COVID-19 အတည်ပြုလူနာ အသစ် ၄၅ ဦး ထပ်တွေ့၊ စုစု​ပေါင်း ၁၄၆၄ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, September 7, 2020

COVID-19 အတည်ပြုလူနာ အသစ် ၄၅ ဦး ထပ်တွေ့၊ စုစု​ပေါင်း ၁၄၆၄ ဦး ရှိ

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၄၅ ဦး ထပ်မံ ​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (စက်တင်ဘာလ ၇ ရက်)၊ နံနက် ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.

အဆိုပါ အတည်ပြု လူနာများ၏ အ​သေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိ​သေးဘဲ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသု​တေသနဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာနများ၊ ပြည်သူ့​ဆေးရုံများနှင့် တပ်မ​တော်​ဆေးရုံတို့တွင် ဓါတ်ခွဲ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာများအနက် ၄၅ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်​ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (စက်တင်ဘာလ ၇ ရက်)၊ နံနက် ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၄၆၄ ဦး ရှိကာ၊ ယင်းအနက် ၈ ဦး သေဆုံး၍ ၃၈၅ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်​ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About