တောင်ကြီး-မိုင်းပျဉ်းသွား လမ်းတွင် ကျပ်သိန်း ၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး-မိုင်းပျဉ်းသွား လမ်းတွင် ကျပ်သိန်း ၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ


တောင်ကြီးမြို့နယ်၊ တောင်ကြီး-မိုင်းပျဉ်းသွား လမ်းပေါ်၌ စက်တင်ဘာလ ၁၄ ရက်၊ ည ၈ နာရီခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ငွေကျပ်သိန်း ၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ တောင်ကြီးမြို့နယ်၊ တောင်ကြီး-မိုင်းပျဉ်းသွား ကားလမ်းတွင် မိုင်းပျဉ်းဘက်မှ တောင်ကြီးမြို့ဘက်သို့ တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်နေ စည်သူဝင်း (ခ) စည်သူ မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့် ရှာဖွေ စစ်ဆေးရာ မော်တော်ယာဉ်ပေါ်တွင် သိုဝှက် သယ်ဆောင်လာသော ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား (ဒေသကာလ ပေါက်စျေး တန်ဖိုးငွေ ကျပ် ၂၀ သိန်း)ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဖမ်းဆီးရမိသည့် စည်သူဝင်း (ခ) စည်သူအား တောင်ကြီးနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော် ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats