တာချီလိတ်မြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၁၁ ဦးအား ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်မြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၁၁ ဦးအား ဖမ်းမိ

စိုင်းသိင်္ခသူ

.

တာချီလိတ်မြို့နယ်အတွင်း၌ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၁၁ ဦးအား  စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.


 

စရတ(တသခ)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တာချီလိတ်မြို့နယ်၊ မိုင်းလင်း(အရှေ့) ကျေးရွာအုပ်စု၊ နမ့်မွေတံတားတွင် စောင့်ဆိုင်းနေစဉ် ကျိုင်းလပ်မှ တာလေဘက်သို့ မောင်းနှင်လာသည့် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်နေ စိုင်းတစ် မောင်းနှင်လာသည့် ယာဉ်အား စစ်ဆေးရာ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၁၁ ဦးကို လဝကအက် ၁၃(၁)/ ၁၃(၅)နှင့် ယာဉ်မောင်း စိုင်းတစ်အား ရာဇသတ်ကြီးပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

.

Journal Download

Photo of three cats