ရှမ်းပြည်နယ်တွင် တွေ့ရှိထားသည့် အကြီးဆုံးအပင် ၈ မျိုးကို ကမ္ဗည်းမှတ်တမ်းများ ရေးထိုးသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်တွင် တွေ့ရှိထားသည့် အကြီးဆုံးအပင် ၈ မျိုးကို ကမ္ဗည်းမှတ်တမ်းများ ရေးထိုးသွားမည်


စုလှိုင်
.
ရှမ်းပြည်နယ်အတွင်း တွေ့ရှိ ထားသည့် အကြီးဆုံး အပင် ၈ မျိုးတို့ ကို စကျင်ကျောက်ပြားတွင် ကမ္ဗည်း မှတ်တမ်း ရေးထိုး၍ စိုက်ထူသွားမည် ဖြစ်ကြောင်း သိရသည်။
.

.
ပြည်နယ်အတွင်းမှာ ကြီးမားတဲ့ အပင်တွေ ရှိတယ်ဆိုတာကို ရှမ်း ပြည်နယ် အတွင်းက ပြည်သူတွေ ဂုဏ်ယူ စေချင်တာပေါ့။ အဲဒီဂုဏ်ယူ စိတ်ကနေ ဒီအပင်တွေကို တန်ဖိုး ထားစိတ်၊ ချစ်ခင်တဲ့စိတ်၊ ထိန်းသိမ်း လိုတဲ့စိတ်တွေပေါ်ပေါက်လာပြီးတော့ သစ်တောသစ်ပင်ထိန်းသိမ်းရေးမှာ အားလုံးပါဝင်လာဖို့အတွက်ရည်ရွယ် ပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ် သစ်တော ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ တွေ့ရှိထားသည့် အကြီးဆုံး အပင်များမှာ ပိတောက်နက်၊ ကညင်၊ ကျောက်ပန်းပြား၊ သရက္ခန်၊ သနပ်ခါး၊ ချယ်ရီ၊ တောင်ဇလပ်နီနှင့် ပရုပ်ပင် တို့ဖြစ်ကြောင်း သိရသည်။
.
အဲဒီလို ကမ္ဗည်းကျောက်ပြားတွေ စိုက်ထူတဲ့အခါမှာ တချို့နေရာ တွေက အစိုးရရုံးတွေပါတယ်။ သက် ဆိုင်ရာဌာနက ခွင့်ပြုချက် ပေးပါ တယ်။ တချို့ အပိုင်းကျတော့ ပုဂ္ဂလိ ကပိုင် နေရာတွေမှာ ရှိတယ်။ အဲဒီအ တွက်သူတို့နဲ့ ညှိနှိုင်းနေဆဲဖြစ်ပါ တယ်။ မူဆယ်၊ နမ့်ခမ်းဘက်က သ ရက္ခန်ပင် ဆိုရင်တော့ ရွာထဲမှာပဲ ရှိ တယ်။ ရွာသူရွာသားတွေ ကိုယ်တိုင်က သစ်တော ဦးစီးဌာနနဲ့ပူးပေါင်း ထိန်းသိမ်းတယ် ဆိုတာကို ဂုဏ်ယူ နေစေချင်တဲ့ အတွက်ကြောင့် လုပ် ဆောင်ရတာ လွယ်ကူပါတယ်” ဟု ဦးခင်မောင်ဝင်းက ဆက်လက်ပြော ဆိုခဲ့သည်။
.
အပင်တစ်မျိုးစီအလိုက် ရေးထိုး မည့် ကမ္ဗည်းပြားများတွင် အပင်အ မျိုးအစား၊ သိပ္ပံအမည်၊ အင်္ဂလိပ်အမည်၊ အပင်၏ ရင်စို့လုံးပတ်နှင့် ခန့် မှန်းသက်တမ်းများကို ရေးထိုး မှတ် တမ်းတင်ထားမည်ဖြစ်ပြီး အချို့အပင် များမှာ ခန့်မှန်း သက်တမ်းတွက် ချက်ရာတွင် အခက်အခဲ အနည်း ငယ်ရှိနေကာ တောတောင်များတွင် ပေါက်ရောက်သည့် သဘာဝ ပေါက် ပင်များကို အပင်၏သက်တမ်း ခန့် မှန်းရေတွက်ခြင်း၊ သိပ္ပံနည်းကျ ရေ တွက်ခြင်းများ ပြုလုပ်လျက်ရှိရာ အ ချိန်ကြာမြင့်နိုင်ကြောင်း သိရသည်။
.
အကယ်၍ ယခု တွေ့ရှိထားသော အပင်ကြီးများထက် ပို၍ကြီးသော အပင်များ ရှိနေပါက သိရှိစေရန်ရည် ရွယ်ချက်ဖြင့် သစ်တော ဦးစီးဌာန Facebook Page မှ အသိပေး ထား ပြီး သတင်းမီဒီယာ များမှလည်း အသိ ပေးခြင်း လုပ်ဆောင်ခဲ့ကာ တွေ့ရှိ ထားသော အပင်ကြီး များထက်ပို ၍ကြီးသော အပင်များကို တွေ့ရှိခဲ့ပါ က သစ်တောဦးစီးဌာန အနေဖြင့် ဝမ်းမြောက် ဝမ်းသာ ကြိုဆိုပြီး အကြီး ဆုံး မှတ်တမ်း တင်ခြင်းကို လိုအပ် သလို ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats