ကြောက်စရာမို့ ကြောက်ပါသည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကြောက်စရာမို့ ကြောက်ပါသည်


မင်းဇော်မင်း
.
မြန်မာဟာ အာဆီယံ ၁၀ နိုင်ငံထဲမှာ လူ့သက်တမ်း အတိုဆုံး နိုင်ငံအဖြစ် စာရင်း ဝင်ပါတယ်။ မြန်မာ့ လူ့သက်တမ်းဟာ ၆၆ ဒသမ ၇ နှစ်ပဲ ရှိပါတယ်။ အရှည်ဆုံးက စင်္ကာပူပါ ၈၂ ဒသမ ၉ နှစ်အထိ ရှည်တယ်လို့ ဆိုပါတယ်။
.
အာရှ ၁၀ နိုင်ငံ လူ့သက်တမ်းမှာ စင်္ကာပူပြီးရင် အစဉ်လိုက် အသက်ရှည် ဇယားမှာ ဘရူနိုင်း ၇၇ ဒသမ ၄ နှစ်၊ ဗီယက်နမ် ၇၆ ဒသမ ၅ နှစ်၊ ထိုင်း/မလေးရှား ၇၅ ဒသမ ၅ နှစ်၊  အင်ဒိုနီးရှား ၆၉ ဒသမ ၄ နှစ်၊ ကမ္ဘောဒီးယား ၆၉ ဒသမ ၃ နှစ်၊ ဖိလစ်ပိုင် ၆၉ ဒသ မ ၂ နှစ်၊ လာအို ၆၇ နှစ်နဲ့ အောက်ဆုံးကတော့ မြန်မာ ၆၆ ဒသမ ၇ နှစ်ပါ။ စင်္ကာပူနဲ့ ၁၁ နှစ်လောက် ကွာပါတယ်။ စင်္ကာပူကို အ မီလိုက်ဖို့ဆိုရင် အသက်ရှည်ဖို့လည်း လိုမှာ ဖြစ်ပါတယ်။
.
(Photo by - neoskosmos)
ဘာကြောင့် မြန်မာတွေ အသက် တိုရသလဲ၊ အသားတု၊ ဥ အတု၊ လူအတု၊ အတုမျိုးစုံနဲ့ ကော်ဖီ၊ အချိုရည်က အစ ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံကအစ ဓာတုဓာတ်မကင်းတာတွေဖြစ်ပြီး အချိုမှုန့်၊ ကွမ်း၊  အရက်ညံ့တွေ ၊ ဆီအညံ့တွေက ကင်ဆာ၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ်ရောဂါ တွေကို ဖြစ်စေတာကြောင့် အသက် တိုရတာပါ။
.
ပြီးတော့ အနေအထိုင်မှားတွေ လေ့ကျင့်ခန်း မလုပ်၊ အထိုင် များ၊ အရက်/ဆေးလိပ်သောက်၊ နံနက်စာကျ မစား၊ ညစာကို အ ဝအပြဲ စားတာတွေကြောင့်လို့ ပညာရှင်တွေက ဆိုပါတယ်။
.
မြန်မာတွေ အလွန်ကြိုက်တဲ့ လက်ဖက်က အစ ကြက်သွန်ဖြူ အကြော်စုံအဆုံး ပလတ်စတစ် ပါနေတာကအစ Autoimmune အဖြစ် ခန္ဓာကိုယ်မှာ ရောဂါစုံ ဖြစ်လာစေတာပါပဲ။ အစားအ သောက်ကြောင့် ဖြစ်လို့ အူလမ်းကြောင်း ကျန်းမာရေးကို မထိန်း နိုင်ဘူးဆိုရင် နောက်ဆက်တွဲ ရောဂါတွေ အဖြစ်များပြီး လူ့သက် တမ်းကို တိုစေတာ ဖြစ်ပါတယ်။
.
