သေဆုံးခြင်း အကြမ်းပညာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သေဆုံးခြင်း အကြမ်းပညာ

မင်းဇော်မင်း
.
အနုပညာ ဟူသည် အကြမ်းပညာလို စုတ်ချက်ကြမ်းကြမ်း ဖြင့် ရေးဆွဲသည့် ပန်းချီကားတစ်ချပ်လို မဟုတ်သဖြင့် အနုစိတ်
မှုန်းရန် လိုမည်ဖြစ်သော်လည်း အကြမ်းပညာတွင်မူ ပုံဖော်ခြင်း ကိုသာ အဓိက မျက်မှောက်ပြုသည့်အနေဖြင့် ရေးချယ်ခြင်းဖြစ် သည့်အနုပညာ တစ်မျိုးဟု ဖွင့်ဆိုလိုလေသည်။
.
ဆိုလိုသည်မှာ အနုပညာတစ်ရပ်လို အသေးစိတ်ပုံဖော်မှုရှိမည်ဖြစ်သော်လည်း အကြမ်းပညာတွင်မူ ရည်မှန်းမှုပြီးမြောက်
ခြင်းသာ အဓိကဖြစ်သည်ဟု ဆိုခြင်းဖြစ်သည်။
.
ယခု သေဆုံးခြင်းအကြမ်းပညာဟု သုံးထားသဖြင့် သေဆုံး ခြင်း ဆိုသည့် ပုံဖော်မှုတွင် ရည်မှန်းချက်ဖြစ်သည့် သေဆုံးမှုကို ပြီးမြောက်ရန်သာ လုံ့လ ပြုခြင်းသည်သာ သေဆုံးခြင်း အ ကြမ်းပညာ ဆိုခြင်းတည်း။
.
ရှင်းပါဦးမည်။ သေဆုံးမှုဆိုသည်တွင် ဘဝတစ်ခု၏ အဆုံး သတ်ဖြစ်၍  ဆုံးခြင်းဟု ဝိဂြိုလ်ပြုပြီး သေခြင်းဆိုသည့် ဖြစ်ရပ်
ဖြင့် တွဲဘက်၍ သေဆုံးခြင်းဟု ရေးသားမှုပြုခြင်းဖြစ်ပါသည်။
.
သေခြင်း၊ သေဆုံးခြင်းဆိုသည့် သုတိသာယာနာပျော်ဘွယ် မရှိသည့် စကားကြမ်းကို အနုပညာဆိုသည့် အနုစိတ်ပညာဖြင့်
ပုံဖော်မည့်အစား ပိုမိုလိုက်ဖက်မည်ဟု ယူဆသည့် အကြမ်း ပညာဟု ကင်ပွန်းတပ်ရခြင်းဖြစ်ကြောင်းပါ။
.
စာရေးဆရာကြီး နန္ဒာသိန်းဇံက အဆုံးစီရင်ခြင်းကို လူ တွင် ၂ မျိုးရှိကြောင်း ဖော်ပြခဲ့သည်။ အခက်အခဲများ၊ ဒုက္ခ စိတ်မချမ်းသာမှုများကို ကြောက်၍ အဆုံးစီရင်ခြင်းကို (Phy sical Sucide) ဟုခေါ်ဆိုကြောင်းနှင့် ဒုတိယတစ်မျိုးကမူ မိ မိလုပ်ရမည့် အလုပ်ကို သေသေချာချာ မသိမမြင်ဘဲ ထာ၀ ရဘုရားအပေါ် လွှဲချ၊ ကံကြမ္မာအပေါ် ပုံချ၊ ဟိုလူ သည်လူ အ ပေါ်ကို အပြစ်ရှာပြီး လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဘဲ မိ မိအတွေးအခေါ်ကို မိမိ အဆုံးစီရင်ခြင်း( Philosophical Su cide) ဟု ခေါ်ကြောင်းပြဆိုသည်။
.
