အောင်ဆန်းဝင်း
.
အခန်းက ခြောက်ကပ်ကပ် တိတ်ဆိတ်ဆိတ်။ တရားကျင့် ကြံတဲ့ နေရာလိုလို၊
နာရေးမရှိတဲ့ သုသာန်က ဇရပ်လိုလိုနဲ့ပေါ့။ ဒီအခြေအနေမျိုးဖြစ်တာ နှစ်တချို့တောင် ပွန်းလာခဲ့ပြီ။
တစ်ခါ တလေ လမ်းကြုံရင်တော့ တစ်ယောက်စ နှစ်ယောက်စရောက် လာတတ်တယ်။ ရောက်လာတဲ့လူတွေကလည်း
တိတ်တဆိတ် တွေပါပဲ။ သူတို့ လိုချင်တာကို စင်တွေပေါ် မွှေနှောက်ရှာတယ်။ လိုချင်တာရရင်
ဒါလေး မှတ်ပေးပါတဲ့။ တစ်ခွန်းတည်း။ သူကမ်း လာတဲ့ စာအုပ်ကို ယူလိုက်တယ်။ အမှတ်စဉ် ဂဏန်းနည်းတဲ့
လယ်ဂျာစာအုပ်ထဲ မှတ်လိုက်တယ်။ ယူသွားမယ့် စာအုပ်နောက် ကျောမှာ နေ့စွဲနဲ့ အမှတ်စဉ် ရေးထိုးလိုက်တယ်။
ပြန်ကမ်းပေး လိုက်တာနဲ့ တိတ်တဆိတ် ထွက်သွားတယ်။ အခန်းကလည်း န ဂိုအတိုင်း တိတ်တဆိတ်
ကျန်နေခဲ့တာပေါ့။ နေသားကျပေမယ့် တစ်ခါတစ်ခါတော့ အခန်းကို လှုပ်လှုပ်ခတ်ခတ် ဖြစ်စေချင်ပြန်
တယ်။
.
ဒီရက်ပိုင်း တိတ်တဆိတ် အခန်းက နည်းနည်းလေး ပြန်လှုပ် လာတာ သတိထားမိတယ်။
သိပ်အများကြီး မဟုတ်ပါဘူး။ ခပ် ပါးပါးရယ်။ အခန်းထဲကို ကလေးပေါက်တချို့ ရောက်လာတယ်။
ကျောင်းပြီးသွားတဲ့အတွက် (ဆယ်တန်းအောင်သွားတာ) စာအုပ် နည်းနည်း ဖတ်ချင်လို့တဲ့။ ခက်တာက
ဘာစာအုပ် ဖတ်ရမှန်း မ သိဘူးလို့ ဆိုကြတယ်။ ဟုတ်မှာပေါ့။ သူငယ်တန်းကနေ ဆယ် တန်းအောင်သွားအထိ
ကျောင်းစာတွေနဲ့ နပန်းသတ်ခဲ့ရတာဆို တော့ ကလေးတွေ စာ(အပြင်စာ) ဘယ်လို ဖတ်ရမယ်မှန်း သိပ်
မသိကြတော့ဘူး။ ရုပ်ပြကာတွန်းတွေက ရွေးစရာများများစား စား မရှိတော့ သိပ်ပြဿနာ မရှိဘူး။
သူတို့အရွယ်တွေ အများစု ကြိုက်တဲ့ ဝိဇ္ဇာ၊ တွတ်ပီရွေးရလွယ်တယ်။ မဂ္ဂဇင်းနဲ့ ဝတ္ထုကျ
တော့ အမျိုးအစားစုံတယ်။ ကလေးပေါက်အရွယ်တွေအတွက် ရွေးရနည်းနည်းခက်တယ်။ တိုင်ပတ်တယ်ပေါ့။
.
