COVID-19 အတည်ပြုလူနာ အသစ် ၃၇ ဦး ထပ်တွေ့၊ လားရှိုး၌ အသွားအလာ ကန့်သတ်ထားသူ တစ်ဦး ပါ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ အသစ် ၃၇ ဦး ထပ်တွေ့၊ လားရှိုး၌ အသွားအလာ ကန့်သတ်ထားသူ တစ်ဦး ပါ

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၃၇ ဦး ထပ်မံ ​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (စက်တင်ဘာလ ၅ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.

အဆိုပါ အတည်ပြု လူနာများ၏ အ​သေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိ​သေးဘဲ စာရင်းချုပ်အဖြစ် မန္တ​လေးတိုင်း​ဒေသကြီး၊ရန်ကုန်တိုင်း​ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ​နေပြည်​တော်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း ​ဒေသကြီးတို့မှ အသွားအလာကန့်သတ်ထားသူများဖြစ်​ကြောင်း ​ဖော်ပြထားသည်။
.
ရှမ်းပြည်နယ်မှ လူနာမှာ ရခိုင်ပြည်နယ်သို့ ခရီးသွား ရာဇဝင် ရှိ၍ လားရှိုးမြို့နယ်တွင် အသွားအလာ ကန့်သတ်ထားသူ ဖြစ်​ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသု​တေသနဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာနများ၊ ပြည်သူ့​ဆေးရုံများတွင် ဓါတ်ခွဲ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာများအနက် ၃၇ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်​ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (စက်တင်ဘာလ ၅ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၂၅၃ ဦး ရှိကာ၊ ယင်းအနက် ၇ ဦး သေဆုံး၍ ၃၇၁ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်​ကြောင်း သိရသည်။

Journal Download

Photo of three cats