၎င်း အဆုံးစီရင်ခြင်း ၂ မျိုးလုံးကို လူအများ လုပ်တတ်ကြ သည်။ ဒုတိယအမျိုးအစား အဆုံးစီရင်ခြင်းကို ပိုမိုလုပ်တတ်ကြ
ကြကြောင်းနှင့် ထိုအဆုံးစီရင်မှု ၂ မျိုးလုံးက လွတ်မြောက်သွား ပါက လူမှာ ရဲဝံ့သွားသဖြင့် ခန္ဓာကိုယ် အဆုံးစီရင်ခြင်းနှင့် အ တွေးအခေါ် အဆုံးစီရင်ခြင်းတို့မှ  ကင်းဝေးစေကြောင်း ၎င်းက ရည်ညွှန်းပြုခဲ့သည်။
.
အ-ကာလမရဏ ဆိုသည့် သက်တမ်းအရ မဟုတ်ဘဲ သေဆုံးခြင်း ၁၄ မျိုးကို ဥပစ္ဆေဒက ကံဟု ဗုဒ္ဓဘာသာမှ ဖွင့် ဆိုသည်။
.
၎င်းတို့မှာ အစာငတ်၊ ရေငတ်၊ မြွေကိုက်၊ အဆိပ်သင့်၊ မီး လောင်၊ ရေနစ်၊ လက်နက်ဘေးသင့်၊ လေနာသင့်၊ သည်းခြေနာ၊ သလိပ်နာ၊ လေသည်းခြေ သလိပ်များကြောင့် ငန်းဖမ်းနာ၊ ဥတု ဖောက်ပြန်နာ၊ လောဘ မောဟစိတ်ဖြင့် အစားလွန်၊ သူတစ် ပါးကသတ်ခြင်း( သို့မဟုတ် ) မိမိကိုယ်ကို မိမိဒေါသ၊ သော က ပရိဒေဝကြောင့် သတ်သေခြင်း ၊ ကိုယ့်ကိုယ်ကို သတ်သေ ခြင်းဟူ၍ ဥပစ္ဆေဒက ကံကြောင့် သေခြင်း ၁၄ မျိုးဟု ဖွင့်ဆို ထားသည်။
.
ထိုသို့ဥပစ္ဆေဒက ကံသည်လည်း ဇနက ကံထက်အင်အား နည်းခြင်းမရှိ၊ အင်အားချင်း တူနေရင်တောင်မှ ဘုရား၊ တရား အလုပ် စစ်ကူကောင်းပါက တားမြစ်နိုင်စွမ်းရှိကြောင်း ဗုဒ္ဓဘာ သာတွင် ပြဆိုမှုများရှိသည်။
.
သေဆုံးခြင်းတွင်  သတ်သေခြင်း များပါဝင်နေသည်ကို အ ကြမ်းအားဖြင့် သိရှိပြီးဖြစ်လျှင် မိမိကိုယ်ကို သတ်သေသည့်နည်း လမ်းမျိုးစုံကိုလည်း အတွေ့အကြုံအပေါ်တွင် မူတည်၍ ကြား ယောင်၊ မြင်ယောင်ရှိကြပေမည်။ ကြီးဆွဲချသတ်သေခြင်း၊ ရေ
တွင် ခုန်ချသတ်သေခြင်း၊ အမြင့်မှ ခုန်ချသတ်သေခြင်း၊ အ ဆိပ်သောက်သေခြင်း၊ ကားရှေ့၊ ရထားရှေ့ စသည်များက အစ အမျိုးမျိုးအဖုံဖုံသော သတ်သေခြင်းများကို သိမြင်ကြားသိ ကြပေလိမ့်မည်။ အဆိုပါများမှာ အကြမ်းပညာအရ သိရှိခြင်း မျိုးပေတည်း။
.
ထို့ထက် သတ်သေခြင်းများ ရှိနေသေးသည်။ သို့သော် အ ကြိုက်တရားကြောင့်ဖြစ်စေ အခြားအကြောင်းများကြောင့်ဖြစ်
စေ မြင်သော်လည်း သတ်သေနေခြင်းဟု မယူဆကြခြင်းကြောင့် သတ်သေနေခြင်းများဟု မသိရှိကြပေ။
.
ခန္ဓာကိုယ် အဆုံးစီရင်ခြင်းများတွင် အရက်စွဲ၊ မူးယစ်ဆေး ဝါးစွဲ၊ အခြားအစွဲများအပြင် အစားအသောက် စွဲခြင်းများ၊ ဘ ဝနေထိုင်နည်းအမှားများဖြင့် ကိုယ့်ဘာသာကို သတ်သေနေ ခြင်းများလည်းရှိနေပါသည်။
.


.
အရက်၊ မူးယစ်ဆေးဝါးများကို တတိတိဖြင့်စွဲပြီး သတ်သေ နေခြင်းများအပြင် အလွန်အကျွံသုံးစွဲခြင်းများ အပြင် နံနက်စာ
မစားခြင်း၊ ညစာအဝအပြဲစားခြင်း၊ အစားအသောက်၊ အအိပ် အနေမမှန်ခြင်း ဥတုသပ္ပာယမျှအောင် မနေထိုင်ခြင်းတို့က လည်း သက်တမ်းပြည့်မနေရခြင်း၏ အကြောင်း တရားများ ပင် ဖြစ်ပေသည်။
.

မိမိသည်ပင် ပြီးခဲ့သည့်ရက်များက ဖုန်းကြည့်ခြင်း၊ TV ကြည့်ခြင်း၊ စာဖတ်ခြင်း၊ ကွန်ပျူတာ ကြည့်ခြင်းများ လွန်ကဲမှု ကြောင့် သွေးတိုးဆောင့်တက်ခြင်းအပြင် ဦးနှောက်မှ ကိုယ် ခန္ဓာကို အဓိက ထိန်းကျောင်း မောင်းနှင်သည့် Crinal nerves များအထဲက အမှတ်(၈)ဖြစ်သည့် မျှချေ ထိန်းအာရုံကြောအား နည်းမှုနှင့် နားအတွင်းရှိ အရည်အားနည်းဒဏ်ဖြင့် မသောက် ရဘဲ ပတ်ချာလည်မူးသည့်ဒဏ်ဖြင့် ဆေးရုံတက်ရခြင်းက လည်း သတ်သေခြင်း အကြမ်းပညာထဲက နည်းတစ်ခုဟု မှတ်ယူရမည် ဖြစ်ပါသည်။
.
ပါဏာတိပါတာကို သူတစ်ပါးအသက် သတ်ဖြတ်ခြင်းဟု ဝိသေသလက္ခဏာ အညွှန်းမရှိဘဲ ပရသဒ္ဒါ၊ အညသဒ္ဒါမျိုးဖြင့် တွဲစပ်ဖွင့်ဆိုထားမှုကို မတွေ့မိဟု အရှင်မြတ်အချို့က မြွက် ကြားသည်။ သတ္တဝါကို သတ်ကြောင်း စေတနာသည် ပါဏာ တိပါတမည်၏။ တစ်နည်းအားဖြင့် သတ်ချင်စိတ်သည် စိတ် စေတနာဖြစ်သဖြင့် ပါဏာတိပါတ ထိုက်သည်ဖြစ်ရာ မိမိကိုယ် ကိုသတ်ဖြတ်ခြင်းသည် သတ်ချင်စိတ်စေတနာ၊ မကောင်း သောဆိုးကျိုးဖြစ်စေသည်ဖြစ်၍ အသက်သတ်ခြင်းဟုသာ ဖွင့် ဆိုသင့်သည်ဟု မြွက်ဆိုကြသည်။
.
သဘာဝအားဖြင့် သေခြင်းသည် တားဆီး၍မရနိုင်ပေ။ သတ္တဝါတိုင်း ကောင်းသည်ဆိုးသည် ချမ်းသာဆင်းရဲ လူတိ ရ စ္ဆာန်ဘဝများကိုကား မက်မောကြသည်။ ပျော်ရွှင်ကြသည်။ နှစ်သက်တွယ်တာကြသည်။ သို့အတွက် သတ္တဝါ အချင်းချင်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းသာမက မိမိကိုယ်ကိုပင် မ သတ်ဖြတ်သင့်ကြောင်းကို အသိဉာဏ်ပညာဖြင့် ကျင့်ကြံပွား များ ဆင်ခြင်နှိုင်းဆကြရန် အလွန်ကြီးပေသည်။ သို့မှသာ ရရှိ သည့် လူ့ဘဝ၏ တန်ဖိုး ရှိပေမည်။
.
မိမိ နိုင်ကျဉ်းဘဝဖြင့် နန်းတွင်းနှင့် အိုးဘိုထောင်တွင်ရှိစဉ် နံနက် ၄ နာရီထိုးတွင် အချိန်မှန်စွာပင် အကျဉ်းထောင်မှ အသံ
ချဲ့စက်ဖြင့် နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓတရားတော်လွှင့်၍ တ ရားနာခိုင်းခြင်းကို အိပ်ချင်မူးတူးဖြင့် နာခဲ့ရသည်မှာ တစ်နေ့ တစ်ရက်တစ်လ၊ တစ်နှစ်မဟုတ် နှစ်ဆယ်ချီဖြစ်သဖြင့် ကြား ဖန်များတော့ အလွတ်နီးပါး ထုံလာခဲ့သည်။ ယခု ရောဂါအရ ချာချာလည် မူးနေစဉ်တွင် နာခဲ့ရသည့်တရားများ၊ ရွတ်နေ ကျ ပဌန်းဒေသနာက နှုတ်တွင် အလိုအလျောက် ရွတ်ဆိုနေမိ သည်က ထုံခြင်းပင် ဖြစ်သည်။
.
လူသည် ကောင်းမှုဆိုးမှုကို ဆင်ခြင်တုံတရားဖြင့် ပိုင်းခြား ဝေဖန်ဆန်းစစ်နိုင်စွမ်း ရှိသူဖြစ်သဖြင့် လူဟု သတ်မှတ် ခေါ်ဆို
သည်ဖြစ်လျှင် လူသည် မိမိ၏လူ့ဘဝသာမက မိမိတို့၏ လူ့အ ဖွဲ့အစည်း မြို့၊ ရွာ၊ နယ်ပယ် နိုင်ငံအတွက် ကောင်းမှုကောင်း ကျိုးကို ဆောင်ရွက်နိုင်စွမ်း ရှိရန်လိုအပ်ပေသည်။
.
မိမိအတွေးအခေါ်ကို မိမိအဆုံးစီရင်ခြင်း( Philosophical Sucide) မည်သည် မိမိကိုယ်တိုင်ကိုသာမက မိမိနှင့်ဆက်နွယ်
ရာပတ်သက်သည့် လူ့အဖွဲ့အစည်းကိုလည်း ပျက်စီးစေခြင်း၊ ဖျက်ဆီးခြင်း ဖြစ်ပေမည်။ သို့အတွက် မသေခင် မိမိတစ် ကိုယ်ရည်အတွက်သာမက လူ့အဖွဲ့စည်း၏ ကောင်းကျိုးကိုပါ ဆောင်သွားသင့်ပေသည်။
.
နောင်တ ဟုဆိုအပ်သော တစ်ခေတ်တစ်ခါက တစ်ပါတီ အာဏာရှင်၏ ဘဝနိဂုံးပိုင်းတွင် မိမိသည် ဗုဒ္ဓ၏တရားများကို ယခင်ကပင် နာကြားခံယူကျင့်သုံးခဲ့ပါက ၁၉၆၂ ခုနှစ် ကလို လုပ်ဆောင်ခဲ့မည်မဟုတ်ဟု သံဝေဂစကား ပြောခဲ့သည်ကို ကြားဖူးသည်။
.
သို့သော် သူ့အတွက်ရော မြန်မာ့လူ့အဖွဲ့ အစည်းအတွက် ရော မည်သို့မျှ တတ်နိုင်စွမ်းမရှိသည့် နောင်တစကား ဖြစ်နေ သော်လည်း ယခုခေတ်တွင် သူဖန်တီးခဲ့သည့် လမ်းကြောင်း တစ်လျှောက် လျှောက်လှမ်းလာသူများ အနေဖြင့် ယူတတ်ပါ ကကြိုတင် အသိသံဝေဂ ရသင့်ပါသည်။
.
သူ့အနေဖြင့် အာဏာလက်ကိုင်ရှိနေစဉ် ရွေးကောက်ပွဲအ စစ်အမှန်လုပ်ပေးပြီး အာဏာလွှဲပေးနိုင်ပါလျက် လုပ်မပေး နိုင်ခဲ့ခြင်း၊ ဘဝ၏နှောင်းပိုင်း ကာလများတွင်ပင် သူမွေးသည့် မျောက် သူ့ပြန်ချောက်ခံခဲ့ရခြင်း၊ ဘဝ၏နိဂုံးပိုင်းကို ချစ်ခြင်း မေတ္တာ တရားများအစား သူဖန်တီးခဲ့သည့် အာဏာ၏ ရက်စက်မှု များကို ခံစားခဲ့ရခြင်းများဖြင့် အိပ်ကောင်းခြင်း မအိပ်ရ၊ စား ကောင်းခြင်းမစားရ၊ နေကောင်းခြင်း မနေရသည့်အပြင် သေ ကောင်းခြင်းလည်း မသေခဲ့ရသောဘဝကို နမူနာအဖြစ်ပြဆို လိုပါသည်။ အာဏာရှင် ကျဆုံးခန်း သမိုင်း မဝေးသေးပါ။
.
လုပ်ချင်တာ လုပ်ကြစတမ်းဆိုပြီး မိဘ၊ ဘာသာ၊ သာသနာ၊ အဖွဲ့အစည်း ၊ နိုင်ငံတော်တို့ကို အိုးမဲမသုတ်ရန်လိုပါသည်။ အနာဂတ်၏ ရင်သွေးများ၏ နှလုံးသားတွေကို အိုးမဲစိတ် ဓာတ် (ညစ်စိတ်) မသုတ်လိမ်းပါနှင့်။ တစ်ဖက်ပေါက်များ အ ဖြစ် အိုးမဲမသုတ်ပါနှင့်။ လင်းလွန်းခင်တိုက်ထုတ် အိုးမဲဆို သည့် (စာရေးဆရာအမည်တော့ မဖော်ပြတော့ပါ)စာအုပ် တွင် ဂဠုန်ဦးစော၏ မိခင်အမည်မှာ ဒေါ်ပန်း၊ ဦးနေဝင်း၏ မိ ခင်အမည်မှာ ဒေါ်မိလေးဟု ခေါ်ဆိုကြောင်း၊ ညစ်စိတ်ရှိသည့် သားသမီးများက သုတ်သည့် အိုးမဲသည် ရေချိုးလိုက်ရင်ပျက် သည့်၊ သန့်စင်လိုက်ရင် သန့်ရှင်းသွားသည့် အိုးမဲမျိုး မဟုတ် ဟု ရေးသားထားသည်။
.
`ပြည်သူအများစုရဲ့ မုန်းတီးရွံရှာခြင်း ခံရသူတွေဟာ ကိုယ်ကိုယ်တိုင် အိုးမဲပေနေသူတွေပေါ့၊ သူတို့ရဲ့ အိုးမဲတွေ ကြောင့် သူတို့မိခင်တွေရဲ့ မျက်နှာကိုပါ အိုးမဲတွေပေသွား စေ တော့တယ်၊ နောက်ဆုံး မိခင်မျက်နှာကို အိုးမဲသုတ်သလို ဖြစ် သွားရတော့တယ်၊ အဲဒီလိုအိုးမဲမျိုးတော့ မိခင်တွေရဲ့မျက်နှာ ကို မသုတ်ကြပါနဲ့ကွယ်`ဟု ဖော်ပြထားသည်ကို ဆင်ခြင်တွေး ဆနိုင်စေဖို့ပါ။
.
သေသည်၏ အခြားမဲ့၌လည်း ပါသွားသည့် အိုးမဲများ ပျောက်ပျယ်သွားမည်မဟုတ်ဘဲ ဖျက်မရသည့် ဝဋ်ကြွေးများ ပါရှိသွားမည်မှာ မုချဧကန်ဖြစ်ပေသည်။
.
မူဆယ်ကိုစန်ရဲ(မြင့်မြတ်မောင်မယ်)၏ စကားစုလေးထဲ ကအချို့ကို လက်ဆောင်ပါးလိုပါသည်။`လက်နက်နိုင်ငံ တော်`တဲ့ ငြိမ်းချမ်းရေးလို့ ခပ်တိုးတိုးလေး အော်တယ်၊ ခြေ တဖက်မရှိတော့တဲ့ ဆေးရုံခုတင်ပေါ်က ကလေးတွေနဲ့ ချိုင်း ထောက်တစ်ဖက်ထောက်ပြီး ပန်းရောင်းနေတဲ့ စစ်သားအိုတွေ က။
.
ဒီဘက်က ရာသီဥတုဆိုးတယ်၊ ဂျိုးဖြူငှက်တွေ မပျံသန်း လာရဲဘူး။ ယမ်းခိုးတွေကြား သံလွင်ခက်တွေ မီးသင့် ကုန်တယ်၊
စစ်ရှောင်(အေးလေ တိုက်ပွဲရှောင်လို့ သုံးရမယ်တဲ့)ကလေး တွေနေတဲ့ တဲအမိုးတွေက ကြယ်မြင်လမြင်၊ မိုးယို၊ နှင်းကျ။
.
`ခေါင်မှ မလုံခဲ့တာဘဲ ကလေးရယ်`ပေါက်ကွဲကုန်တဲ့ လက်နက်ကြီးတွေ လက်လုပ်မိုင်းတွေရဲ့ သံတိုသံစတွေက အ မျိုးသားရင်ကြားစေ့ဖို့ စတေးခံ။ အပစ်အခတ် ရပ်စဲရေးအတွက် နောက်ထပ် နောက်ထပ် ငါတို့သံစတွေ ဘယ်ခန္ဓာကိုယ်ထဲမှာ မြှုပ်ဝင်ပေးရမလဲ။
.
မြေမြှုပ်ခံရပြီဆိုရင်တောင် ဆုတောင်းစာ ရွတ်သံမကြားရ တဲ့ မြေစာပင်ဘဝ။ ငါတို့ ဂလိုဘယ်လိုက်ဇေးရှင်းမှာ သစ်တော တွေက ကျည်ဆံဖြစ်ပေးရ၊ ကောက်ပဲသီးနှံတွေက မြေမြှုပ် မိုင်းတွေ ဖူးပွင့်ပေးရတယ်။ တွင်းထွက်တွေက ဗိုလ်ချုပ်ရွာတွေ တည်ပေးရတယ်။
.
ဘယ်သူမှ အိုးမဲလာမသုတ်နဲ့။ ငါတို့အိမ်ကြက်ချင်းပဲ ခွပ် မယ်။ စားခွက်လုမယ်။ မာန်ဖီမယ်။ သေနတ်မောင်းညှစ်မယ်။ နားတွေပါတယ်၊ တရားမျှတခြင်းတွေ ကြားနိုင်စွမ်းမရှိဘူး။ ပါး စပ်တွေပါတယ်၊ များလူခပ်သိမ်း ငြိမ်းချမ်းမယ့် အသံထွက်မလာ ဘူး။ ဒါက ခွင့်တူညီမျှ ငါတို့နိုင်ငံရေးပဲ။
.
ပျက်စီးနေတဲ့ လူ့အဖွဲ့အစည်းအကြောင်း ဂူးဂဲလ်မှာ လိုက် ရှာတယ်၊ ကျမ်းစာအုပ်လှန်ဖတ်တယ်။ `တွေ့ပြီ` ဝက်တို့သည် ဝက်များနှင့် တူကြပြီး လူတို့သည် လူသားများနှင့်မတူကြတဲ့။ ငြိမ်းချမ်းရေးအကြောင်းပြ အာဏာရှင်လမ်းစဉ်များ ကမ္ဘာပေါ် တွင် ပပျောက်စေရန် အာဇာနည်တွေ ပေးဆပ်ခဲ့၊ ပေးဆပ်ဆဲ၊ ပေးဆပ်နေရဦးမည်လား။ ထိုနည်းလမ်းများက သေဆုံးခြင်း အကြမ်းပညာများပေလား။
.
ယင်းသို့ဆိုလျှင် ထိုသေဆုံးခြင်း အကြမ်းပညာအရ ဗိုလ် ချုပ်အောင်ဆန်းတို့လို သေခြင်းမျိုးက အကာလမရဏဆို သော်လည်း နောင်တမရှိ လွမ်းတခြင်းများသာ ရှိခဲ့ပြီး အာဏာ ရှင်ကျဆုံးခန်းတွင်မူ နောင်တများဖြင့်သာ ယှဉ်အပ်သည့် သံ ဝေဂတရားများ ဖြင့်သာ။
.
ယခုတွင်လည်း  အတ္တချည့်သာ မဟုတ်ဘဲ  ရသင့်သည်ထက် ပိုရခဲ့ကြသူများ ဖြစ်သည့်အပြင် သက်တမ်းပိုင်းလည်း ၆၄/၆၅
အထက်ပိုင်း ရောက်ရှိခဲ့ကြပြီဖြစ်ရာ ကျေနပ်သင့်ကြပါပေပြီ၊ အထက်တွင် ဖော်ပြခဲ့သလို ခန္ဓာကိုယ်ကို သတ်သေခြင်းများ တွင် သူ့နယ်ပယ်များအလိုက် အသေထွက်၊ အရှင်ထွက်များရှိ ပါသည်။ အစွန်းဆုံးထိ မိုက်မဲမှုများဖြင့် မိမိအတွေးအခေါ်ကို မိမိအဆုံးစီရင်ခြင်း ( Philosophical Sucide) ကို သေဆုံး ခြင်းအထိ ယူဆောင်သွားမည်လား သို့တည်းမဟုတ် ရောက် သည့်နေရာမှ အသိတရားများဖြင့် လူ့အဖွဲ့အစည်းများ အ တွက် ကျေးဇူးတုံ့လှယ် ပေးအပ်သွားမည်လား ဆုံးဖြတ်စေ ချင်ပါသည်။
.
လိပ်ပြာသန့်ခြင်းလောက် နူးညံ့သည့် ခေါင်းအုံးဟူ၍ မရှိ (There is pillow as soft a clear conscience) ဟူသော စကား အရ အိပ်ကောင်းခြင်း အိပ်နိုင်ဖို့၊ စားကောင်းခြင်း စားနိုင်ဖို့၊ နေ ကောင်းခြင်းနေနိုင်ဖို့များအပြင် အဆုံးစီရင်မှု ၂ မျိုးလုံးမှ လွတ် မြောက်သွားပါက လူမှာရဲဝံ့သွားမည်ဖြစ်သဖြင့် လိပ်ပြာသန့် သည့် ရဲဝံ့မှုများဖြင့် သေကောင်းခြင်း သေနိုင်ဖို့ကိုလည်း ယခု ကပင် စဉ်းစားဆင်ခြင် သုံးသပ်ကာ သတိ သံဝေဂများဖြင့် နောင်တ တရားများ အစား ပီတိသောမနဿများဖြင့် ဘဝကူး ကောင်းကြပါစေကြောင်း နှလုံးသားမှ မေတ္တာတရားများစွာဖြင့် ရည်ညွှန်းပါသည်။
.
သေဆုံးခြင်းကို အကြမ်းပညာသဘောအရ ဘာသာရေး ရှုထောင့်အမြင်ထက် တိုင်းပြုပြည်ပြု ရှုထောင့်အမြင်ဖြင့် ဖော် ညွှန်းခြင်း ဖြစ်သဖြင့် ဓမ္မ န္တရာယ် မဖြစ်စေကြောင်း ရည်ညွှန်းပါ သည်။
.
ကမ္ဘာသူ ကမ္ဘာသားအပေါင်း မြန်မာနိုင်ငံသူ နိုင်ငံသားအ ပေါင်း သတိသံဝေဂဖြင့် ဘဝကူး ကောင်းနိုင်ကြပါစေ။

Journal Download

Photo of three cats