နာရီဝက်လောက် ကြာတော့ ၃ ယောက်ပေါင်း စာအုပ် ၁၀ အုပ်ပိုက်ပြီး ပြန်သွားကြတယ်။
သယ်သွားတဲ့ စာအုပ်တွေထဲမှာ ရုပ်ပြတချို့ပါတယ်။ မဂ္ဂဇင်းတချို့ပါတယ်။ ကလေးကြိုက်ဝတ္ထု
တွေ ပါသွားတယ်။ စာအုပ်ပိုက်သွားတဲ့ ကလေးတွေနဲ့ လယ်ဂျာ စာအုပ် အမှတ်စဉ် ကြည့်ပြီး ခြောက်ကပ်ကပ်အခန်းထဲ
ရောက် နေတဲ့ မိတ်ဆွေက ပြောတယ်။ စာအုပ်တွေ ထပ်ဖြည့်ထားတာ တောင် စာဖတ်တဲ့လူ တက်မလာဘူးတဲ့။
ဟုတ်တယ်။ အခန်းထဲ လူအဝင်နည်းပေမယ့် အခန်းရဲ့ လိုအပ်ချက်ဖြစ်တဲ့ စာအုပ်တွေ ကိုတော့ ထပ်ဖြည့်နေမိတယ်။
အသစ် အသစ်တွေတော့ မဖြည့် နိုင်ပါဘူး။ တစ်ပတ်ရစ်တွေပေါ့။ အသိမိတ်ဆွေတွေဆီက ရတဲ့အ ခါ
ဖြည့်လိုက်တယ်။ တစ်ခန်း ရပ်သွားတဲ့ ဘဝတူတွေဆီကရရင်
ဖြည့်ထားလိုက်တယ်။ ခြောက်ကပ်ကပ် အခန်းထဲက ပြန်ကာနီး မိတ်ဆွေက ပြောသွားတယ်။ အသစ်ဖြစ်လည်း(ရှိလည်း)
အ သက် မဝင်တာတွေ အများကြီးတဲ့။
.
သူ့စကားက အဓိပ္ပာယ် အမျိုးမျိုး ကောက်လို့ ရတယ်။ အ ရောင် အမျိုးမျိုး
ထွက်နေတယ်။ ကဏ္ဍမျိုးစုံကို ချိန်ထိုးထား တယ်။ အဖက်ဖက်ဘက်ပေါင်းစုံက တွေးချင်စရာ စကားစု။
အ သစ်တွေ ဖြစ်လာတယ်။ အသက် မဝင်တာတွေ အများကြီးတဲ့။ ဟုတ်တော့လည်း ဟုတ်နေတယ်။ တချို့က
အသစ်တွေတွေ့ဖြစ် တယ်။ အသက် မဝင်ကြဘူး။ အသက်ဝင်အောင် မဖန်တီးကြဘူး။ ရေလိုက်ငါးလိုက်
လုပ်ကြတယ်။ အဲဒီတော့ ဖြစ်ရမယ့် အရာတွေ က ဖြစ်သင့်သလောက် ဖြစ်မလာတော့ဘူး။ အချိန်တန်ရင်
ဆိုတဲ့ အကြောင်းပြချက်ကြီးအောက် ခေါင်းလျှိုဝင်ချင်နေကြတုန်း။ ဒီ နေရာကို ရောက်လာရင်
ဒီအလုပ်တွေက မဖြစ်မနေ လုပ်ကို လုပ် ရမှာ။ စနစ်တကျ ဖြစ်အောင်ကို လုပ်ရမှာ။ စုန်းပြူးဆိုတာ
နေ ရာတိုင်းမှာ ရှိတတ်တယ်။ စုန်းပြူးတွေ အချင်းချင်း လက်ဆင့် ကမ်းနေရင်တော့ အလုပ်တွေ
ပျက်တတ်တယ်။ ခရီးတွေ ဖင့်လိမ့် မယ်။
.
.
အလုပ်တစ်ခု လုပ်ရင် စနစ်တကျ ဖြစ်ဖို့ လိုတယ်။ စနစ်မကျ ရင် ဆုံးရှုံးမှုတွေ
ဖြစ်လာတတ်တယ်။ ပျက်စီးမှုတွေလည်း ဖြစ် သွားနိုင်တယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်
လုပ်ဆောင်တဲ့ နေရာ မှာ ပိုတောင် အရေးကြီးပါတယ်။ သူတစ်လူ ငါတစ်ပေါက်နဲ့ ထင် ရာနှောက်နေသရွေ့တော့
လမ်းစ မမြင်နိုင်သေးဘူး။ အချိန်ကာ လအားဖြင့် ပြန်ကြည့်ရင် လူတစ်ယောက် သက်တမ်းလောက်
ရှိခဲ့ပြီ။ မြေပုံကြီးက အခုအချိန်ထိ ဒဏ်ရာဒဏ်ချက်ကြားထဲ ဖုန် အလိမ်းလိမ်း သွေးအစိုစိုနဲ့။
နေရာတိုင်းမှာ အဟောင်းတွေ သေ ဆုံးပြီး အသစ်တွေတော့ ဝင်ရောက်လာကြတယ်။ အသစ်တွေ လက်ထဲရောက်လာတော့လည်း
မြေပုံကြီးက အရင်အတိုင်း ဒဏ် ရာဆိုတဲ့ တည်မြဲခြင်းတရား မှတ်နေရတုန်း။ အသစ် ဖြစ်လည်း
အသက်မဝင်ပါဘူး ဆိုတဲ့ ပညတ်ချက်ကြောင့်လား။ အမှန်တော့ ဒီ အခြေအနေက မဖြစ်သင့်တော့ဘူး။
ပြောင်းလဲသင့်နေပြီ။
.
