မင်းဇော်မင်း
.
ကိုဗစ်ရောဂါကို လှိုင်းအဖြစ် တင်စား ခေါ်ဝေါ်မှုကို WHO မှ
သတ်မှတ်ပြီးနောက် မြန်မာနိုင်ငံ အနေဖြင့် ၂၀၂ဝ ပြည့် သြဂုတ် လမှ စကာ ပထမလှိုင်းမှ ဒုတိယလှိုင်းသို့
အဆင့် ပြောင်းလဲ ခံစား နေကြရသည်တွင် တစ်ရက်လျှင် ရာပြည့် နီးပါး တိုးတက်မြင့် မားလာသည့်
အတည်ပြု လူနာစာရင်းကို မြန်မာပြည်သူများအ တွက် ရင်တမမဖြင့် စောင့်ကြည့်နေရကြသည့် ဖြစ်အင်ဖြစ်သည်။
.
ကိုဗစ်ဆိုသည် သေနိုင်သည့် ကူးစက်ရောဂါကြီး ဖြစ်သဖြင့် ယခင်က
မကြောက်တကြောက် အနေအထားမှ ယခုလို ကူးစက် မှု လျင်မြန်ကြမ်းတမ်းသည့် ရောဂါလှိုင်းအဖြစ်
တွေ့ကြုံနေရချိန် တွင် မြန်မာနိုင်ငံရှိ လူတန်းစားအသီးသီး၌ စိတ်ဓာတ်များကွဲပြား ကြသော်လည်း
ယင်း ရောဂါလှိုင်းကြီး စီးနေကြပုံကို ပုံဖော်ကြည့် မိခြင်း ဖြစ်ကြောင်းပါ။
.
မြန်မာနိုင်ငံတွင် ကိုဗစ် ပထမလှိုင်းကို ၂၀၂ဝ ပြည့်နှစ်၊
မတ် လ ၂၃ ရက်တွင် အတည်ပြုလူနာ ၂ ဦးဖြင့် စတင် ဖွင့်လှစ်ခဲ့ပြီး ၅ လ အကြာ ရခိုင်ပြည်နယ်မှ
တစ်ရက်တည်း ၇၀ ဦး တွေ့ရှိသည့် သြဂုတ်လ ၂၅ ရက်၏ ရှေ့ ၂၄ ရက်တွင် ပြီးဆုံးသည်ဟု ဆိုနိုင်ပေ
မည်။
.
ယခင် ကိုဗစ် ပထမလှိုင်းမှာ နိုင်ငံခြားမှ တင်သွင်းလာသည့်
Export ဖြစ်ပြီး အမျိုးအစားမှာ D64D ဖြစ်ပြီး ၄င်း၏ မူရင်းထုတ် လုပ်သည့် နိုင်ငံမှာ
တရုတ်နိုင်ငံ၊ ဟူပေ ပြည်နယ်၊ ဝူဟန်မှ ဖြစ်သ ဖြင့် Made in China ဖြစ်ပါသည်။ တစ်ကမ္ဘာလုံး
ကူးစက်မှု စာ ရင်းအရ မြန်မာသို့ ကိုဗစ် ဒုတိယလှိုင်း ဖြစ်ပွားမှုကို အတည်ပြု ရက်ယူကာ
ပြောရမည်ဆိုပါက စက်တင်ဘာ ၅ ရက်တွင် တစ်ကမ္ဘာလုံး ရောဂါ အတည်ပြုလူနာ ၂၆၇၇၂၂၉၄ ဦးနှင့်
သေဆုံးသူ ၈၇၈၇၀ ဦး ရှိခဲ့ပြီဖြစ်ရာ ယင်း အထဲတွင် အိန္ဒိယမှ လူဦးရေ ၁၃၆၈၇ သန်းတွင် ဖြစ်ပွားသူ
၄၀၂၀၂၃၉ ဦး၊ ထပ်တိုး လူနာ တစ်ရက်အတွင်း အသစ် တွေ့ရှိမှု ၁၀၆၆ ဦးဖြင့် အများဆုံးဖြစ်ကြောင်း
မြန်မာနိုင်ငံတွင်မူ လူဦးရေ သန်းပေါင်း ၅၄ ဒသမ ၃ တွင် အတည်ပြု လူနာ ၁၁၇၁ ဦးနှင့် သေဆုံး
၇ ဦးရှိခဲ့သည်ဟု မှတ်တမ်းများက ဖော်ပြခဲ့ကြသည်။
.
