ရှမ်းပြည်နယ်တွင် ကျပ်သန်းပေါင်း ၅၉၀၀ ကျော် တန်ဖိုးရှိ တရားမဝင် စားသောက်ကုန်များ ဖမ်းဆီးနိုင်ခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်တွင် ကျပ်သန်းပေါင်း ၅၉၀၀ ကျော် တန်ဖိုးရှိ တရားမဝင် စားသောက်ကုန်များ ဖမ်းဆီးနိုင်ခဲ့

စုလှိုင်
.
ရှမ်းပြည်နယ် အတွင်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ ဩဂုတ်လအတွင်း၌ ငွေကျပ်သန်းပေါင်း ၅၉၀၀ ကျော် တန်ဖိုးရှိ တရားမဝင် စားသောက်ကုန်များကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ သိရသည်။
.

အမှုပေါင်း ၃၆၂ မှုမှ ခန့်မှန်း တန်ဖိုးငွေ ကျပ်သန်းပေါင်း ၅၉၈၄ ဒသမ ၃၅၅ ရှိ တရားမဝင် စားသောက်ကုန်များကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပြီး ယင်းအနက် အရက်၊ ဘီယာ ဖမ်းဆီး ရရှိမှုမှာ ၉ မှု၊ ခန့်မှန်း တန်ဖိုးငွေ ကျပ်သန်းပေါင်း ၉ ဒသမ ၇၅၂ တို့ကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း သိရသည်။
.
ပြည်တွင်းသို့ တင်သွင်းသည့် ပစ္စည်းများ၊ နိုင်ငံတော် ပြင်ပသို့ တင်ပို့သည့် ပစ္စည်းများနှင့် စပ်လျဉ်း၍ အကောက်ခွန် ဦးစီးဌာနအနေဖြင့် သတ်မှတ် ပြဌာန်းထားသော ဥပဒေနှင့် အညီ အခွန်အကောက်များ စည်းကြပ် ကောက်ခံခြင်း၊ တင်သွင်း၊ တင်ပို့မှုများကို တည်ဆဲဥပဒေအရ စည်းမျဉ်း စည်းကမ်းနှင့် ညီညွတ်မှု ရှိ/မရှိ စိစစ် ကြပ်မတ်ခြင်း၊ စုံစမ်း ဖော်ထုတ်တားဆီးခြင်း၊ အရေးယူခြင်းများကို ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။
.
ထို့အပြင် တင်သွင်း၊ တင်ပို့မှုများဆိုင်ရာ ကုန်သွယ်မှု ကိန်းဂဏန်းများ စာရင်းအင်းများ ပြုစုခြင်း၊ အပြည်ပြည်ဆိုင်ရာ အကောက်ခွန် လုပ်ငန်းများနှင့် ညီညွတ်စေရန် အကောက်ခွန် လုပ်ထုံးလုပ်နည်းများ ခေတ်မီစေရေး ဆောင်ရွက်ခြင်း၊ ဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ ကုန်သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats