COVID-19 အတည်ပြုလူနာ ၄ ဦး ထပ်မံ ​သေဆုံးခဲ့သဖြင့် ​သေဆုံးသူ​ပေါင်း ၂၄ ဦး ဖြစ်လာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ ၄ ဦး ထပ်မံ ​သေဆုံးခဲ့သဖြင့် ​သေဆုံးသူ​ပေါင်း ၂၄ ဦး ဖြစ်လာ

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာများ အနက် ၄ ဦး ထပ်မံ ​​သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (စက်တင်ဘာလ ၁၄ ရက်)၊ နံနက် ၈ နာရီတွင် ထုတ်ပြန်ခဲ့ သဖြင့် ​သေဆုံးသူ​ပေါင်း ၂၄ ဦး ရှိလာပြီ ဖြစ်​ကြောင်း သိရသည်။
.

အဆိုပါ ​သေဆုံးသူများမှာ စစ်တွေပြည်သူ့ဆေးရုံတွင် ​ဆေးကုသမှု ခံယူလျက်ရှိ‌သော အသက် (၇၅) နှစ် အရွယ် သွေးတိုး ရောဂါအခံရှိပြီး လေဖြတ်ရောဂါ (၈) နှစ်ကြာ ခံစားနေရသူ အမျိုးသား (Case-2463)၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် ​ဆေးကုသမှု ခံယူလျက်ရှိ‌သော အသက် (၆၉) နှစ်အရွယ် ပန်းနာရင်ကြပ်ရောဂါ၊ ဆီးချို၊ သွေးတိုး နှင့် နှလုံး ရောဂါအခံရှိသူ အမျိုးသမီး (Case-2324)၊ COVID-19 ကုသရေးဌာန (ဖောင်ကြီး)တွင် ​ဆေး ကုသမှုခံယူလျက်ရှိ‌သော အသက် (၅၁) နှစ်အရွယ် အသည်းရောင်အသားဝါ (စီ) ပိုး ရောဂါအခံရှိသူ အမျိုးသား (Case-1997)နှင့် အသက် (၇၆) နှစ်အရွယ် ဆီးချို၊ သွေးတိုး ရောဂါအခံရှိသူ အမျိုးသမီး (Case-2126) တို့ ဖြစ်​ကြောင်း ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။
.
ထို့အတူ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသု​တေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာနများ၊ ပြည်သူ့​ဆေးရုံများနှင့် တပ်မ​တော်​ဆေးရုံတို့တွင် ဓါတ်ခွဲ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာများအနက် ၈၃ ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့​ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (စက်တင်ဘာလ ၁၄ ရက်)၊ နံနက် ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၀၁၅ ဦး ရှိကာ၊ ယင်းအနက် ၂၄ ဦး သေဆုံး၍ ၆၉၉ ဦးမှာ ပြန်လည် သက်သာလာပြီး ​ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်​ကြောင်း သိရသည်။

Journal Download

Photo of three cats