ယခု ဒုတိယလှိုင်း အတွက် အစိုးရ အနေဖြင့် ရခိုင်ဘက်သို့ အထူး
အာရုံပြု ဂရုစိုက်ကာ ကြိုတင် ဆောင်ရွက်ချက်များလုပ် ဆောင်ခဲ့သော်လည်း ကိုဗစ်လှိုင်းကမူ
စိမ့်ဝင်လာခဲ့ပြီ ဖြစ်သည်။ သြဂုတ်လ၂၅ ရက်တွင် အတည်ပြုလူနာ ၇၀ ဦး စတင်တွေ့ရှိမှု မှ
စကာ မြန်မာ နိုင်ငံ၏ ကိုဗစ်နှင့်ပတ် သက်သည့် အကြောက် တရား များကို သုံးသပ်ကြည့်ပါက
စတင်တွေ့ရှိသည့် မတ်လတွင် ကြောက် ၊ ဧပြီလတွင် အရမ်း ကြောက်၊ မေလ တွင် မကြောက်တ ကြောက်၊
ဇွန်လတွင် အကြောက်လျော့၊ ဇူလိုင်လတွင် လုံးဝ မ ကြောက်ရာမှ ယခုသြဂုတ်လတွင်မူ အစက အနေအထားအတိုင်း
ကြောက်သည့် အဆင့်ဖြင့် ပြန်လည် စတင်နေရပြီ ဖြစ်ကြောင်း တွေ့ရှိရသည်။
.
Mask ယဉ်ကျေးမှု ခိုင်မြဲစေရန် ကြိုးစားခဲ့သည့် အနေအထား လျော့ကျခဲ့ရာမှ
ပြန်လည် ကြောက်ကြသည့် အခြေအနေတွင် Mask ဆေးနှုန်းများ မြှင့်တင်မှုကို ထိန်းချုပ်ခြင်း၊
ဂိတ်များ ပြန် လည် ဖွင့်လှစ်၍ အပူချိန် တိုင်းတာခြင်းများဖြင့် ပြန်လည် စတင် သည့် အခြေအနေကို
ကျင့်သုံးခဲ့ကြသည်။
.
ယခု ကိုဗစ်ရောဂါ ဒုတိယလှိုင်းမှာမူ ပြည်ပမှ တင်သွင်းလာ ခြင်း
မဟုတ်ဘဲ မြန်မာပြည်တွင် လုပ်သည် ဖြစ်လာသည်ဟု ဆို ကြသည်။ ပြောလိုသည်မှာ ခရီးသွား ရာဇဝင်မရှိ
၊ ရောဂါသည်နှင့် ထိတွေ့မှု မရှိသည့် Silince Career များ အများအပြား တွေ့ရှိရ ခြင်းကြောင့်ပင်
ဖြစ်သည်။ ဤသည်ကိုပင် ကိုဗစ်ရောဂါ၏ ဒုတိ ယလှိုင်း အဖြစ် သတ်မှတ် ခေါ်ဝေါ်ခြင်း ဖြစ်သည်။
.
ဆေးဖက်ဆိုင်ရာ လေ့လာသူများ၏ တွေ့ရှိချက်အရ ယခင် ကိုဗစ်ရောဂါပိုးကို
D614D ဟု သတ်မှတ်ခဲ့ပြီး ယခုပိုးကိုမူD614G ဟု mutation ပြောင်းသည့် G အမျိုးအစား အနေဖြင့်
အမည်သတ် မှတ်ကြသည်။ အဆိုပါ ပိုးကို မလေးရှားတွင် ပြီးခဲ့သည့် သြဂုတ် လ ၂၀ ရက်က တွေ့ရှိကြောင်း
မလေးရှား ကျန်းမာရေးဌာနက ညွှန်ချုပ်က တရားဝင် ဆိုသည်။
.
အိန္ဒိယမှ ပြန်လာသည့် စားသောက်ဆိုင် ပိုင်ရှင် တစ်ယောက် မှ
Quarantine ဝင်ရန် စည်းကမ်း ပျက်ကွက်ခဲ့ခြင်းမှ အစပြုကာ ၄င်းမှသည် ၄၅ ဦး အထိ အစုအပြုံလိုက်
ကူးစက်မှု ဖြစ်စေခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ အဆိုပါ ၄၅ ဦးအထဲမှ ၃ ဦးမှာ D614G ဗိုင်းရပ်စ် မျိုးကွဲများ ဖြစ်နေကြောင်း
တွေ့ခဲ့ရခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။
.
D614G ဟု ခေါ်တွင်ရခြင်းမှာ ဗိုင်းရပ်စ်၏ အမိုင်နိုအက်ဆစ် ပြောင်းသွားရာမှ 614 ( aspartic acid) မှ(G
glycine)ပြောင်း သွား၍ဟု သိရသည်။ ဗိုင်းရပ်စ်အတွက်
mutation မျိုးဗီဇကွခြင်း ဆိုသည် ပုံမှန်ဘဝစက်ဝန်း(normal part of life-cycle) တစ်ခု
သာဖြစ်ပြီး ယင်းသို့ ဖြစ်ရခြင်းမှာ ဗိုင်းရပ်စ်က လက်ခံကောင်၏ ဆဲလ်အတွင်းသို့ ဝင်ပြီး
မျိုးပွားရခြင်းကြောင့် ဖြစ်သည်။
.
ယင်းကဲ့သို့ မျိုးပွားရာတွင် မျိုးဗီဇ အချက်အလက်
(genetic data) များကို ကော်ပီကူးရာတွင် လူအများ မိတ္တူကူးစက်မှ ကော် ပီကူးရာတွင် မူရင်းအတိုင်း
မဖြစ်သကဲ့သို့ အနည်းငယ် လွဲတတ် သည့် သဘောအတိုင်း နည်းနည်းလေး ဗီဇ လွဲတာဗီဇအနည်း ငယ်ကွဲသည့် mutation အသစ် ဖြစ်ပေါ်လာသည်ဟု မျိုးဗီဇ ပ ညာရှင်များက
ဆိုသည်။
.
အမေရိကန်နိုင်ငံ University of Glagow မှ ပညာရှင် Oscar
Maclean ၏ အပြောအရ Covid-19 ကပ်တွင် အသေးစိတ် ပြော ရလျှင် ယင်း ဗိုင်းရပ်စ်ပိုး
mutation ပေါင်း ၂၀၀၀၀ ခန့်အထိရှိပြီး ယင်းအထဲမှ D614G ကို မူရင်းထက် ၁၀ ဆခန့် ကူးစက်မြန် သည့် ပိုးအဖြစ် လူသိ
များလာကြခြင်း ဖြစ်သည်။
.
D614G သည် ဒါဝင် သီအိုရီကို သက်သေပြနေခြင်း ဖြစ်ပြီး ဗိုင်းရပ်စ်သည်
သူရှင်သန်ရန်အတွက် ဆက်လက် ကူးစက်ပြီး မျိုး ပွားနှုန်းကို မြှင့်တင်နေခြင်း ဖြစ်သည်ဟု
ဆိုသည်။ ဘက်တီးရီး ယားသည် ၄င်း၏ မျိုးပွားမှု အစဉ်ကို ၄င်းဘာသာ တည်ဆောက် ခြင်းဖြင့်
ဆောင်ရွက်သဖြင့် ကာကွယ်ကုသဆေးဖြင့် သတ်နိုင်စွမ်း ရှိခဲ့သော်လည်း၊ ဗိုင်းရပ်စ်ကမူ လက်ခံကောင်အပေါ်တွင်သာ
မျိုး ပွားမှုကို စွမ်းဆောင်နိုင်ခြင်း ရှိရာ ယခု ကူးစက်ခံရသူများတွင် ယခင်က လူငယ်များနည်းပါးသော်လည်း
ယခုတွင် အသက်ငယ် ရွယ်သူများကို ပိုမို ကူးစက်လာခြင်းက သာဓကဟု ဆိုသည်။
.
