မင်းမင်း
.
ပြည်ထောင်စု လွှတ်တော်က ၂၀၁၉ ခုနှစ် မေလ၌ အသစ် ပြင်ဆင်ရေးဆွဲ ပြဌာန်းခဲ့သော
လောင်းကစား ဥပဒေသည် မြို့တော် တောင်ကြီး အပါအဝင် ရှမ်းပြည်နယ် အတွင်းရှိ မြို့ နယ်၊
ဒေသအသီးသီးတွင် အာဏာ သက်ဝင်ခြင်း မရှိသကဲ့သို့ လောင်းကစား ဒိုင်ကြီးများ၊ ကိုယ်စားလှယ်ဒိုင်ခွဲများက
သက် ဆိုင်ရာ ဌာန အသီးသီးရှိ အရာရှိကြီးငယ်တို့အား ၎င်းတို့ လုပ်ကိုင်ကြသည့် လောင်းကစား
လုပ်ငန်းများမှ ရရှိ သော ငွေကြေး များထဲမှ ဝေစု ခွဲတမ်းအချို့ကို လစဉ်ပုံမှန် လိုင်းကြေး
အဖြစ် ခွဲဝေပေးကာ လောင်းကစား ဥပဒေကို လက် တစ်လုံးခြား ပြုလုပ်၍ လောင်းကစားခြင်း အမျိုးမျိုး
လုပ်ကိုင်နေကြသည်။
.
ယင်းလောင်းကစားဒိုင်ကြီးများ၊ ကိုယ်စားလှယ်ဒိုင်ခွဲများမှ လစဉ်ပုံမှန်
ခွဲဝေပေးသည့် (လိုင်းကြေး) ငွေကြေး ရယူထားသ ဖြင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများအနေဖြင့်
တရားမဝင် လုပ်ငန်း ဖြစ်သော်လည်း ဥပဒေအရ တားမြစ် ကန့်သတ်ချက် များကို မျက်ကွယ်ပြု၍ နားလည်မှုထားကာ
ဖမ်းဆီးအရေးယူ ခြင်းများ မဆောင်ရွက်သောကြောင့် လောင်းကစားကို အခြေခံ ၍ အခြား ရာဇဝတ်မှုများ
ဖြစ်ပွားလာသည့် အပြင် ကျန်တရား မဝင် လုပ်ငန်းများနှင့် မှောင်ခိုလုပ်ငန်းများကို အားပေးအား
မြှောက် ပြုသကဲ့သို့ ဖြစ်နေသည်။
.
ထို့အတူလောင်းကစားခြင်းပြုလုပ်သူ အချို့သည် သက်ဆိုင် ရာဌာနများမှ
လောင်းကစား ဥပဒေအရ ဖမ်းဆီး အရေးယူခံရကာ တရားရေးဌာနများမှ ငွေဒဏ်သော်လည်းကောင်း၊ ထောင်ဒဏ်
သော်လည်းကောင်း၊ ဒဏ်နှစ်ရပ်လုံး သော်လည်းကောင်း ပြစ် ဒဏ် ချမှတ်ခံရသော်လည်း လောင်းကစားခြင်းကို
ပြုလုပ်နေ မြဲပင် ဖြစ်သည်။
.
လောင်းကစားလုပ်ငန်း အသီးသီးလုပ်ကိုင်နေသော ဒိုင်ကြီး များမှာ ဖမ်းဆီးအရေးယူခြင်းနှင့်
ပြစ်ဒဏ် ချမှတ်ခံရခြင်းတို့မှ လစဉ်ပုံမှန်ခွဲဝေပေးနေသည့် လိုင်းကြေး အစွမ်းဖြင့် ကင်းလွတ်
နေကြသည့်အပြင် သက်ဆိုင်ရာ ဌာနများမှ အရာရှိကြီးငယ်တို့၏ အလိုလိုက် အကြိုက်ဆောင်ကာ လောင်းကစား
လုပ်ငန်းကို တွင် တွင်ကျယ်ကျယ် လုပ်ကိုင်နေသူများလည်း ရှိနေသည်။
.
ပြည်သူလူထုအနေဖြင့် လောင်းကစားခြင်းအား နည်း အ မျိုးမျိုးဖြင့်
ကန့်ကွက်ရှုတ်ချနေသော်လည်း သက်ဆိုင်ရာ ဌာန များမှ တာဝန်ရှိသူများ အနေဖြင့် လောင်းကစားဒိုင်ကြီးများ
အ ပြင် ကိုယ်စားလှယ် ဒိုင်ခွဲများနှင့် ငွေကြေး တစ်စုံတစ်ရာပေး အပ် ထားခြင်းကို ထောက်ထားကာ
နားလည်မှု ထားခြင်းများ ရှိနေသ ရွေ့ လောင်းကစားခြင်းမှာ ရာနှုန်းပြည့် ပပျောက်မည်မဟုတ်ချေ။
.
ထိုကဲ့သို့ လောင်းကစား ပြုလုပ်နေခြင်းများနှင့် စပ်လျဉ်း၍ ၂၀၁၉
ခုနှစ် လောင်းကစား ဥပဒေ အခန်း(၅)ပါ တားမြစ်ချက် များတွင် ပုဒ်မ(၈)-မည်သူမျှ အများပြည်သူနှင့်
ဆိုင်သော နေ ရာတွင် (က) လောင်းကစားခြင်း ပြုလုပ်ရန် လောင်းကြေး တောင်းခံ စုဆောင်းခြင်း
မပြုရ၊ (ခ) လောင်းကစားခြင်း၊ လောင်း ကစားရန် အားပေး ကူညီခြင်း၊ လူစုခြင်း၊ လှုံ့ဆော်ခြင်း
မပြုရ၊ (ဂ) မည်သည့် အားကစားပွဲ (သို့မဟုတ်)လေ့ကျင့်ပွဲကို မဆို လောင်းကစားခြင်း၊ လောင်းကစားရန်
တစ်နည်းနည်းဖြင့် အား ပေး ကူညီခြင်း၊ လူစုခြင်း၊ လှုံ့ဆော်ခြင်း မပြုရ။ ပုဒ်မ (၉)-မည်သူ
မျှ လောင်းကစား အိမ်တွင် (က) လောင်းကစားခြင်းများမပြုရ၊ (ခ) ရောက်ရှိနေစေခြင်းမရှိရ၊
ပုဒ်မ (၁၀)-မည်သူမျှ (က) လောင်း ကစားအိမ် ဖွင့်လှစ်ခြင်း၊ တည်ထောင်ခြင်း၊ စီမံခန့်ခွဲခြင်း
(သို့မ ဟုတ်) ထိုသို့ဆောင်ရွက်ခြင်းကို တစ်နည်းနည်းဖြင့် အားပေးကူ ညီခြင်း မပြုရ၊
(ခ) လက်ဝယ်ရှိသော (သို့မဟုတ်) အသုံးပြု ခွင့်ရ သော အိမ်၊ အဆောက်အအုံ၊ ကာရံထားသောနေရာ၊
ဝန်း၊ခြံ၊ အ ခန်း၊ ယာဉ်တစ်ခုခုကို လောင်းကစားအိမ် အဖြစ် ဖွင့်လှစ်ရန်၊ တည်ထောင်ရန်
(သို့မဟုတ်) အသုံးပြုရန် ခွင့်မပြုရ။
.
