COVID-19 ပိုးတွေ့လူနာအသစ် ၁၅၄ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနက ယနေ့ (စက်တင်ဘာလ ၁၉ ရက်)၊ နံနက် ၈ နာရီ ထုတ်ပြန်ချက်အရ
သိရသည်။
.
အဆိုပါ အတည်ပြုလူနာများ၏ အသေးစိတ် အချက်အလက်များအား
ထုတ်ပြန်ခြင်း မရှိသေးဘဲ အမျိုးသား ကျန်းမာရေး ဓါတ်ခွဲမှု ဆိုင်ရာဌာန၊
ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနများ၊
ပြည်သူ့ဆေးရုံများနှင့် တပ်မတော်ဆေးရုံတို့၌ စစ်ဆေး ပြီးစီးခဲ့သော
ဓာတ်ခွဲနမူနာများအနက် ၁၅၄ ဦး၏ ဓါတ်ခွဲနမူနာတွင် COVID-19 ပိုး တွေ့ရခြင်း
ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့
(စက်တင်ဘာလ ၁၉ ရက်)၊ နံနက် ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၄၆၂၁ ဦး
ရှိကာ၊ ယင်းအနက် ၇၅ ဦး သေဆုံး၍ ၁၁၃၀ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း
သိရသည်။
.
