ကပ်ကာလနှင့် အနုပညာသမား ဘဝ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကပ်ကာလနှင့် အနုပညာသမား ဘဝ

 ကျော်လင်းထွန်း (ချောင်းဦး)

.

ဗာဟု သိစ္စဉ္စ၊ သိပ္ပဉ္စ

ဧတံမင်္ဂလ မုတ္တမံ။

ဆိုသောမင်္ဂလာတရားတော်နှင့်အညီ အသိပညာသင်ကြား ပေးရသော ဝိဇ္ဇာ သိပ္ပ၊ လူ့ကိစ္စ ပညာရေးလုပ်ငန်း ခေတ္တရပ်ဆိုင်း မည်ကို မည်သူမျှတွေးထင်မထားမိကြပေ။

`ဘိုးဘွားအမွေအနှစ်

ရိုးရာယဉ်ကျေးမှု

ဂီတအနုပညာ သဘင်နှင့်

ဓလေ့ထုံးတမ်း အစဉ်အလာများ`

နှစ်တစ်ဝက် (၆ လ)ခန့် ကွယ်ပျောက်နေရမည်ကိုလည်း မည်သူမျှ ထင်မထားကြပေ။

.

ယခုတော့ဖြင့် ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် အဖိုးတန် လူ မှုဝန်းကျင် ရိုးရာဓလေ့ အစဉ်အလာများ ခေတ္တယာယီအားဖြင့် ငုပ်လျှိုးခဲ့ရပါပြီ။ ယာယီသာဆိုရသော်ငြား ၆ လခန့်အကြာ ဒုတိ ယလှိုင်းပြီးလျှင်ပင် တတိယလှိုင်းက လာနိုင်ပါသေး၏။ သို့ဖြစ် ပါက အဖိုးတန်  ပညာရေးနှင့် တိုင်းပြည်နှင့် လူမျိုးအတွက် အ ရေးပါလှသော ယဉ်ကျေးမှုဓလေ့ အစဉ်အလာ အနုပညာလုပ် ငန်းများ၊ အနုပညာရှင်များ ကာလမည်မျှ ကြာသည်အထိ ကပ် ရောဂါ၏ ဒုက္ခဂယက် ခံရပါမည်နည်း။

.

တကယ်ဆိုရလျှင် အနုပညာ ဟူသောစကားလုံးမှာ ဂီတ၊ ပန်းချီ၊ ပန်းပုမျှလောက်သော လက်မှုပညာ အဆိုအကအရေး အတီး ပညာကိုသာ သက်ဆိုင်သည် မဟုတ်ပါ။ ပညာရေးဝန် ကြီးဌာန မြန်မာစာအဖွဲ့ ဦးစီးဌာနမှ ထုတ်ဝေဖြန့်ချိသော မြန်မာအဘိဓာန်တွင် အနုပညာကို သိမ်မွေ့ထက်မြက်သော ပညာရပ်ဟု အဓိပ္ပာယ်ဖွင့်ထားပါသည်။

.

Oxford English Dictionary တွင် အနုပညာ၏ အဓိပ္ပာယ် ကို the use of the imagination to exoress ideas or feelings ဟူ၍ဖွင့်ဆိုထားသည်။ ထို့ကြောင့် သိမ်မွေ့သော ထက်မြက်သော စိတ်ကူးများ၊ ခံစားချက်များနှင့် ဖန်တီးထားအပ် သော ပညာရပ်များကို အနုပညာတွင် ထည့်သွင်းကြရာ စာသင် ကြားခြင်း အနုပညာ၊ ဟင်းချက်ခြင်း အနုပညာ၊ ကားမောင်း ခြင်းအနုပညာ၊ ကလေးထိန်းခြင်း အနုပညာ စသည် စသည်ဖြင့် ခေါ်ဝေါ်ကြသည်မှာ အလွန်အင်မတန် တွင်ကျယ်နေပါပြီ။

.

 


.


လူသားတို့၏ လူ့ဘောင်လောက တိုးတက်သာယာလာစေ ရန် စိတ်ပိုင်းဆိုင်ရာ ခံစားချက်နှင့် အတွေးစိတ်ကူး စုပေါင်းဖန် တီးအပ်သော ပညာမှန်သမျှကို အနုပညာဟု ဆိုရပေလိမ့်မည်။ အရေးကြီးသည်မှာ အနုပညာဟူသည် တစ်ပါးသူအား အရည်အချင်း တိုးတက်စေရုံမက စိတ်ကြည်နူးမှုများကိုပါ ပေးစွမ်းနိုင်သော သိမ်မွေ့နက်နဲသည့် ယဉ်ကျေးမှု ပညာရပ်တစ်မျိုးသာ ဖြစ်ပါသည်။ အတ္တ၊ ပရမျှတသော လူ့ဘောင်ကောင်းကျိုးဆောင် ပညာရပ်ဖြစ်ပါသည်။

.

ဘွဲ့ရတိုင်း၊ ပညာတတ်တိုင်း ကျောင်းဆရာ ဆရာမ မဟုတ်ကြပေ။ မိမိအားသန်ရာ၊ စိတ်ဝင်စားရာ လုပ်ငန်းကဏ္ဍတွင် ရောက်သွားကြပေလိမ့်မည်။ ဆေးကျောင်းက ဆရာဝန်ဘွဲ့ရပြီး ရုပ်ရှင် ဗီဒီယိုလိုင်း ရောက်သွားသူ၊ ဆရာဝန်တို့ အင်ဂျင်နီယာ တို့က ပြင်ပပညာရေး ဆရာဆရာမများ ဖြစ်သွားကြသည်မှာ အားလုံးအသိပင် သို့သော်ဘွဲ့ရပြီး ဆရာ၊ ဆရာမ၊ နည်းပြ၊ က ထိက ဖြစ်ကြသော်လည်း ကိုယ်တတ်သည့်စာ၊ ကိုယ်နားလည် ထားသည့် ဘဝအသိပညာများကို ကလေးများ တတ်သိနား လည်အောင်၊ စိတ်ဝင်စားအောင် သင်ပြ၊ ရှင်းပြ တတ်သူက လည်း ရှားပါးလှပါသည်။ ဆရာ၊ ဆရာမ ဂုဏ်ပုဒ်ကို လိုချင်၍ သော်လည်းကောင်း၊ နောက်နှစ်မည်မျှကြာလျှင် မိမိမှာမည် သည့်ရာထူးနှင့် လစာမည်မျှရမည်ကို မျှော်တွေးကြံ၍သော် လည်းကောင်း ဝါသနာ၊ စေတနာ၊ အနစ်နာမပါဘဲ ဆရာဆရာမ ဖြစ်နေသများက ရှိသေးသည်။ ဤသည်မှာ စာသင်ခြင်းအနုပ ညာကို စေ့ငုသေချာစွာ မသိ၊ မလေ့လာကြသော ဝန်ထမ်းများ ဖြစ်သည်။ သူတို့ခမျာလည်း ကပ်ကာလတွင် လစာယူ၍ စာ လည်းမသင်ရ နေ့စဉ်တွင်လည်း ယီးတီးယောင်တောင်နှင့် ဘာ လိုလိုညာလိုလိုဘဝနှင့် ဘဝတန်ဖိုး အချိန်တန်ဖိုး မဲ့ရသည်။

.

စာသင်ခြင်း အနုပညာကို စိတ်ဝင်စားသော၊ ဘဝဝမ်းစာကို လည်း တွေးတောကြရသော ပြင်ပပုဂ္ဂလိက ဆရာဆရာမများမှာ လည်း ဤကပ်ကာလတွင် ကျီးလန့်စာစား ဘဝမှ ငုတ်တုတ်မေ့ ဘဝရောက်နေကြရသည်။ ကိုယ်ပိုင်ကျောင်း၊ ဘကကျောင်းများ ဖွင့်ခွင့်ရအောင် အသည်းအသန် ကြိုးစားပြီးကာမှ စာသင်ကြား မှုများ အရှိန်မြှင့်ရန် စတင်ကာရှိသေး ယာယီပိတ်ခြင်း ခံလိုက် ရသောအခါ ဆရာဆရာမနှင့် တပည့် တလပတ်ချာလည် တွေ့ ဆုံခဲ့ရသည်များမှာ အိပ်မက်လိုလို၊ ပုံပြင်လိုလိုနှင့် ဖြစ်ခဲ့ရသည်။ ကလေးများ၏ အားကိုးယုံကြည်မှုကို ရယူနိုင်ကြသည့် Unser vice နှင့် ပြင်ပပုဂ္ဂကလိက အနုပညာဆန်ဆန် ကြိုးစားလှုပ်ရှား ကြရသော ဆရာဆရာမများ၏ ကပ်ကာလ ဒုက္ခများကို တွေးမိ လေတိုင်း စိတ်မကောင်းဖြစ်ကြရပါ၏။

.

ကပ်ကာလ၏ ဆိုးရွားလှသော ဒဏ်ကိုခံကြရသည်မှာ အ လှူမင်္ဂလာ၊ မင်္ဂလာဆောင်ဧည့်ခံပွဲ ဗုဒ္ဓပူဇနိယပွဲတော်၊ ဘုန်း ကြီးပျံနှင့် တိုင်းရင်းသား ပေါင်းစုံတို့၏ လူစုလူဝေးနှင့် ကျင်းပ ကြရသော ပွဲလမ်းအခမ်းအနားများ၊ နိုင်ငံတကာမှ ရုပ်ရှင်၊ ဗီဒီ ယို MTV အနုပညာရှင်ပေါင်းများစွာ၊ ပြီးလျှင်ခေတ်၏ အနုပညာ ရှင် Favaurite ဖြစ်ကြရသော ဘောလုံးသမားများနှင့် ဘောလုံးပွဲ သက်ဆိုင်သူများ အားလုံးမှာ ရင်စီးကာကော့ခံ၍ ခံစားကြရသည်။

.

တစ်နှစ်တစ်ခါ ခြိမ့်ခြိမ့်သဲ ကျင်းပရသော မဟာသင်္ကြန်တွင် ရေပက်ခွင့်မရ၊ ယိမ်းသမလေးများ ရိုးရာမပျက် ကပြခွင့် မရခဲ့။ ဂီတအနုပညာရှင်များ ရေးခွင့်၊ ဆိုခွင့်၊ တီးမှုတ်ခွင့်မရနှင့် အနု ပညာလုပ်ငန်းများ ဆုံးရှုံးနစ်နာသည်မှာ နိုင်ငံနှင့် အဝှမ်း။ သင်္ကြန်ပွဲတော်နှင့် အတူ ထွန်းကားလာခဲ့သော စတုဒိသာ လုပ် ငန်းများနှင့် ဥပုသ်သီတင်းယူ၊ သီလယူတရားနာကြမည့် သူများ ၏ ဓလေ့ထုံးစံ ယဉ်ကျေးမှု ထိန်းသိမ်းခြင်းများ နစ်နာဆုံးရှုံးရ သည်။ သိမ်မွေ့လှသော စိတ်ခံစားမှု အနုပညာများစွန့်လွှတ်ရ သည်မှာ တစ်နိုင်ငံလုံးပင်။ တူးပို့သံနှင့် ရေပက်ကစား မြူးတူး ပျော်ပါးမှုများ ဆိတ်သုဉ်းခဲ့ရသည့် အနိဌာရုံကို မြင်ရသူတိုင်း ရင်မချိဖြစ်ရမည်။

.

ထိုနည်းတူစွာပင် သင်္ကြန်ကာလ (တန်ခူးလ) မတိုင်မီ တပေါင်းလ အခါသမယတွင် မိစုံဖစုံဆွေမျိုးများစုံစဉ် ကျင်းပဖို့ စိတ်ကူးထားသော အလှူမင်္ဂလာပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ ပျက်ခဲ့ရသည်။ ဖိတ်စာရိုက်ပြီး၊ ဆိုင်းနှင့် ဘိသိက်စရန်သပ်ပြီး၊ အကျွေးအမွေးအတွက် ဝယ်ခြမ်းပြီးသော အလှူများမှာ သနား စရာ ကောင်းတော့သည်။ Pre-wedding Photo ရိုက်ထားပြီး မင်္ဂလာဝတ်စုံဝယ်ပြီးချုပ်ပြီး၊ မင်္ဂလာဘိသေက ဘိသိက်ဆရာနှင့် ရက်ချိန်းစရန်သတ်ပြီးနေသော မင်္ဂလာဧည့်ခံပွဲများ၊ တီး မှုတ်သီဆိုဖျော်ဖြေရန် အားခဲထားသော အနုပညာရှင်များမှာ

`မှောင်မိန်းမှောင်၊ နှောင်ဗိန်နှောင်း

ရှမ်းတို့ရိုးရာ အိုးစည်သံ`

`ရှမ်းရိုးမက အိုးစည်သံ`

`ရှမ်းမလေးများ ကနေဟန်`။ ဆိုသောရှမ်းတို့၏ တပေါင်း ပွဲများ ကျင်းပခွင့်မရခဲ့ကြပါ။

.

