စုလှိုင်
.
တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက် ရှိ အောင်မြေဘုံစံ
သာမဏေကျော် ကျောင်းတိုက်တွင် ရှမ်းပြည်နယ် သစ်တော ဦးစီးဌာနမှ တပေါင်းပန်းနှင့်
သပြေဘူတ ပန်းအလှပင် ၁၅၀ စိုက်ပျိုးပေးသွားမည် ဖြစ်ကြောင်း သိရ သည်။
.
.
“ဆရာတော်က
အဝါရှိတဲ့ပန်း တွေ သပြေဘူတနဲ့ တပေါင်းပန်းတွေ စိုက်ဖို့ ဆန္ဒရှိတဲ့အတွက် အပင် ၂
မျိုး ကို စိုက်သွားမှာ ဖြစ်ပါတယ်။ တစ် မျိုးကို ၇၅ ပင်နဲ့ အပင် ၁၅၀ စိုက်
သွားမှာပါ” ဟု ရှမ်းပြည်နယ် သစ် တော ဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးခင်မောင်ဝင်းက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါ တပေါင်းပန်း ပျိုးပင်များ ကို
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့် ယန်းမြို့ သစ်တော ပျိုးဥယျာဉ်တွင် အပင်ရေ
သောင်းနှင့်ချီ၍ ထိန်းသိမ်း ပျိုးထောင်ထားပြီး မျိုးစေ့များကို အခြား
ပျိုးဥယျာဉ်များကိုလည်း ဖြန့်ဝေ၍ ရှမ်းပြည်နယ်အတွင်းရှိ နေရာဒေသ အသီးသီးတွင်
စိုက်ပျိုး ထားရှိပြီး ဖြစ်ကြောင်း သိရသည်။
.
“တပေါင်းပန်း
ဆိုတာ မြန်မာမျိုး တော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ တန့်ယန်းမှာ တွေ့ခဲ့တာ လမ်းဘေး
ဝဲယာ မှာ တစ်သီတစ်တန်းကြီး စိုက် လိုက်တဲ့အခါကျတော့ အပွင့်တေ ဝါ ထိန်ပြီး
ပွင့်တဲ့အခါမှာ ဓာတ်ပုံလာ ရိုက်တဲ့သူတွေနဲ့ တော်တော် စည် စည်ကားကား တွေ့ရပါတယ်။ ဒါ
က နိုင်ငံခြား ခရီးသွားဧည့်သည်တွေ ဆွဲဆောင်တဲ့ အတွက်လည်း အင်မတန်မှ အကျိုးရှိတဲ့
အပင် ဖြစ်တာကို တွေ့ရတယ်။ မျက်စိ ပသာဒ လည်း အင်မတန် လှတဲ့ ပန်းဖြစ်ပါတယ်”ဟု ဦးခင်မောင်ဝင်းက
ဆက် လက် ပြောဆိုခဲ့သည်။
.
ယခုနှစ် သစ်ပင် စိုက်ရာသီတွင် ရှမ်းပြည်နယ်အတွင်း
တပေါင်းပန်း အတော်များများ စိုက်ပျိုးထားပြီး ပျိုးပင် လက်ကျန်များကို သစ်တော ဥ
ယျာဉ်အတွင်း နည်းငယ်သာ ကျန်ရှိသဖြင့် လိုအပ်ပါက အခမဲ့ ဖြန့်ဝေ
ပေးသွားမည်ဖြစ်ကြောင်းနှင့် ရှေ့နှစ် များတွင်လည်း ပျိုးထောင်ဖြန့်ဝေ ပေးသွားရန်
ရှိနေကြောင်း ၎င်းထံက သိရသည်။
.