ယခင် D614D မူရင်းပိုးမှာ လူ၏အဆုတ်အတွင်းပိုင်းတွင် ခိုအောင်းကာ
မျိုးပွားမှုကိုကျင့်သုံးသဖြင့် လေထဲမှကူးစက်နိုင်မှုနည်းပါးခဲ့သော်လည်း ယခု D614G
မှာမူ အဆုတ်အတွင်းပိုင်းကို မကြိုက်ဘဲ လည်ချောင်းတစ်ဝိုက်တွင်သာ ခိုအောင်းသဖြင့် စ
ကားပြောရာမှပင် လေထဲမှ တဆင့် ကူးစက်မြန်ဆန်စေခြင်းဖြင့် ၄င်း၏ မျိုးပွားမှုကို လျင်မြန်စေခြင်း
ဖြစ်သည်။
.
သို့သော် ယင်းကဲ့သို့ ကူးစက်မှု ပိုလွယ်ပြီး လျင်မြန်စေခြင်း
က ရောဂါ ပြင်းထန်မှု လျော့ကျသွားစေခြင်း ဖြစ်ပေါ်စေသည်ဟု ပညာရှင်များက ဆိုထားသည်။ ယင်းအား
အတည် မပြုနိုင်သော် လည်း ဖြစ်နိုင်ချေ များပြားကြောင်း University of East Angglia
မှ ProfessorPaul Hunter ကဆိုသည်။ သို့သော် ယင်းမှာ အကြံ ပြုသည့် အဆင့်သာ ရှိသေးပြီး
လုံးဝ သက်သေခံချက် မဖြစ်သေး ဟု ၄င်းက ပြောသည်။ ထိုသည်ကို အဆိုးထဲက အကောင်းဟု ဆို သည်။
.
စင်ကာပူမှ National University of Singapore မှ
International Society of Infecttious Diseases က ရွေး ကောက်ခံ ဥက္ကဌဖြစ်သူ Paul
Tambyah ကလည်း D614G မှာ ကူး စက် လျင်မြန် လွယ်ကူသော်လည်း သေနှုန်း လျော့သွားနိုင်သည်
ဟု ဆိုသည်။`May be that`s a good thing to have
a virus that is more infectious but less deadly`ဟု ၄င်းက ပြောခဲ့ ခြင်း ဖြစ်သည်။
.
.
လက်ရှိတွင် ရောဂါ အတည်ပြု လူနာများထဲမှ အသည်းအ သန် ကုသရသည်မှာ
၁ ရာခိုင်နှုန်းသာ ရှိလာခြင်း၊ သေဆုံးမှု ၅ ရာ ခိုင်နှုန်းသာ ရှိနေခြင်း တို့က ဖြစ်နိုင်ခြေကို
ညွှန်းနေသည်ဟု ဆို သည်။ ဖြစ်နိုင်ခြေများတွင် လူသေနှုန်း ကျဆင်းသွားသည်ဆိုမှာ ကိုဗစ်ရောဂါ
အကြောင်း ကျန်းမာရေး ဝန်ထမ်းများက အရင် ထက် ပိုမို နားလည်လာခြင်း၊ အသက်ကြီးသူများ၊
နာတာရှည် ရောဂါသည် များကို မကူးစက်ရန် ပိုဂရုစိုက်လာခြင်း၊ ဆေးဝါးများ ပိုမို ကောင်းမွန်လာခြင်း၊
သွေးရေကြည် ကုထုံးများ ပေါ်ပေါက် လာခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုအားကောင်းလာခြင်း
တို့ကြောင့် ဖြစ်နိုင်သည်ဟု ဆိုသည်။ သို့သော် ကံသေ ကံမ တော့ မပြောနိုင်သေးပါဟု
Paul က ဆိုသည်။
.
ကိုဗစ်ရောဂါ လေ့လာသူ Richard Myo Thant က မြန်မာနိုင်ငံ အတွက်တွင်မူ
D614G ပိုးက လူလတ်ပိုင်းသို့ကူးစက်မှုက သေ ဆုံးမှု နည်းပါးစေပေမယ့် ၄င်းတို့မှတဆင့်
အိမ်ရှိ မိသားစုဝင် သက်ကြီးရွယ်အို၊ ဆီးချို၊ သွေးချို၊ နှလုံးသွေးတိုး စသည့် နာတာ
ရှည် ရောဂါသည်များကိုမူ ချမ်းသာပေးလိမ့်မည် မဟုတ်ဟု ဆို ထားသည်။
.
