ ခုနှစ်တွင်လည်း ကမ္ဘာ ပေါ်၌ အစွမ်းထက်ဆုံး အီဘိုလာရောဂါ
ကာကွယ်ဆေးဖော်စပ် နိုင်ခဲ့ပြီဟု ကြေညာခဲ့ဖူးသည်။ သို့သော်ကမ္ဘာ့ကျန်းမာရေးအဖွဲ့
(WHO) ကမူ ရုရှား၏ကာကွယ်ဆေးအား အတည်ပြုပေးနိုင်ခြင်း မပြုခဲ့ချေ။ ထို့ကြောင့် ရုရှား၏
ယခု COVID-19 ကာကွယ်ဆေး ကိုလည်း သံသယမျက်လုံးများစွာတို့ဖြင့် ဆက်လက်စောင့် ကြည့် သွားရမည်သာ။