လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပ ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်းမှ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၁ ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်လွှတ်တော်အတွက်
တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၃ ဦး၊ ရှမ်းပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးစုအတွက်
တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၅ ဦး၊ ပြည်သူ့လွှတ်တော်အတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း
၃ ဦး၊ စုစုပေါင်း ၂၁ ဦး ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံကြမည် ဖြစ်သည်။
.
အဆိုပါ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ
ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်အတွက် ကျောက်မဲမြို့နယ်၊
ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်နှင့် ရှမ်းပြည်နယ်လွှတ်တော်အတွက်
ကုန်းကြမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ လင်းခေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ မက်မန်းမြို့နယ်
မဲဆန္ဒနယ်အမှတ်(၁)၊ မူဆယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊
ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ တာချီလိတ်မြို့နယ်
မဲဆန္ဒနယ်အမှတ်(၁)၊ မန်တုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊
နောင်ချိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ အင်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်၊ လားဟူတိုင်းရင်းသားလူမျိုး
မဲဆန္ဒနယ်၊ ကချင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်၊ ဗမာတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တို့
ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း၌ တစ်သီးပုဂ္ဂလ
အပါအဝင် နိုင်ငံရေးပါတီ ၃၂ ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀၁၅ ဦးက ပါဝင် ယှဉ်ပြိုင်အရွေးချယ်ခံကြမည်
ဖြစ်ကာ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၅၅ ခုအနက် ပန်ဆန်း(ပန်ခမ်း)မြို့နယ်၊ နားဖန်းမြို့နယ်၊
မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ မိုင်းလားမြို့နယ်တို့မှ အပ ကျန် မြို့နယ် ၅၀
ခုတွင် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။