ဒီလို လူ့သက်တမ်း အတိုဆုံး နိုင်ငံမှာ အခြားနိုင်ငံတွေထက် သာတာ ကတော့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေအတွက် ဆေးကုသခွင့် စရိတ် ၁၀၀ ရာခိုင်နှုန်း အခမဲ့ ကုသခွင့်ရတဲ့ ၆၇ နိုင်ငံအထဲမှာ မြန်မာ ပါတာပါပဲ။  အခမဲ့ ၅၀ ရာခိုင်နှုန်း ရတဲ့ နိုင်ငံ ပေါင်းက ၅၈ နိုင်ငံပါ။ လုံးဝ ခံစားခွင့် မရှိတဲ့နိုင်ငံ ၊ ဆေးကုသစ ရိတ် ၁၀၀ ရာခိုင်နှုန်း အပြည့် ပေးရတဲ့ နိုင်ငံကတော့ ၄၆ နိုင်ငံပါ။ ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်တာ နိုင်ငံနဲ့ နယ်မြေတွေ စုစုပေါင်း ၁၇၁ ရှိ ပါပြီ။
.
ဒါတောင် ဒီနိုင်ငံမှာ ကိုဗစ်ရောဂါ ပထမလှိုင်း ရိုက်ခတ်မှု ကြောင့် ဖြစ်ပွားနှုန်းနဲ့ သေဆုံးနှုန်း အင်မတန် နည်းပါးတယ်၊ ဒါ ကို မြန်မာလူထုက ဒီဗိုင်းရပ်စ်ကို သိပ်မကြောက်ကြတဲ့ ပုံစံမျိုး ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား၊ ပေါ့ပေါ့ သွားကြတော့ အခုဒုတိယလှိုင်း မှာ အသဲအသန် ကူးစက်ဖြစ်ပွားလာနေတာ သေနှုန်းလဲ တက် လာနေတာ တွေ့ရပါပြီ။
.
ဆိုတော့ ဒီဗိုင်းရပ်စ်က လူ့ခန္ဓာကိုယ်ထဲမှာ ကုသလို့ကောင်း သွားရင် ပြီးသွားပြီလား၊ ပိုးတွေ သေသွား တာလား၊ ပြန်ထွက်သွား တာလား၊ တကယ်တော့ ဒီဗိုင်းရပ်စ်က  လူ့ခန္ဓာကိုယ်ထဲ ဝင်ပြီး ရင် အာရုံကြောစနစ် ၊ သွေးလည်ပတ်မှုစနစ်တွေကို ဖျက်ဆီးပစ် တဲ့အတွက် ကိုဗစ်ဖြစ်ထားတဲ့ လူနာတစ်ယောက်ဟာ နောက် ထပ် လပိုင်း အတွင်းမှာကိုပဲ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ ပျက် စီးသွားတဲ့ ဆိုးကျိုးတွေ ပေါ်လာတယ်လို့ ဆေးပညာရှင်တွေက တွေ့လာ နေကြပါပြီ။
.
ရောဂါကြောင့် ဘယ်လို ပျက်စီးလို့ ဘယ်လို ကြောက်စရာ ကောင်းတယ် ဆိုတာ အသိရှိကြဖို့ လိုပါတယ်။ ဒါကြောင့် မြန်မာ နဲ့ ကမ္ဘာတစ်လွှားက  ကိုဗစ် ရောဂါရဲ့ ဆေးပညာဆန်းစစ်ချက် နောက်ဆက်တွဲ ဆိုးကျိုးတွေကို သိပြီး ဆင်ခြင်နိုင်ကြဖို့၊ မိမိက အစ မိမိရဲ့ မိသားစု၊ လူ့အဖွဲ့အစည်းကို ကာကွယ်ဖို့ လုပ်ဆောင် ကြရအောင်ပါ။
.
မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ဒုတိယ ညွှန်ကြား ရေးမှူး ဒေါက်တာ ဒေါ်ခင်ခင်ကြီးကတော့ ကိုဗစ်ဟာ ကူးစက် တာသာ မြန်တာပါ၊ ရောဂါ အပြင်းစားကြီး မဟုတ်ပါဘူး ဆိုပြီး ပြည်သူလူထုကို အမှန်ကို အမှား ကြားညှပ်ပြီး ရောဂါထိန်းချုပ် ကုသရေးမှာ မှားယွင်းတဲ့ ယုံကြည်ချက်ဖြစ်အောင် false security အဖြစ် မပေးဖို့ ဗီဇပြောင်းပိုးဟာ ပြင်းအားများလာမှာလား လျော့ သွားမှာလား သေချာ သိသာ ထင်ရှားတဲ့ သက်သေပြချက်မရှိ သေးတာကို အလေးအနက် သတိမူမိကြဖို့ လိုပါတယ်လို့ ပြော ထားပါတယ်။
.
Mayo clinic. Covid-19 Long-term effects  အနေနဲ့  နှလုံး ကြွက်သားတွေ ထိခိုက်ပျက်စီးစေပြီး နှလုံးရောဂါ အမျိုးမျိုး ခံစား လာစေနိုင်တယ်။ အဆုတ်အတွင်း လေအိတ်များကို ပျက်စီးစေပြီး  အဆုတ်မှာ အမာရွတ်တွေဖြစ်စေကာ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများကို ဖြစ်ပွားစေနိုင်တယ်။ သွေးကြောများအ တွင်း သွေးခဲခြင်း၊ သွေးပိတ်ခြင်း၊ (Deep Vein Thrombosis) တို့ ဖြစ်စေမယ့်အပြင် အသည်း၊ ကျောက်ကပ် ရောဂါတွေ ဖြစ်ပွားစေ နိုင်တယ် ။ စိတ်ကျခြင်း ဆိုင်ရာ စိတ်ရောဂါများ ဖြစ်ပွားစေနိုင် တာ သက်ကြီး ဘိုးဘွားများတွေမှာ ထိခိုက်မှု ပိုမိုပြင်းထန်ကာ နာတာရှည် ခံစားရစေနိုင်ခြင်းများ အပြင် အခြား မသိနိုင်သေး သည့် နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားရနိုင်ကြောင်း သတိပြု ဖို့ လိုအပ်တယ်လို့ WHO က ဆိုထားပါတယ်။
.
ကိုဗစ်ဗိုင်းရပ်စ်ဟာ ရောဂါရစေတဲ့ အဓိက လုပ်သူ မဟုတ်  ဘူး။ သူက အခြားရောဂါတွေ ဝင်လာနိုင်အောင် ကိုယ်တွင်း အင်္ဂါ တွေကို ခုခံအား လျော့အောင် လုပ်ပေးခြင်းသာ ဖြစ်တယ်လို့ဆိုပါ တယ်။ နှလုံးရောင်ရမ်းပြီး သေအောင် လုပ်တယ် ဆိုတာမျိုး ပါလို့ ဆိုပါတယ်။ စင်ကာပူမှာ ဒီရောဂါ စဖြစ်ဖြစ်ခြင်း အိန္ဒိယက အလုပ် သမား အနည်းငယ် ဒီလို နှလုံးရပ်ပြီး သေတာ ရှိတယ်လို့ဆိုပေ မယ့် ဘာကြောင့်မှန်း အတိအကျ မသိခဲ့ကြပါဘူး၊ ခုမှသာ ဆန်း စစ် တွေ့ရှိရတာလို့ သိလာကြလို့ ကိုဗစ်သုတေသီ Richard Myo Thant ကဆိုပါတယ်။
.
ကိုဗစ်ကြောင့် ရေရှည် ဖြစ်ကျန်ရစ်နိုင်တဲ့ လက္ခဏာတွေက တော့ မှတ်ဉာဏ် လျော့တဲ့ ပြဿနာ(Brain fog or memory issues)က ကိုဗစ်ကြောင့် ဦးနှောက်ဆဲလ်တွေ ထိခိုက်ပြီး neuro complication အာရုံကြောတွေ ရောင်လာပြီး ဦးနှောက်အတွင်း က white matter ကို ရောင်စေတာ ကြောင့် မှတ်ဉာဏ်ပြဿနာ၊ စဉ်းစားမရတဲ့ပြဿနာတွေ ကြုံလာနိုင်တယ်လို့ ဆိုပါတယ်။
.
နယူးယောက်မြို့က သုတေသနသမား တစ်ဦး ဖြစ်သူ Hannah Davis အပြောအရ သူနေပြန်ကောင်းပြီးကတည်းက Brain Fog   ဖြစ်နေတာ ရက်ပေါင်း ၁၄၀ ကျော်သွားပြီ ဖြစ်ကြောင်း၊ စာဖတ်ရင် အတော် ခက်ခဲစွာ ဖတ်ရတာကြောင့် သူဒီပြဿနာကို သတိထားမိပြီး ၄ လ အတွင်း ကိုယ် အပူချိန်တက်တာ၊ ခေါင်း ကိုက်တာ၊ မှတ်ဉာဏ်လျော့တာ၊  ကြွက်သားတွေ အတော်နာ တာ၊ အစာလမ်းကြောင်း မကောင်းတာ၊ နည်းနည်းလေး လှုပ်ရှားတာ တောင်နှလုံးခုန်နှုန်း ၁၅၀ အထိတက်ပြီး  နေ့တိုင်း နီးပါး persistent fever ဖြစ်တယ်လို့ ဆိုတယ်။
.
နောက် လက္ခဏာ တစ်ခုကတော့ နှလုံးပြဿနာ(Cardiac issues)လို့ ဆိုတယ်။ Colmbia University Medical Center က နှလုံးရောဂါ ပါရဂူ Dr Jennifer Haythe ရဲ့အဆိုအရ ကိုဗစ် ရောဂါက ပြန်ကောင်းလာသူတွေမှာ နှလုံးအားနည်းပြီး သွေးညှစ် ထုတ်မှု အားနည်းမယ်၊ mycartidits လို့ခေါ်တဲ့ နှလုံးကြွက် သား ရောင်ရမ်းပြီး ရင်ဘတ် အောင့်မယ်။ heart arrhythmias နှလုံးစည်းချက်ကျ ခုန်မှုပျက်ယွင်းမယ်၊ မူမမှန်တဲ့ နှလုံးခုန်မှုတွေ ဖြစ်မယ်။ ရေရှည်မှာ ခုလို ဖြစ်တာ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
.
ကိုဗစ်လူနာ ၁၀၀ ကို ၁ဝ ပတ် အကြာမှာ နှလုံးပုံရိပ် စစ်ကြည့်တဲ့အခါမှာ ၇၈ ယောက်မှာ နှလုံးခုန် မူမမှန်တာကို တွေ့ရတယ်လို့ ဆိုတယ်။
JAMA  Cardiology မှာ ရေးသားထားချက်အရ ကိုဗစ်လူနာ ၁၀၀ ကို ၁ဝ ပတ် အကြာမှာ နှလုံးပုံရိပ် စစ်ကြည့်တဲ့အခါမှာ ၇၈ ယောက်မှာ နှလုံးခုန် မူမမှန်တာကို တွေ့ရတယ်လို့ ဆိုတယ်။ နှလုံး ကြွက်သားရောင်တာ အတွေ့များတယ်လို့ ဆိုပါတယ်။
.
နောက် တစ်ခုကတော့ အသက်ရှူ မဝတာ၊ ချောင်းဆိုး မပျောက်တာ၊ ရင်ဘတ်ကို တက်ဖိထား သလို ခံစားရတာ (Shortness of Breath, cough and tightness of the chest) ပါ။ ဒီလက္ခဏာက အများဆုံးဖြစ်တဲ့ ပြဿနာလို့ဆိုတယ်၊  ရောဂါ ဖြစ်ပွားနေဆဲနဲ့ ဖြစ်ပြီး ဆက်ကျန်ရစ်တဲ့ လက္ခဏာပါပဲ။
.
Redirect Health ကDr Janice Johnston ကပြောတာ က တော့ အသက်ရှူကူစက် တပ်ရတဲ့လူနာတွေမှာ ဒီနောက်ဆက် တွဲပြဿနာကို သတိထား မိတယ်လို့ ဆိုတယ်။ အဆုတ်နဲ့ အ သက်ရှူ လမ်းကြောင်းကို ပြင်းပြင်းထန်ထန် ထိခိုက်သွားတာဖြစ်  လို့ အောက်ဆီဂျင် ပေးတာ၊ ဆေးတွေ ပေးတာ၊ လေ့ကျင့်ခန်း လုပ်တာတွေနဲ့ ပြန်လည် ကုသရတယ်လို့ သိရတယ်။
.
Arizona က အသက် ၆၀ အရွယ် Sandy Rairdan ရဲ့ အပြော အရ နှစ်လကြာတဲ့အထိ လမ်းလျှောက်တာ နာရီဝက်ထက် ပိုပြီး မလျှောက်နိုင်သေးပါဘူးတဲ့။ ရေကူးတာ အနည်းငယ်က အဆုတ် ကို ပိုမို အားကောင်းလာစေတယ်လို့ ဆိုတယ်။ နောက် Kristin Smith ကတော့ အသက်ရှူတိုင်း ရင်ဘတ်မှာ ဝေဒနာခံစားရပြီး ကိုဗစ်ကို သတိရစေတယ်လို့ ဆိုတယ်။
.
နောက် ဝေဒနာ တစ်ခုကတော့ အလွန်အမင်း ပင်ပန်းနွမ်း နယ်မှု(Fatigue) ဖြစ်စေတာပါတဲ့။  ဒီလက္ခဏာက နောက်ဆက် တွဲအဖြစ် အများဆုံးလို့ ဆိုတယ်။ Redirect Health က Dr Janice Johnston ရဲ့အပြောအရတော့ ဒီပြဿနာက သူများတွေ တင်မကဘူး၊ သူကိုယ်တိုင်မှာပါ ခံစားရပါတယ်တဲ့။ သူက ပြီးခဲ့ တဲ့ ဇွန်လမှ ကိုဗစ် ဖြစ်ခဲ့တဲ့ ဆရာဝန် တစ်ဦးပါ။
.
Montefiore Health System က တွဲဖက် ဒါရိုက်တာ Aluko A.Hope  ရဲ့အဆိုအရ ကိုဗစ်ရောဂါ အပြင်းအထန် ခံစားခဲ့ရတဲ့ လူနာတွေမှာ ကြွက်သားအင်အား ပြန်ပြည့်ဖို့ အချိန်အတော်ကြာ ယူရပါမယ်တဲ့။ သူ့အပြောမှာ ဖုန်းကိုင်ပြီး ပြောဖို့အားတောင် အခက်အခဲရှိသူ ရှိတယ်လို့ ဆိုတယ်။
.
နောက်ပြဿနာ တစ်ခုကတော့ အကြားအာရုံ ချို့ယွင်းမှု (Hearing Loss) ပါ။ NYC Hearing Associates ရဲ့ တည်ထောင်သူ အထူးကု ဆရာဝန်ကြီး Dr Shelly Borgia ရဲ့အဆိုအရ သွေးကြော တွေရောင်တာ၊ သွေးပျစ်လာတာ၊ သွေးလည်ပတ်မှု မမှန်တာတွေ က အောက်စီဂျင် လျော့ကျပြီး အကြားအာရုံ ချို့ယွင်းမှုဖြစ်စေ တာပါလို့ ဆိုတယ်။ အကြားအာရုံ tinntus မှာ ဆူညံသံတွေ ကြား နေရတာမျိုး ဖြစ်သလို အနံ့ခံအာရုံကို ထိခိုက်လို့ အနံ့မရတဲ့ ဝေဒနာဟာ သိသာထင်ရှားတဲ့ ကိုဗစ်ရောဂါ လက္ခဏာတစ်ခုလို့ ဆိုပါတယ်။ အခု မြန်မာနိုင်ငံမှာ အနံ့မရတာနဲ့တင် Hospital Quarantine ဝင်နေရပါပြီ၊ အဲဒီကမှ တို့ပတ်ယူ NHL ပို့လို့ ပိုးမ တွေ့တာတောင်မှ လုံလောက်မှု မရှိသေးရင် နောက်ထပ် ထပ် စစ်ဆေးနေပါတယ်။
.
နောက်ရောဂါ တစ်ခုကတော့ သွေးတိုး(Hypertention) ပါ ပဲ။ ကိုဗစ်ဖြစ်တဲ့ လူနာတွေမှာ သွေးပေါင်ချိန် အရမ်းတက်တာ တွေ့ရပြီး ရောဂါ မပြင်းထန်တဲ့ သူတွေတောင် သွေးတိုးပြဿနာ ကြုံရမှာပါတဲ့။ ဒီလိုဖြစ်တာဟာ ကိုရိုနာဗိုင်းရပ်စ်က သွေးကြော တွေနဲ့ နှလုံးဆဲလ်တွေကို တိုက်ခိုက်လို့ ဖြစ်ရတာလို့ သိရပါတယ်။
.
နောက် ရောဂါစုံ (other complications)ကတော့ ခေါင်း ကိုက်တာ၊ အဆစ်အမြစ် ကိုက်တာ၊ နာတာ၊ ညဘက် အိပ်မပျော် တာ၊စတဲ့ နောက်ဆက်တွဲတွေ ပါပဲတဲ့ ။ SARS ဖြစ်တုန်းက diabetes ဆီးချို ဖြစ်စေခဲ့တဲ့ သာဓကတွေ ရှိခဲ့ဖူးသလို အခု ကိုဗစ်မှာလည်း ဆီးချိုဖြစ်စေနိုင်တဲ့ အချက်တွေ တွေ့ရတယ်လို့ ဆို တယ်။
.
ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အင်ဆူလင် ထုတ်ပေးတဲ့ ဆဲလ်တွေ ကို ပျက်စီးစေတာ ဖြစ်လို့ ရေရှည် ဆီးချိုပြဿနာ ဖြစ်စေတယ်လို့ ဆိုတယ်။ ရှားရှားပါးပါး ထပ်တွေ့တာကတော့ အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါ ရောင်ရမ်းစေခြင်း ဖြစ်နိုင်တာပါတဲ့။ အမေရိကန်ပြည် ထောင်စု Texas ပြည်နယ် San Antonio က အသက် ၃၇ နှစ်အ ရွယ် အမျိုးသားတစ်ဦးမှာ ကိုဗစ်ရောဂါဖြစ်ပြီး ၁၀ ရက်အကျော် မှာ အမျိုးသား မျိုးပွားအင်္ဂါ()တွေ ရောင်ကိုင်း လာတာကနေ နာ လာတာ ၊ ချောင်းဆိုးတာ၊ ပင်ပန်းနွမ်းနယ်တာ ၊ ကြွက်သားနာ တာတွေ ဖြစ်လာတာပါပဲ။
.
အဲဒါကို ကိုဗစ်ကြောင့် ထပ်တိုးရောဂါ ဖြစ်ခြင်း( Covid complications)လို့ ခေါ်တယ်လို့ ဆိုတယ်။ ပထမ ရောဂါကို ကုသနေစဉ်မှာပဲ နောက်ထပ် ရောဂါတွေ ဖြစ်လာတာကို ပြောတာ ပါပဲ။ Covid-19 ဖြစ်စေတဲ့ Sars-CoV-2 ဗိုင်းရပ်စ်က လူကို တိုက် ရိုက် ဒုက္ခပေးတာတာထက် နောက်ရောဂါ အစုံဝင်လာနိုင်အောင် ကိုယ်တွင်းအင်္ဂါတွေကို ဒုက္ခပေးတာ၊ ဘက်တီးရီးယား စတာတွေ ဝင်လာနိုင်အောင် လမ်းကြောင်း(Secondary infection) ပွင့် သွားအောင် ဖြစ်စေတာကို သိစေဖို့ပါ။
.
အမျိုးသားတွေရဲ့ ဥတွေမှာ ကျားဟော်မုန်း ထုတ်ပေးတဲ့ Leydig Cells တွေရှိပြီး နယူးယောက်က Montefiore Medical Centerက သုတေသနတွေ ပြောတာက အဲဒီနေရာမှာ ကိုဗစ်ရော ဂါပိုးကို လူ့ခန္ဓာ ကိုယ်က ဆဲလ်တွေထဲ ချိတ်ဆက်ပေးတဲ့ ACE 2 recepter အများဆုံးရှိတဲ့နေရာ ဖြစ်ပါတယ်တဲ့။ ဒါကြောင့်ပဲ ဥ တွေကို ရောင်ကိုင်း နာကျဉ်စေတာ ဖြစ်တယ်လို့ ဆိုကြောင်းပါ။ သို့သော်လည်း ကိုဗစ်ကြောင့် ဥရောင်တာဟာ ရှားပါးပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သုတ်လွှတ်ပြွန်ကို ထိခိုက်စေတာဖြစ်လို့ သုတ်နည်းတာ၊ မျိုးပွားသုတ် လုံးဝ မတွေ့တာတွေ ဖြစ်တတ်ပါ တယ်တဲ့။ ဒီပြဿနာ ဆက်သုတေသန ပြုရဦးမှာပါလို့ ဆိုပေ မယ့် အမျိုးသားများ သတိပြု ဆင်ခြင်နိုင်ဖို့ပါ။
.
ကဲ တွေ့ဖတ်ရတာ တွေကိုတော့ ပြောပြီး ရေးပြီးပါပြီ၊ မိမိဟာ ဆရာဝန် တစ်ယောက် မဟုတ်သလို ဆေးပညာနယ်ပယ်ကလည်း မဟုတ်ပါဘူး၊ ကိုဗစ် ဖြစ်လာရင် ဘယ်လိုဖြစ်မယ် ဆိုတာ တွေကို လေ့လာ စုစည်းပြီး အများသူငါ ဆင်ခြင်ပြီး သက်ရှည် ကျန်းမာစေဖို့ သတင်းစာဆရာ တစ်ဦးအနေနဲ့ တာဝန်ထမ်း ဆောင်ရခြင်း ဖြစ်ကြောင်း ဝန်ခံပါတယ်။
.
ကိုဗစ်ရောဂါဆိုတာ ကြောက်စရာမလိုပါဘူး ဆိုပြီး ခြောက် လှန့်မှုတွေထက် သေသေချာချာ လုပ်ထားတဲ့ သုတေသန ဆန်းစစ်ချက်တွေကို ဆင်ခြင်တွေးဆ ရှောင်ကြဉ်နိုင်ဖို့ အသိပေး ရေးသားရခြင်း ဖြစ်ပါတယ်။
ကိုဗစ်ရောဂါဆိုတာ ကြောက်စရာမလိုပါဘူး ဆိုပြီး ခြောက် လှန့်မှုတွေထက် သေသေချာချာ လုပ်ထားတဲ့ သုတေသန ဆန်းစစ်ချက်တွေကို ဆင်ခြင်တွေးဆ ရှောင်ကြဉ်နိုင်ဖို့ အသိပေး ရေးသားရခြင်း ဖြစ်ပါတယ်။
.
ရောဂါ ဖြစ်လာရင် မိမိတွင်သာမက မိမိရဲ့ မိသားစု လူ့အဖွဲ့အစည်းကြီးကိုပါ အနည်းနဲ့အများ ထိခိုက်စေမှာ သေချာပေါက်ပါ။ စစ်ဖက် လုံခြုံရေးကို လက်နက်နဲ့ စစ်ရေး အသိနဲ့ စောင့်ရှောက် သလို လူသား လုံခြုံရေး၊ လူ့အဖွဲ့အစည်း လုံခြုံရေးကို ဆေးဝါးတွေ၊ ကျန်းမာရေးအသိတွေနဲ့ ဆင်ခြင် ထိန်းသိမ်း စောင့်ရှောက်နိုင်ကြမှ ဖြစ်မှာပါ။ မိမိဖြစ်ရင် မိသားစု သာမက ဆေးဝန်ထမ်း ဆရာဝန်၊ သူနာပြုတွေ၊ ဝန်ထမ်းတွေ၊ လူမှုရေး သမားတွေ၊ အခြား သူတွေကို ထိခိုက်စေမှာ ဖြစ်လို့ မိမိကိုယ်တိုင်က ကိုဗစ် ကျန်းမာရေး အသိတရား ပြည့်ဝစေဖို့ ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာ  လုပ်ဆောင်ကြဖို့ လိုပါ တယ်။
.
ကိုဗစ်ရောဂါ ကာကွယ်ဆေးက ချမ်းသာတဲ့နိုင်ငံတွေတောင် စမ်းသပ်ဆဲပါ။ ဆင်းရဲပြီး အသက်တိုတဲ့ မြန်မာနိုင်ငံအဖို့က ကံ ကို ယုံလည်းယုံ ၊ ကျန်းမာရေး လမ်းညွှန်ချက်တွေကိုလည်း လိုက်နာ လုပ်ဆောင်မှသာ မြန်မာ့လူ့အဖွဲ့အစည်းထဲက လူသား တွေ ရောဂါကြောင့် ကြွေလွင့်မှု နည်းပါးစေမှာပါ။ လူ့သက်တမ်း ဒီထက် ပိုရှည်စေဖို့က လူသားတိုင်းရဲ့ တာဝန်ပါ ။
.
နိုင်ငံတော် အနေနဲ့လည်း ပိုးကူးတဲ့လူ များလာတော့ အရင်လို အလကား မရတော့ဘူးတဲ့။ အကြွေးရရင် ဆင်တောင် သက်စေ့ ဝယ်စီးတတ်တဲ့ သူမျိုးတွေတော့ ခါးကော့တော့မယ်။ အလကား မရတော့လို့ Q ဝင် ရရင် နားကားပြီပေါ့။
.
Q ၀င်မယ့်သူ တစ်ယောက်ရဲ့ ကုန်ကျစရိတ်။ ရိုးရိုးQ ဝင်ရင် တစ်ရက် ၆၀၀၀နဲ့ ၂၁ ရက်ဆိုတော့ စုစုပေါင်း ၁၂၆၀၀၀၊ Hotel Q ဝင်ရင် တစ်ရက် ၃၀၀၀၀ နဲ့ ၂၁ ရက်ဆိုတော့ စုစုပေါင်း  ၆၃၀၀၀၀။ ၂၁ ရက်အတွင်း Covid ရှိ/မရှိ ၂ ခါ စစ်ဆေးရမယ်၊ တစ်ခါ စစ်ရင် ၂ သိန်း ၂ ခါဆို ၄ သိန်း။ အားလုံး စုစုပေါင်း ရိုးရိုး Q ဆို ၅၂၆၀၀၀ နဲ့ Hotel Q ဆိုရင် ၁၀၃၀၀၀၀ ကုန်ပါမယ်။
.
အဲ့တော့ အရင်လို စည်းကမ်းမရှိ သွားချင်ရာ သွားပြီး ပေါ့ ပျက်ပျက်နေတဲ့ သူတွေအတွက်Q အလကားဝင်လို့မရတော့သ လို ပိုးလည်း အလကား စစ်လို့ မရတော့ပါဘူးနော်။ Stay At Home နေမှာလား။ ပိုက်ဆံထပ် အကုန်ခံမှာလား။ လူနာအဖြစ်ခံ မှာလား စဉ်းစားပြီး ဆုံးဖြတ်လိုက်တော့။ ဒါက လူနာဘက်ပဲ ရှိသေးတယ်။
.
သေမင်းတမန် ကိုဗစ်ကို ကြောက်စရာမို့ ကြောက်ဖို့ လိုပါတယ်။  အဓိက ကတော့ မပေါ့ဆ ကြဖို့ပါ။ ။
.
ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့ နောက်ဆုံး တရားတော်ဖြစ်တဲ့ (အပ္ပမာဒေန သမ္မာ ဒေထ) သတိတရားကို မပေါ့မဆ မပျောက် မကြားဘဲ စောင့်ထိန်းနိုင်ကြပါစေကြောင်း တရားစကားဖြင့် နိ ဂုံးချုပ်ရင်း။ အားလုံး ကိုဗစ်ရောဂါမှ ကင်းဝေးနိုင်ကြပါစေ။

Journal Download

Photo of three cats