အများကြီး လျှောက်တွေး မနေနဲ့ စာရေးဆရာ။ ဘာရယ် မဟုတ်ဘူး။ စိတ်ထဲ
ပေါ်လာတာလေး ပြောလိုက်တာပါ။ အများ ကြီးတွေးရင် အဝေးကြီးကို ရောက်သွားလိမ့်မယ်။ အချိန်တန်
တော့လည်း နွားပိန်ကန်သွားမှာပေါ့။ ခင်ဗျား ဘယ်လောက်တွေး တွေး အဝေးကြီး ရောက်ချင်တဲ့
အရာတွေက ဘယ်တော့မှ နီး လာမှာ မဟုတ်ဘူး။ မယုံရင် အခု ခင်ဗျားနားမှာ ခင်းနေတဲ့ လမ်း ကို
သွားကြည့်ပေါ့။ လုပ်နေတာတော့ အသစ်ပဲ။ အသက်မဝင် ဘူး။ ကောင်းမလာဘူး။ လုပ်ချင်ရင် တစ်ခါတည်း
ကောင်းအောင် လုပ်တာ အကောင်းဆုံးပဲဗျ။ ပိုက်ဆံကုန်မယ့်အတူတူ အကျိုးရှိ အောင် လုပ်တာ
မကောင်းဘူးလား။ အခုကျတော့ လုပ်တော့လုပ် ပါတယ်။ လုပ်တယ်လို့ပဲ ပြောလို့ရတယ်။ ခြောက်ကပ်ကပ်
အ ခန်းထဲကနေ လုံးဝ ကျောခိုင်းကာနီး ဇက်ပိုးကို တစ်ချက်လှမ်း အုပ်သွားတယ်။ အများကြီး
လျှောက်မတွေးနဲ့။ လမ်းခင်းတာ သွားကြည့်တဲ့။
.
သူဆိုလိုချင်တဲ့ လမ်းက အဆင့်မြှင့်တင်ခြင်း ပြုလုပ်နေပါ တယ်ဆိုတဲ့
အနောက်မြို့ပတ်လမ်း အပိုင်း ၂၊ နဂါးပွက်ကျောင်း မီးပွိုင့်လမ်းဆုံကနေ ဝါးပြားလမ်းဆုံ
မီးပွိုင့်အထိ ပြုပြင်ဆောင် ရွက်နေတဲ့ လမ်း။ အများပြည်သူကြား ဝေဖန်မှုတွေ သောက်မြင်
ကပ်လောက်အောင် သောသောညံနေတဲ့ လမ်းလို့ ပြောရင်လည်း ရတယ်။ တပ်ထားတဲ့ ခေါင်းစဉ်ကတော့
အတော်ဖတ်လို့ ကောင်း ပါတယ်။ အဆင့်မြှင့်တင်ခြင်းတဲ့။ လတ်တလော မြင်ရတဲ့ လမ်း အနေအထားကတော့
အတော်ကြီး ဆိုးလွန်းနေတယ်။ လမ်း သားတွေ ညံ့တယ်။ ခင်းထားတဲ့ လမ်း အဆင့်မမီဘူး။ ဘယ်လို
အဆင့်အတန်းကို စံထားပြီး ဒီလမ်းကို ပြုပြင်နေကြတယ်တော့ မပြောတတ်ဘူး။ လမ်းတစ်ခု ခင်းပြီ
ဆိုတာနဲ့ လမ်းနဲ့တူတဲ့ သတ်မှတ်စံချိန် စံညွှန်းဆိုတာတွေ ရှိမှာပါ။ အခု ခင်းနေတဲ့လမ်း
အနေအထား မြင်ရတာ စံချိန်စံညွှန်းဆိုတာတွေ မေ့ထားပုံ ရပါ တယ်။
.