ကိုဗစ်တစ်ခါ ဖြစ်ပြီးလျှင် ထပ်မဖြစ်နိုင်တော့ပြီလော၊ ဟောင်
ကောင်တွင် တွေ့ရှိရသည့် Case ကို ဗဟုသတအဖြစ် ဖတ်ကြည့် ပါ။ ဟောင်ကောင်တွင် ကမ္ဘာ့ပထမဆုံး
ကိုဗစ်ရောဂါ ပထမအ ကြိမ် ဖြစ်ပွားခဲ့ပြီး ဒုတိယအကြိမ် ရောဂါ ပြန်ကူးစက်ခံရသည့် လူနာ
တွေ့ရှိရကြောင်း သြဂုတ်လ ၂၄ ရက် က သတင်းအရ သိ ရသည်ဟု ဆရာမျိုးသန့်က ဆိုသည်။
.
ပုံမှန် Case မှာ ကူးစက်ရောဂါ အကူးစက်ခံရပြီးနောက် ရော ဂါ
ခံနိုင်ရည်အား (immune response) ရလေ့ရှိသဖြင့် အချိန် ကြာမှသာ ရောဂါ ပြန်ဖြစ်လေ့ ရှိသည်ဟု
ယေဘုယျ ဆိုသော် လည်း ယခု ဟောင်ကောင်မှ အသက် ၃၃ နှစ်အရွယ် အမျိုးသား တစ်ဦးသည် မတ်လအတွင်းက
ကိုဗစ် အကူးခံခဲ့ရပြီး ယခု ၄ လ ခွဲအကြာ ဥရောပသို့ ခရီးသွားရင်း နောက် ဒုတိယ အကြိမ်အဖြစ်
ကိုဗစ်ရောဂါ ထပ်မံ ကူးစက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
.
သို့အတွက် ယင်း Case မှာ ကမ္ဘာ့ ပထမဆုံး ထူးထူးခြားခြား reinfection case ဖြစ်ကြောင်း သြဂုတ်လ ၂၄ ရက်က ဟောင်
ကောင် သုတေသန ပညာရှင်များက သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယခင်က ရောဂါ ပြန်ကူးသည့် သတင်းများတွင် ပုံပြင် ဆန်ဆန် ဖြစ်ရပ်မျိုးသာ ရှိခဲ့ပြီး စမ်းသပ်မှု
မတိကျခြင်း၊ ယခင်ပိုး အသေများ၏ အစအန တွေ့ရှိရခြင်းများသာ
လူ့ခန္ဓာ ကိုယ်အတွင်း တွေ့ရှိရခြင်း စသည့် သက်သေ မပြနိုင်မှုများသာ ဖြစ်ခဲ့ရာမှ ယခု
ဟောင်ကောင်မှ Case တွင် လူနာတွင် ယခင် ကူးစက်ခံခဲ့ရသည့် ပိုး အမျိုးအစားနှင့် ယခု ကူးစက်ခံခဲ့ရသည့်
ပိုးအမျိုးအစား နှစ်မျိုးသည် လုံးဝပတ်သက်ခြင်း မရှိဟု သတင်း ထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။
.
ခြားနားမှုမှာ ဗိုင်းရပ်စ်၏ RNA ကို တည်ဆောက်ထားသည့် (24
nucleotides) ကွဲပြား ခြားနားခြင်းကြောင့် ကမ္ဘာ့ ပထမဆုံး
ကိုဗစ်ရောဂါ နှစ်မျိုး နှစ်ခါ ကူးစက်ခံရသူအဖြစ် မှတ်တမ်း
ဝင် ခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော် ယင်းကဲ့သို့ ဖြစ်စဉ်မှာ လူ ၁ဝ သန်းတွင်မှ တစ်ယောက်သာ
ရှိနိုင်ပြီး အခြား ယင်းကဲ့သို့ ဖြစ်ရပ်တူ လူနာ မတွေ့ရှိရသေးဟု ဆိုသည်။
.
ရောဂါ ကူးစက်ခံရသူ လူနာမှာ ယခု ပြန်လည် ကူးစက်မှုခံရ သည့်
ရောဂါ ခံစားရစဉ်က immune response ကြောင့် ရောဂါ လက္ခဏာ သိပ်ဆိုးရွားခြင်း မရှိဟု သိရပြီး
WHO မှ ကိုဗစ်ရောဂါ ကျွမ်းကျင်ပညာရှင် Maria Van Kerkhove ကလည်း ကိုဗစ် ရောဂါ ကူးစက်ခံရပြီးသူ
လူဦးရေ ၂၄ သန်းခန့်အနက် ပြန်ဖြစ် သူ မရှိသည်ကို သုတေသန လုပ်နေပြီး ရှားပါး Case ဖြစ်သည့်
အတွက် အစိုးရိမ် မလွန်ကြဖို့ ပြောကြားခဲ့ကြောင်း သိရသည်။
.
ကိုဗစ်ရောဂါ ကူးစက် ခံရဖူးသူများတွင် ခိုင်မာသည့် ရောဂါ ခံနိုင်ရည်(robust
immune response) ကိုတွေ့ရပြီး ယင်းထဲတွင်
လူ၏ ဆဲလ်များထဲသို့ မကူးအောင် တားဆီးပေးသည့် ပဋိပစ္စည်း (antibody) များနှင့် ရောဂါပိုးကို
သတ်ပေးသည့် T cell များကို တွေ့ရသဖြင့် ရောဂါ ကူးစက်ခံရပြီးပါက ရောဂါခံနိုင်ရည် မည်မျှ
ကြာမည်ကို မသိရသေးဟု ဆိုသည်။
.
ရာသီ တုပ်ကွေးလို နှစ်စဉ် ကာကွယ်ဆေး ထိုးဖို့ လိုမည် လား
ကြာကြာမှ တစ်ခါ ပြန်ထိုးဖို့ လိုမည်လားကို ရောဂါ အသစ် ဖြစ်လို့ စမ်းသပ်နေဆဲ ဖြစ်ပြီး
မတူတဲ့ ဒေသသွားရင် မတူတဲ့ ကို ဗစ်မျိုးကွဲက ကူးစက်တတ်သည် ဆိုသည်မှာ ဖြစ်တောင့်ဖြစ်ခဲ
ရှားပါးမှုဟု ဆိုသည်။
.
သို့အတွက် ကိုဗစ်လှိုင်း စီးနေသူများမှ ရောဂါပိုးဖြင့် လှိုင်း
လုံးများ အတွင်း မနစ်စေရန် ကြိုးပမ်းနေမှုများမှ မြန်မာနိုင်ငံ တွင် ကိုဗစ် အပေါ် သဘောထားကို
လူထုလူတန်းစားများအတွင်း အနည်းငယ်မျှ ထိတွေ့မိသည်များမှာ- တာဝန်အရ ကိုဗစ်ကို ရင် ဆိုင်ရသူများ
ရှိသလို အနစ်နာခံသည့် နှလုံးသားမျိုးဖြင့် ရင်ဆိုင် သည့် မဟာသူရဲကောင်းများလည်း ရှိကြပါသည်။
သေမည်မှန်း သိလျက် ရင်ဆိုင်ကြသည့် ဆေးဖက်ဆိုင်ရာ ဝန်ထမ်းများ၊ လူမှု ရေး အဖွဲ့ဝင်များ
ဆိုသည်မှာ ကြီးမြတ်သော ဂုဏ် ပိုင်ရှင်များ ဖြစ်ကြပေသည်။
.
သေမည်ကို ရှောင်ဖယ် လိုသော်လည်း တာဝန်အရ ၊ ဝန်ထမ်း အရ ရှောင်ဖယ်နိုင်စွမ်း
မရှိသူများမှာလည်း အိမ်တွင်နေပြီး ရော ဂါကို ရှောင်နိုင်စွမ်း မရှိသည့် တာဝန်ယူ အတန်းအစားထဲတွင်
ပါဝင်သလို နေရာဒေသ အရ ရှောင်ဖယ်နိုင်စွမ်း မရှိသဖြင့် ငါ့ဝမ်း ပူစာ မနေသာသည့် ဘဝ တာဝန်အရ
ရင်ဆိုင်နေကြရသည့်သူများ ရှိနေပေရာ ယင်းအထဲတွင် ရခိုင်မှ AA ကဲ့သို့သော လက်နက်ကိုင်
အဖွဲ့အစည်းများ ရှိနေသလို လာမည့် ၂၀၂ဝ ရွေးကောက်ပွဲတွင် ပါဝင်ကြရမည့် နိုင်ငံရေးပါတီများ
အပြင် မဲ ပေးကြရမည့် လူထု တစ်ရပ်လုံးလည်း ပါဝင် နေပေသည်။
.
ပြင်ပမှာတော့ ပင်လယ်လှိုင်း စီးတတ်သူများ ရှိတတ်ကြ သည်။ ယခု
ရောဂါလှိုင်းကိုရော စီးနေကြသူများ အနေဖြင့် မည် သို့မည်ပုံ လှိုင်းစီး ကြမည်နည်း၊ လှိုင်းအတွင်း
မနစ်စေရန် ကျန်း မာရေး အသိလမ်းညွှန် လုပ်ဆောင်ချက်များကသာ လှိုင်းအတွင်း မနစ်မြုပ်စေရန်
ကူညီပေးနိုင်မည် ဖြစ်ပေသည်။ Mask တပ်၊ လက်ကို သေချာဆေး၊ လူစုလူဝေး တတ်နိုင်သမျှ ရှောင်၊
ကာကွယ်မှုများ သေချာ လုပ်ခြင်းများ ဖြစ်သည့် ကျန်းမာရေး အသိပညာ ပြည့်ဝမှုကသာ အသက်ကို
ဉာဏ်စောင့်ပေမည်။
.
ဤသို့ ဆိုပါက ရွေးကောက်ပွဲကရော ရွေးကောက်ပွဲ အချိန် မီ မကျင်းပနိုင်ပါက
၂၀၀၈ ခြေဥ ပုဒ်မ ၆၁-ခ အရ သမ္မတ အ သစ် မခန့်နိုင်မချင်း လက်ရှိ သမ္မတနှင့် ဒုသမ္မတများ
ဆက်ပြီး တာဝန် ထမ်းဆောင်ကြရမည်။ ယင်းသို့ပင်
ခြေဥပုဒ်မ ၂၃၅-က အရ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုဝန်ကြီးများမှာလည်း သက် တမ်းတူ ဆက်လက်
တာဝန်ယူကြရမည် ဖြစ်သည်။ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်တို့သည်လည်း နိုင်ငံတော် အဆင့်
ရာထူးများ ဖြစ် သည့်အတွက် သက်တမ်းကို အတူတူ သတ်မှတ်ထားကြောင်း တွေ့ရသည်။
.
ယင်းသို့ပင် တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်၊ ဝန်ကြီး
များသည်လည်း ခြေဥပါ ပုဒ်မ ၂၆၂-ဍ အရ သက်တမ်းတူပင် ဖြစ်သလို ပြည်ထောင်စု လွှတ်တော်ဥက္ကဌ၊
ဒုဥက္ကဌ များသည် လည်း နောက် လွှတ်တော် အသစ် ဖွဲ့စည်းသည်အထိ တာ ဝန်ယူရမည်ဟု ပုဒ်မ ၁၁၃(က)က
သတ်မှတ်ထားသည်။ လွှတ် တော် ၂ ရပ်မှာ သက်တမ်း ကုန်ဆုံးသွားသည့်အတွက်မရှိတော့ သလို လွှတ်တော်အသီးသီးမှ
ကိုယ်စားလှယ်များ မပါတော့သော် လည်း အစိုးရကမူ နောက်အစိုးရအသစ် မဖွဲ့မချင်း ရှိနေဦးမည်။
.
ဘဏ္ဍာရေးကိုလည်း ခြေဥ ပုဒ်မ ၂၂ အရ နောက်ဆုံး ပြ ဋ္ဌာန်းခဲ့သည့်
ဘတ်ဂျက်အတိုင်း သုံးစွဲခွင့် ရှိနေသေးကြောင်း ပြ ဆိုသည်။ ပုဒ်မ ၂၀၀ အရ နိုင်ငံတော်
ပြည်ထောင်စု အစိုးရအဖွဲ့ တွင် နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတများ၊ ပြည်ထောင်စု ဝန်
ကြီးများနှင့် ပြည်ထောင်စု ရှေ့နေချုပ်သာ ပါဝင်သည်ဟု ဖော်ပြ ထားပါသည်။
.
သို့အတွက် ကိုဗစ်လှိုင်း စီးရင်း ရွေးကောက်ပွဲ လုပ်သည့် အခြား
နိုင်ငံများကို လေ့လာကြည့်ပါက ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲ အကူအညီပေးရေး နိုင်ငံတကာအဖွဲ့(IDEA)
မှ လေ့လာခဲ့သည့် အာရှမှ တောင်ကိုရီးယားသည် ကိုဗစ်ကာလ အတွင်း မဲပေးနှုန်းမှာ ၁၉၉၂ နောက်ပိုင်း
ကာလအတွင်း အများ ဆုံး မဲပေးနှုန်းဟု ဆိုသည်။ ပုံမှန် မဲပေးနည်းများ အပါအဝင် စာတိုက်မှ
မဲပေးနည်း၊ ကြိုတင် မဲပေးနည်းများကို တောင်ကိုရီး ယား အပြင် ဂျာမနီ (Bavaria)နှင့်
သြစေတးလျ(Queeensland) တို့တွင် ကျင့်သုံးခဲ့သဖြင့် လူကိုယ်တိုင် မဲ လာပေးမှု များပြားသည်
သာမက မဲပေးနှုန်းလည်း များပြားခဲ့ကြောင်း သိရသည်။
.
လေ့လာမှုအရ ကိုဗစ်ရောဂါ ဖြစ်ပွားမှု မြင့်တက်နေမှုတွင် ရွေးကောက်ပွဲ
စရိတ် ပိုမို မြင့်မားကြောင်းမှာ ကမ္ဘာ့၏ သုံးသပ်မှု တွင် ဝန်ထုပ် ဝန်ပိုး ဖြစ်စေကြောင်း
တွေ့ရသည်ဟု မွန်ဂိုလီးယား နိုင်ငံနှင့် စင်ကာပူ၊ ဂျပန်နှင့် မလေးရှား နိုင်ငံတို့၏
ရွေးကောက် ပွဲများ အပေါ် သုံးသပ်ခဲ့သည်။
.
ပုံမှန် လုပ်နေကျ လူထုမဲဆွယ်ပွဲများ ကျင်းပခွင့် မရခြင်း၊
မဲ ပေးနှုန်း ကျဆင်းနိုင်ခြင်း၊ မဲပေးချိန် မလုံလောက်ခြင်း၊ မဲရုံများ ထပ်မံ တိုးရခြင်း၊
ကိုဗစ် အကာအကွယ်များအတွက် ကုန်ကျစ ရိတ် ပိုမိုစေခြင်း စသည်များက ကိုဗစ်ရောဂါကာလ ရွေးကောက်
ပွဲများသည် တရားမျှတမှု အပေါ် စိန်ခေါ်နေသည်ကို တွေ့ရသည် ဟု ဆိုသည်။
.
ရွေးကောက်ပွဲအတွင်း ကိုဗစ်လှိုင်း စီးကာ ရင်ခုန်နေကြသူ များ
ရှိသော်လည်း ငါ့ဝမ်းပူဆာ မနေသာသည့် ရှမ်းပြည်နယ်မှ ကျတော့ကမူ ကိုဗစ် စီးပွားရေး ထိခိုက်မှု ရံပုံငွေ
VERF ဖြင့် ဝက် မွေးရန်သာ စိတ်ကူးနေပြီး Cash for work အစီအစဉ် အရ ၄င်း၏ မိသားစုအတွက်
စားဝတ်နေရေး ပြေလည်စေရန် အလုပ်လုပ် ရနိုင်ဖို့ကိုသာ မျှော်လင့်နေကာ တောင်ယာ လုပ် နေရသည့်အတွက်
Mask တတ်ရန် မလိုအပ်ကြောင်း လက်ရှိ သမ္မတအမည်လည်း မသိ၊ ယခင် မဲပေးစဉ်က တံ ဆိပ်တုံး
နှိပ်ဆို၍သာ နှိပ်ခဲ့ရသည် သေချာ မမှတ်မိဟု ဆို ပြီး၊ ယခင် ဆိုလာပြား လာတပ်ပေးစဉ်က မရခဲ့သဖြင့်
ယခု ဆိုလာ လာတပ်ပေးမည့်သူ၊ ရွာသို့လာပြီး မဲဆွယ်မည့် ပါတီ များမှ ပေးမည့် ပစ္စည်းများ
အပေါ်သာ အာရုံ စိုက်ကြောင်း ပြောခဲ့သည်က လက်ရှိ မြန်မာ့ အခြေခံလူထု၏ ခံယူချက်ပင် ဖြစ်နေသေးကြောင်း
ပြောကြားလိုကြောင်းပါ။