COVID-19 အတည်ပြုလူနာ အသစ် ၂၅၆ ဦး ထပ်မံတွေ့ရှိ၊ ဆီဆိုင်မြို့နယ်မှ လူနာ၏ သားတွင် ပိုး တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ အသစ် ၂၅၆ ဦး ထပ်မံတွေ့ရှိ၊ ဆီဆိုင်မြို့နယ်မှ လူနာ၏ သားတွင် ပိုး တွေ့

 COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၂၅၆ ဦး ထပ်မံ ​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (စက်တင်ဘာလ ၁ ရက်)၊ နံနက် ၈ နာရီက ထုတ်ပြန်ခဲ့ပြီး ယင်း လူနာများအနက် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာမှ လူနာ၏ သားဖြစ်သူတွင် ပိုး တွေ့ကြောင်း သိရသည်။

.


 

ဆီဆိုင် ဆိုက်ခေါင်ကပါ။ အမျိုးသား ၁၃ နှစ် ဖြစ်ပါတယ်။ ခရီးသွား ရာဇဝင် မရှိပါဘူး။ အရင် ဆိုက်ခေါင်မှာ တွေ့တဲ့ ပိုးတွေ့လူနာရဲ့ သားပါ။ လက်ရှိ သူ့ကို ဆိုက်ခေါင်ဆေးရုံမှာ Quarantine ထား ထားပါတယ်။ ဒီနေ့တော့ စဝ်စံထွန်း ဆေးရုံကို လွှဲပါမယ်။”ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာမှ ယခင် COVID-19 ပိုး​​တွေ့ အတည်ပြုလူနာဖြစ်သည့် အသက် ၅၃ နှစ်အရွယ် အမျိုးသားတွင် ပိုးတွေ့ကြောင်း ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စက်တင်ဘာလ ၁၇ ရက်တွင် အတည်ပြု ထုတ်ပြန်ခဲ့ပြီးနောက် ၎င်းနှင့် ဆက်စပ်သူများ၏ ဓါတ်ခွဲ နမူနာများအား စစ်ဆေးစဉ် လူနာ၏ သားဖြစ်သူတွင် ပိုး တွေ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ အတည်ပြု လူနာများ၏ အ​သေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိ​သေးဘဲ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသု​တေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာနများ၊ ပြည်သူ့​ဆေးရုံများနှင့် တပ်မတော်ဆေးရုံတို့တွင် ဓါတ်ခွဲ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာများအနက် ၂၅၆ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်​ကြောင်း သိရသည်။

.

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (စက်တင်ဘာလ ၁ ရက်)၊ နံနက် ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၄၂၉၉ ဦး ရှိကာ၊ ယင်းအနက် ၆၁ ဦး သေဆုံး၍ ၉၄၄ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်​ကြောင်း သိရသည်။

Journal Download

Photo of three cats