နောက်ထပ် ဝေဖန်မှု ရှိတဲ့ အချက်တစ်ခုက ကြီးကြပ်မှုအ ပိုင်းလို့
ဆိုကြတယ်။ ဘယ်သူမှ လာမကြီးကြပ်တော့ ဖြစ်ချင်သ လို ဖြစ်နေတာ မထူးဆန်းပါဘူး။ အခု လုပ်နေတဲ့
အပိုင်း ၂ လမ်း ရဲ့ ကန်ထရိုက် လိုအပ်ချက်တွေ သိပ်များတယ်။ လုံးဝ အဆင့်မမီ ပါ။ အခု ခင်းနေတဲ့
လမ်းကပေါချောင်ကောင်းလမ်းပါ။ ကြီးကြပ် ကွပ်ကဲမှု အားနည်းရင် ပြည်သူတွေ ခံရတာ ထုံးစံပါပဲ။
အဆင့် မြှင့်တယ်လို့သာ ပြောတာပါ။ တကယ်တော့ လမ်းက အပေါ်မြင့် တက်သွားတာပဲ ရှိပါတယ်။
တစ်မိုးခံ လုပ်စားတွေပါ။ ပြည်သူ့ ဘဏ္ဍာတွေ နှစ်စဉ် သဲထဲ ရေသွန် ဖြစ်နေတာပါတဲ့။ ဝေဖန်သံတွေ
ထဲက အနည်းအကျဉ်းပါ။ ကြီးကြပ်မှု အပိုင်းလို့ဆိုတည်းက သာ မန်လျှံကာ ကြီးကြပ်ရုံလောက်နဲ့
မရနိုင်ဘူး။ အကြီးကြီးတွေ ကိုယ်တိုင်ကြပ်မှ အဆင်ပြေမယ့် အခြေအနေမျိုး။ ကြပ်ရမယ့် ဝန်မင်းတွေ
အလုပ်ပိလို့ ဦးနှောက် ရေချိန်လျော့နေကြလားတော့ မပြောတတ်။
.
အဆင့်မြှင့်တင် ပြုပြင်နေတယ်လို့ ခေါင်းစဉ်တပ်ထားတဲ့ လမ်းတွေ လုပ်ရင်း
ဘေးဝဲယာ ရေမြောင်းတွေပါ တွဲလုပ်တယ်။ အသစ်စက်စက် ရေမြောင်းတွေ အလုပ် ဖြစ်ပုံများ အရပ်ထဲ
လူ တွေ စာတောင် ချိုးကြတယ်။ သက်ဆိုင်ရာက ရေမြောင်းလုပ် ငါ တို့အိမ်လေး ရေအောက်မြုပ်တဲ့။
မိုးတွေများ သည်းလာရင် ရေ မြောင်းတွေသာ ရေမစီးတဲ့ ဘဝရောက်နေရရှာတာ။ လမ်းမပေါ် တော့
ရေပြင်ကျယ်ကို ဖြစ်လို့။ ရေဒလဟော စီးတဲ့ ရေမြောင်းတ ချို့တော့ သွားရင်းလာရင်း တွေ့ဖူးပါတယ်။
အဲဒီရေမြောင်းတွေ လည်း လမ်းတစ်ဝက်တင် တစ်ခန်းရပ်ပေါ့။ မြောင်းတစ်ခုနဲ့ တစ် ခု ချိတ်ဆက်မှု
မရှိတော့ အဆုံးသတ်တဲ့ နေရာနားကနေ လမ်းမ ပေါ် ရေတွေ တိုးထွက်နေတာများ ရေတံခွန်တွေ မြင်ရတဲ့အ
တိုင်း။ အနီးဆုံးက အရပ်လူကြီး (အုပ်ချုပ်ရေးမှူး)တွေလည်း ရေ စီးကြောင်းလေးတွေက လှတော့
ကြည့်လို့ ကောင်းနေကြလား ပေါ့။
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ကို Green City ဖြစ် အောင်
ဖော်ဆောင်မယ်လို့ တောင်ကြီးမြို့နယ်၊ ပြည်သူ့လွတ် တော် ကိုယ်စားလှယ်ကြီးက ပြောတယ်။
ဒီလို အစိမ်းရောင်မြို့ တော် ဖြစ်အောင် ဖော်ဆောင်တဲ့ နေရာမှာ ပြည်နယ် အစိုးရနဲ့ ပြည်သူတွေ
ပူးပေါင်းပြီး ဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။ မှန်တာပေါ့။ အစိုးရနဲ့ ပြည်သူ ပူးပေါင်းမှ
အရာရာ အောင်မြင်မှု ရနိုင်တာကိုး။ မြင်ရသလောက်တော့ ပြည်သူတွေက သစ်ပင်သစ် တောတွေ ထိန်းသိမ်းကြပါတယ်။
လမ်းခင်း မြောင်း ဖောက်ရင် တော့ တာဝန်ရှိသူတွေ လမ်းဘေး ဝဲယာသစ်ပင်တွေကို ကိစ္စတုန်း
ပစ်တာလေး တစ်ခု ဆိုးနေတယ်။ Green City ဆိုတာ သစ်ပင်တွေ ရှိနေရမှာ မဟုတ်ဘူးလား။ မြို့တွင်းလမ်းတွေ
တကယ်အဆင့်မီဖို့ လိုတယ်။ ရေမြောင်းစနစ်တွေ တကယ်ရေစီးကောင်းအောင် လုပ်ရမယ်။ အခုတော့
အိမ်လေးတွေ ရေမြုပ်နေကြတယ်။