.
ကျောက်မဲမြို့၊ အမှတ်(၇)ရပ်ကွက်၊ နယ်မြေ(၁)၊ အိမ်အမှတ်(၇/၈၀)တွင် မြေကျင်းတူးစဉ် စက်တင်ဘာလ ၂၂ ရက်၊ နေ့လယ်ပိုင်းက ဗုံးသီးဟောင်း တစ်လုံး တွေ့ရှိခဲ့၍ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
.
ယင်း ကျောက်မဲမြို့၊ အမှတ်(၇)ရပ်ကွက်၊ နယ်မြေ(၁)၊ အိမ်အမှတ်(၇/၈၀)တွင် ကိုငြိမ်းထက်သူမှ ဂိုဒေါင် ဆောက်ရန်အတွက် မြေကျင်းတူးနေစဉ် ဗုံးသီးအား တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ရပ်ကွက်တာဝန်ရှိသူများအား အကြောင်းကြားခဲ့ပြီးနောက် စစ်မြေပြင်အင်ဂျင်နီယာတပ်မှ တပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စစ်မြေပြင်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များ၏ စစ်ဆေးချက်အရ ဗုံးသီးမှာ ဆွေးမြေ့ဟောင်းနွမ်း၍ ပင်ဖြုတ်ထားသည် ၆၀ မမ ဗုံးသီးအမျိုးအစား ဖြစ်ပြီး ပေါက်ကွဲနိုင်သည်ဟု ယူဆသောကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးဝန်း၌ ရှော့တိုက်၍ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။