ပုဒ်မ(၁၁)-မည်သူမျှ ခွင့်ပြုချက်မရှိဘဲ အောက်ပါတို့ကို မပြုရ
(က) ထီ သို့မဟုတ် ထီကဲ့သို့သော အခြားကံစမ်း ကစားနည်း တစ် ခုခုကို ဖွင့်လှစ်ခြင်း၊ စီမံခန့်ခွဲခြင်း၊
လောင်းကြေး လက်ခံခြင်း၊ ဒိုင်အဖြစ် ဆောင်ရွက်ခြင်း၊ ငွေကြေး အကျိုးမြတ် ရယူခြင်း (သို့မဟုတ်)
ထိုသို့ဆောင်ရွက်ခြင်းကို တစ်နည်းနည်းဖြင့် အား ပေး ကူညီခြင်း။ (ခ)ကာစီနိုကို တည်ထောင်ခြင်း၊
ဖွင့်လှစ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ လောင်းကြေးလက်ခံခြင်း၊ ဒိုင်အဖြစ်ဆောင်ရွက် ခြင်း၊
ငွေကြေး အကျိုးအမြတ် ရယူခြင်း(သို့မဟုတ်) ထိုသို့ဆောင် ရွက်ခြင်းကို တစ်နည်းနည်းဖြင့်
အားပေး ကူညီခြင်း၊ ပုဒ်မ(၁၂)- မည်သူမှု ပုဒ်မ(၁၁)ပါ ကစားနည်း တစ်မျိုးမျိုးတွင် ပါဝင်လောင်း
ကစားခြင်း မပြုရ၊ ပုဒ်မ(၁၃)-မြန်မာနိုင်ငံသား မည်သူမျှ ကာစီ နိုအတွင်း ဝင်ရောက် လောင်းကစားခြင်း
မပြုရ၊ ပုဒ်မ(၁၄)-မည်သူမျှ လောင်းကစားရန် ငွေချေးခြင်း (သို့မဟုတ်) ငွေကြေး ထောက်ပံ့ခြင်း
မပြုရ ဟု ဖော်ပြ ပါရှိသည်။
.
ယင်း လောင်းကစား ဥပဒေပါ တားမြစ်ချက်များကို ကြည့် ခြင်းအားဖြင့်
လောင်းကစား ဒိုင်ကြီးများနှင့် ကိုယ်စားလှယ်ဒိုင်ခွဲ များမှ လစဉ် လိုင်းကြေးပေးဆောင်ခြင်းအား
လက်ခံ ရယူနေ သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှာ ၎င်းတို့ကိုယ်၌ပင် လောင်း ကစား ဥပဒေပါ
တားမြစ်ချက်များနှင့် နိုင်ငံ့ဝန်ထမ်း ဥပဒေတို့ကို ဖောက်ဖျက် ကျူးလွန်နေကြသည့် အပြင်
နိုင်ငံဝန်ထမ်းများသည် တရားဥပဒေ စိုးမိုးရေးကို အလေးထား ဆောင်ရွက်ခြင်း မရှိသော ကြောင့်
အခြား ရာဇဝတ်မှုများ မဖြစ်ပွားလာရန် ကြိုတင်ကာ ကွယ် တားဆီးမှုများ လုပ်ဆောင်နိုင်မည်
မဟုတ်ချေ။
.
.
“ဘယ်နယ်မှာပဲ ဖြစ်ဖြစ် လောင်းကစား ဒိုင်ကြီးတွေနဲ့ တ ခြား ကိုယ်စားလှယ်
ဒိုင်ခွဲတွေ ရဲကိုလိုင်းကြေး ပေးပြီး အဆင်ပြေ နေကြတာ ချည်းပဲ။ ဘာမှ စိုးရိမ်စရာလဲမလိုဘူး။
တစ်ခုခုဆို ဟို က ဖုန်းဆက် အသိပေးတယ်။ လူမှုကွန်ရက် တွေနဲ့သတင်းဂျာနယ် တွေမှာ လောင်းကစား
ဝိုင်း ဖမ်းတာတွေ ကြည့်လိုက်ရင် သိသာ တယ်။ လောင်းကစား ပပျောက် စေလိုလို့ လုပ်တာလား၊
အမှုရှာ တာလား ဆိုတာ။ တကယ်တမ်းဆို ဘာလောင်းကစားမှ မရှိ တာ အကောင်းဆုံးပဲ။ ပြည်သူတွေဘက်ကလည်း
လောင်းကစားကို လုံးဝ မလုပ်ဖို့လည်း လိုတယ်။ ဒိုင်တွေ၊ ကိုယ်စားလှယ်တွေက ရဲကို လိုင်းကြေးပေးလို့
မဖမ်းတာပါ၊ ဘယ်သူ့ကျ ဘာလို့ ဖမ်း တာဆိုပြီး ဝေဖန်နေလို့ မရဘူး။ အဓိကက ပြည်သူနဲ့ အစိုးရပူး
ပေါင်းပြီး လောင်းကစားတွေ အမြစ်ပြတ်အောင် လုပ်ဆောင်ဖို့ လိုတယ်”ဟု တောင်ကြီးမြို့ ဒေသခံ
ကိုရဲဝင်းထွန်းက ၎င်း၏ အမြင်ကို ပြောသည်။
.
ထို့အပြင် နိုင်ငံတကာဘောလုံးပြိုင်ပွဲများ၊ နှစ်လုံးထီ၊ သုံး လုံးထီ၊
ဖဲလောင်းကစားနှင့် အခြားလောင်းကစား အမျိုးမျိုး ပြု လုပ်ခြင်းများကို သက်ဆိုင်ရာမှ
တည်ဆဲ ဥပဒေများအရ ဖမ်းဆီး အရေးယူ ပြစ်ဒဏ် ချမှတ်ခြင်းများ ရှိနေသော်လည်း လောင်း ကစားခြင်းများမှာ
သိသိသာသာ လျော့နည်းသွားခြင်းမရှိသကဲ့ သို့ တရားဥပဒေစိုးမိုးမှုသာ လျော့ကျ လာကြောင်း၊
လုယက်မှု၊ ခိုးမှု၊ ဖောက်ထွင်းမှု၊ လိမ်လည်မှုနှင့် အလွဲသုံးစားပြုလုပ်မှုတို့က သက်သေ
သာဓက ပြနေသည်။
.
ယခင်က တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက် အသီးသီးတွင် ဌာန ဆိုင်ရာ
ဝန်ထမ်းများအား လစဉ် ပုံမှန်ငွေကြေး (လိုင်းကြေး) ပေး ဆောင်၍ ငါးပစ် လောင်းကစားဆိုင်များ
နေရာအနှံ့ ဖွင့်လှစ်လုပ် ကိုင်မှုများ ရှိခဲ့ဖူးသည်။
.
ယင်း ငါးပစ်လောင်းကစားများကြောင့် စီးပွားလုပ်ငန်း ဆုံး ရှုံးသူများ၊
စည်းစိမ်ဥစ္စာ ဆုံးရှုံးသူများ၊ အိမ်ထောင်ရေး ပြိုကွဲရ သူများနှင့် လောင်းကစားခြင်းကြောင့်
အကြွေးများပေးနိုင်ခြင်း မရှိသည့် အတွက် မိသားစုကို ပစ်၍ ထွက်ပြေးရသူများအပြင် ယင်း
လောင်းကစား ပြုလုပ်ရန်အတွက် ပစ္စည်းများ ခိုးယူခြင်း၊ လုယက်ခြင်းနှင့် အခြား ရာဇဝတ်မှု
မကင်းသည့် လုပ်ရပ်များ ပြုလုပ်ခြင်းများ ဖြစ်ပေါ်လာကာ ပြည်သူများအနေဖြင့် တရား ဥပဒေ
စိုးမိုးရေးအတွက် ငါးပစ် လောင်းကစားဆိုင်များ ပ ပျောက်သည်အထိ ကန့်ကွက် ရှုတ်ချခဲ့ရသည်ဟု
သိရသည်။
.
သို့သော် ယနေ့အထိ နိုင်ငံတကာဘောလုံးပွဲ၊ သုံးလုံးထီ၊ နှစ် လုံးထီ၊
ဖဲ လောင်းကစားနှင့် အခြားလောင်းကစား လုပ်ငန်းများ ရှိနေဆဲဖြစ်သည့် အပြင် Online လောင်းကစားခြင်းနှင့်
ထိုင်းထီ လောင်းကစားခြင်း လုပ်ငန်းများ ပေါ်ပေါက်လာပြီး လူမှုကွန် ရက်ပေါ်တွင် ဥပဒေအား
မထီမဲ့မြင်ပြု၍ ယင်း လောင်းကစား နည်းများကို ထင်သာမြင်သာ ကြော်ငြာခြင်းများပါ လုပ်ဆောင်
လာကြသည်။
.
လတ်တလော ပိုမိုတွင်ကျယ်လာသည်မှာ ထိုင်း ထီကံစမ်း ခြင်း ဖြစ်သည်။
၎င်းထိုင်းထီသည် ဂဏန်း ၆ လုံး ပါဝင်ပြီး ထိုင်း အစိုးရမှ မည်သည့် နိုင်ငံသားမဆို ကံစမ်းခွင့်ပြုထားကာ
ဆုငွေ ထုတ်ယူခွင့်ရှိသော ထီတစ်မျိုးဖြစ်ပြီး ထိုင်းထီ ကံထူးရှင်များမှ ဆုကြေးငွေ ထုတ်ယူရာတွင်
ထိုင်းအစိုးရသို့ ဆုကြေးငွေ၏ ၃ ရာ ခိုင်နှုန်းကို အခွန်အဖြစ် ပေးဆောင်ရပြီး လစဉ် ၁
ရက်နေ့နှင့် ၁၆ ရက်နေ့ တို့တွင် ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။
.
ယင်း ထိုင်းထီတွင် ပထမဆု ဘတ်သိန်း ၆၀၊ ဒုတိယဆု ဘတ် ၂ သိန်း၊ တတိယဆု
ဘတ် ၈ သောင်း၊ စတုတ္ထဆု ဘတ် ၄ သောင်း၊ ပဉ္စမဆု ဘတ် ၂ သောင်းသတ်မှတ်ထားခြင်းကြောင့်
ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများအပြင် ပြည်တွင်းရှိ ပြည်သူများပါ စိတ်ဝင် စားမှု
မြင့်တက်လျက် ရှိသည်။
.
၂၀၁၉ ခုနှစ် လောင်းကစား ဥပဒေတွင် မည်သူမျှ ခွင့်ပြု ချက် မရှိဘဲ
ထီ (သို့မဟုတ်) ထီကဲ့သို့သော ကစားနည်းများကို လောင်းကစားခြင်းနှင့် ကူညီ အားပေးခြင်း
မပြုလုပ်ရဟု အတိ အလင်း ပြဌာန်းထားသော်လည်း ပြည်တွင်းရှိ လူမှုကွန်ရက် သုံး စွဲသူ အချို့မှာ
ယင်းထီကို Online မှတစ်ဆင့် ပြန်လည်ရောင်း ချခြင်းများ ပြုလုပ်လာသည့် အပြင် ပြည်တွင်းရှိ
နိုင်ငံသားများမှာ ထိုင်းထီ လောင်းကစားခြင်းကို ပိုမို ပြုလုပ်လာကြသည်။ ထို လောင်းကစားခြင်းကို
သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် တည်ဆဲဥပဒေများနှင့်အညီ တားဆီးကာကွယ်မှုများ လုပ်ဆောင်
သင့်သည်။
.
မည်သူမဆို အများပြည်သူနှင့် ဆိုင်သော နေရာတွင် လောင်းကစားခြင်း၊
လောင်းကစားနှင့် ဆိုင်သော မည်သည့် ကိစ္စရပ် မဆို ပြုလုပ်လျှင် အနည်းဆုံး ထောင်ဒဏ် ၁
လမှ အများ ဆုံး ၆ လအပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ၎င်းပုဒ်မ (၈) ကို ထပ်မံကျူးလွန်ကြောင်း
ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ၁ နှစ် အပြင်ငွေဒဏ်
လည်း ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။
.
ထို့အပြင် ပုဒ်မ (၉) လောင်းကစား အိမ်တွင် လောင်းကစား ခြင်းနှင့်
ရောက်ရှိနေခြင်းတို့ ဖြစ်ပါက အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ထောင်ဒဏ် ၁ နှစ် အပြင်ငွေဒဏ်လည်း
ချ မှတ်နိုင်ပြီး ၎င်းပုဒ်မ (၉) ကို ထပ်မံ ကျူးလွန်ကြောင်း ပြစ်မှုထင် ရှားစီရင်ခံရလျှင်
အနည်းဆုံး ထောင်ဒဏ် ၁ နှစ်မှ အများဆုံး ထောင်ဒဏ် ၃ နှစ် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါသည်။
.
ပုဒ်မ(၁၀)အရမည်သူမျှ လောင်းကစားအိမ် ဖွင့်လှစ်ခြင်း၊ တည်ထောင်ခြင်း၊
စီမံ ခန့်ခွဲခြင်း သို့မဟုတ် ဆောင်ရွက်ခြင်းနှင့် လက်ဝယ်ရှိသော အိမ်၊အဆောက်အအုံ၊ ကာရံထားသော
ဝင်း၊ ခြံ၊ အခန်း၊ ယာဉ်တစ်ခုခုတွင် မည်သူမျှ လောင်းကစားအိမ် ဖွင့် လှစ်ခြင်း၊ တည်ထောင်ခြင်းနှင့်
အသုံးပြုခြင်းတို့ကို ပြုလုပ်ပါက အနည်းဆုံး ထောင်ဒဏ်(၁)နှစ်မှ အများဆုံး ထောင်ဒဏ်(၃)
နှစ် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ၎င်းပုဒ်မ(၁၀)ကို ထပ်မံ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင်
အနည်းဆုံးထောင် ဒဏ်(၃)နှစ်မှ အများဆုံး ထောင်ဒဏ်(၅)နှစ်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။
.
ပုဒ်မ (၁၁) အရ ထီသို့မဟုတ် ထီကဲ့သို့ အခြား ကံစမ်းကစား နည်း တစ်ခုခုကို
ဖွင့်လှစ်ခြင်း၊စီမံခန့်ခွဲခြင်း၊လောင်းကြေးလက်ခံခြင်း၊ ဒိုင်အဖြစ်ဆောင်ရွက်ခြင်း၊
ငွေကြေးအကျိုးအမြတ်ရယူခြင်း ထိုသို့ဆောင်ရွက်ခြင်းကို အားပေး ကူညီခြင်းတို့ ပြုလုပ်ပါက
အ နည်းဆုံး ထောင်ဒဏ် ၁ နှစ်မှ အများဆုံး ထောင်ဒဏ် ၃ နှစ် အ ပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပြီး
၎င်းပုဒ်မ (၁၁)ကို ထပ်မံကျူး လွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံလျှင် အနည်းဆုံး
ထောင် ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၅ နှစ် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
.
ပုဒ်မ (၁၂) နှင့် ပုဒ်မ (၁၃) ပါ တားမြစ်ချက်များကို ဖောက် ဖျက်
ကျူးလွန်ပါက အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ထောင်ဒဏ် ၁ နှစ် အပြင် ငွေဒဏ်လည်း
ချမှတ်နိုင်ပြီး ထပ်မံကျူး လွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် အနည်းဆုံး
ထောင်ဒဏ် ၁ နှစ်မှ အများဆုံး ထောင်ဒဏ် ၃ နှစ်အပြင် ငွေ ဒဏ်လည်း ချမှတ်နိုင်သည်။
.
ပုဒ်မ(၁၄)အရ မည်သူမျှ လောင်းကစားရန် ငွေချေးခြင်း သို့မဟုတ် ငွေကြေး
ထောက်ပံ့ခြင်း ပြုလုပ်ပါက အနည်းဆုံး ထောင်ဒဏ် ၁ နှစ်မှ အများဆုံး ထောင်ဒဏ် ၃ နှစ် အပြင်
ငွေဒဏ် လည်း ချမှတ်နိုင်ပြီး ထပ်မံကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီ ရင်ခြင်း ခံရလျှင်
အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၅ နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
.
အလားတူ လောင်းကစားခြင်းဖြင့် ရရှိသော ငွေကြေးသည် ငွေကြေး ခဝါချမှု
တိုက်ဖျက်ရေး ဥပဒေ အရ တရားမဝင်ရရှိသည့် ငွေကြေးဖြစ်သည့်အတွက် ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းနိုင်
သည်။
.
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပြဌာန်းခဲ့သော ဥပဒေ များအနက် အချို့မှာ
အကြောင်း အမျိုးမျိုးကြောင့် လက်တွေ့ တရားဝင် ကျင့်သုံးနိုင်ခြင်း မရှိသေးသလို သက်ဆိုင်ရာ
ဥပဒေကို ကြီးကြပ်ရမည့် ဌာနများ၏ အားနည်းချက်များကြောင့်လည်း ဥပဒေများ အသက်မဝင် သကဲ့သို့
ဖြစ်နေသည်မှာ အားလုံး အ သိပင် ဖြစ်သည်။
.
လောင်းကစားမှု ပပျောက်ရေး၊ တရားဥပဒေ စိုးမိုးရေးတို့အ တွက် အစိုးရ၊
လွှတ်တော်၊ သက်ဆိုင်ရာ တာဝန်ရှိ ဌာနဆိုင်ရာများ၊ ပြည်သူများ အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရမည်သာ
ဖြစ်ပါ သည်။