COVID-19 ပိုးတွေ့လူနာအသစ် ၁၃၄ ဉီး ထပ်မံ တွေ့ရှိပြီး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန( တောင်ကြီး)မှ ဒုတိယအသုတ်အား စစ်ဆေးရာ အတည်ပြုလူနာအသစ် မတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (စက်တင်ဘာလ ၁၆ ရက်)၊ နံနက် ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ အတည်ပြုလူနာများ၏ အသေးစိတ် အချက်အလက်များအား ထုတ်ပြန်ခြင်း မရှိသေးဘဲ အမျိုးသား ကျန်းမာရေး ဓါတ်ခွဲမှု ဆိုင်ရာဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနများ၊ ပြည်သူ့ဆေးရုံများနှင့် တပ်မတော်ဆေးရုံတို့၌ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ စုစုပေါင်း၂၄၂၄ ခု အနက် ၁၃၄ ဦး၏ ဓါတ်ခွဲနမူနာတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (စက်တင်ဘာလ ၁၆ ရက်)၊ နံနက် ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၆၃၆ ဉီး ရှိကာ၊ ယင်းအနက် ၃၉ ဦး သေဆုံး၍ ၈၃၂ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
.