ရှမ်းနှစ်သစ်ကူးပွဲတော် ပီမိုင်တိုင်း လည်း တိုးတိုးတိတ်တိတ် အထိတ်တလန့်နှင့် စခန်းသွားခဲ့ရ သည်။ တပေါင်းလတွင် မြေပြန့်ဒေသတွင်သာ ရှင်ပြုပွဲပြုလုပ် ကြသည်မဟုတ်၊ ရှမ်း၊ ဓနု၊ ပအိုဝ်းတို့လည်း ရှင်ပြုတပေါင်းပွဲ ကို စည်ကားခမ်းနားစွာ ကျင်းပကြသည်မှာ နှစ်စဉ်ဓလေ့ပင် ဖြစ်ကြပါသည်။ သို့သော် ကမ္ဘာ့ကပ်ကာလ ပြီးခဲ့သည့် တပေါင်း လမှာဖြင့် အိုးစည်သံဆိတ်သုဉ်း၊ တောင်တန်းတစ်ခုလုံးမှ အနု ပညာလုပ်ငန်းများ၊ အနုပညာရှင်များ မီးခဲပြာဖုံးဘဝနှင့် အိမ် တွင်းပုန်း`Stay at home` နေကြရသည်မှာ ယဉ်ကျေးမှု ဓ လေ့များ ဆုံးရှုံးကြရသည်။

.

သင်္ကြန်အပြီး ကဆုန်ညောင်ရေသွန်း ပွဲတော်မှာလည်း ထို နည်းလည်းကောင်းပင်။ ဝါဝင်ပွဲများ ကျင်းပလေ့ရှိကြသည့် ဗုဒ္ဓ ဘာသာဝင်တို့၏ ဝါတွင်းအကြိုပွဲလမ်းများ၊ ဝါဆိုလပြည့်မတိုင်မီ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲများ မ ကျင်းပကြရပေ။

.

ယခုအခါ ကျေးဇူးရှင် COVID-19 ၏ ဒုတိယလှိုင်းကြီး၏ ခြိမ်းခြောက်မှုကြီးကလည်း တစ်နိုင်ငံလုံးတွင် သွေးပျက်မတတ်ပင် ဖြစ်နေပါပြီ။

.

တော်သလင်းလ လှေလှော်ပြိုင်ပွဲလည်း ထိုနည်းလည်း ကောင်း။ သီတင်းကျွတ်တွင် ပလ္လင်ဆေးမိုးရွာချင်လျှင် ရွာပါ။ မီးထွန်းပွဲလုပ်ရဖို့လမ်းမမြင်။ တန်ဆောင်တိုင် မီးပုံးပျံပွဲများအ တွက်လည်း အခြေအနေမကောင်း။ ကိုးကန့်လူမျိုးတို့၏ မုန့်စားပွဲကလည်း စဉ်းစားသာကြည့်ပေတော့ ဟုသာဆိုရမည်။နောက် နှစ် ၂၀၂၁ ခု၊ နှစ်ဆန်းပိုင်းတွင် တတိယလှိုင်းက ရှိနိုင်ပါသေးသည်။

.

ရုပ်ရှင်ဂီတ အနုပညာသည်များ၊ ရိုးရာဓလေ့ထုံးစံ ပွဲတော် များကို ဖော်ထုတ်ကျင်းပရင်း အနုပညာအမွေအနှစ်ကို ထိန်း သိမ်းလိုသူများ၊ ဟောပြောပွဲများ အခမ်းအနားများဖြင့် ယဉ် ကျေးမှု၊ လူနေမှုများကို လက်ဆင့်ကမ်းလိုသည့် စာပေအနုပ ညာရှင်များ၊ နယ်ပယ်အသီးသီးမှ လူမှုကောင်းကျိုးပြု အနုပညာ ဆန်ဆန် လောကအလှကို ဖန်တီးလိုသူများ အနေဖြင့် ကမ္ဘာ့ ကပ်ရောဂါကြီး မြန်မြန်ပြီးပြတ်ပါစေကြောင်း ဆုတောင်းရုံမှတစ်ပါး အခြားမရှိကြောင်း ပါခင်ဗျာ။

Journal Download

Photo of three cats