မင်းဇော်မင်း
.
ကလောမြို့နယ်၊
အောင်ပန်းမြို့ရှိ အမှတ်(၂) တပ်မတော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် COVID-19
လူနာအမှတ်(၁၂၁၆)၏ မိသားစုဝင်များကို ယင်းဆေးရုံ၌ အသွားအလာ ကန့်သတ်ထားပြီး စောင့်ကြပ်ကုသမှု
ပေးနေကြောင်းနှင့် ၎င်း နေထိုင်ခဲ့သည့် ကျေးရွာအား လိုအပ်ပါက Lockdown ပြုလုပ်မည်
ဖြစ်ကြောင်း သိရသည်။
.
“ တပ်ပိုင်းကတော့ တပ်အနေနဲ့ပဲ
ကုသတာ စောင့်ကြပ် ကြည့်ရှုတာ လုပ်ပါတယ်၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်တာလောက်ပဲ ရှိပါတယ်။”
ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ပြောသည်။
.
ယင်း COVID-19 လူနာအမှတ်(၁၂၁၆)သည်
ပင်လောင်းမြို့နယ်၊ တီကျစ်မြို့ အခြေစိုက်
တပ်ရင်းတစ်ခုမှ အသက် ၃၁ နှစ်အရွယ် တပ်မတော်သား တစ်ဦး ဖြစ်ပြီး ရခိုင်ပြည်နယ်၌
စစ်ဆင်ရေး တာဝန် ထမ်းဆောင်ကာ ဩဂုတ်လ ၂၈ ရက်တွင် တီကျစ်မြို့ရှိ တပ်ရင်းသို့ ပြန်လည်
ရောက်ရှိပြီးနောက် တီကျစ်မြို့၊ လွင်ရွာကျေးရွာတွင် မိသားစုနှင့်အတူ နေထိုင်နေစဉ် ကျန်းမာရေး မကောင်းသဖြင့်
စက်တင်ဘာလ ၁ ရက်၌ ၄င်း၏ ဓါတ်ခွဲနမူနာအား ရယူ၍ နေပြည်တော်ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်
စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တပ်မတော်သားအား
စက်တင်ဘာလ ၂ ရက်၊ ညပိုင်းတွင် အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံသို့ ခေါ်ဆောင်ကာ သီးသန့်ဆောင်၌
ထားရှိ၍ ဆေးကုသမှု ပေးနေစဉ် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ ၅
ရက်၊ နံနက်ပိုင်း ထုတ်ပြန်ချက်တွင် COVID-19 ပိုးတွေ့လူနာ အဖြစ် အတည်ပြုထုတ်ပြန်ခဲ့ခြင်း
ဖြစ်သည်။
.
“ သူ့ (လူနာ) မိသားစုကိုလည်း
တပ်ပိုင်းကပဲ စောင့်ကြည့်က ုသနေတယ်လို့ သိရပါတယ်။ အဲဒီ ကျေးရွာကိုတော့ လောလောဆယ် Lockdown
မလုပ်သေးပေမယ့် ထိတွေ့မှု ရှိနိုင်တဲ့သူ အားလုံးကို Home Querantine ထားပါတယ်။ သူ့
တပ်ရှေ့မှာပဲ ဆိုတော့ တပ်က အားလုံးကို လုပ်ဆောင်နေပါတယ်။” ဟု ပင်လောင်းမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဘုန်းထက်နိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကလောမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် ကြိုတင်စုဖွဲ့ ဇာတ်တိုက် လေ့ကျင့်ထားသော COVID-19
ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုဆိုင်ရာ ဆေးအဖွဲ့များဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏
ထုတ်ပြန်ချက်များနှင့် အညီ ဆောင်ရွက်လျက် ရှိပြီး ပိုးတွေ့လူနာ နေထိုင်ခဲ့သည့် လွင်ရွာကျေးရွာအား
လိုအပ်ပါက Lockdown ပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

Home
COVID-19
တီကျစ်
ရှမ်းတောင်သတင်းများ
အောင်ပန်း
COVID-19 လူနာ(၁၂၁၆)၏ မိသားစုကို အသွားအလာ ကန့်သတ်ထားပြီး နေထိုင်ရာ ကျေးရွာကို လိုအပ်ပါက Lockdown ပြုလုပ်မည်
COVID-19 လူနာ(၁၂၁၆)၏ မိသားစုကို အသွားအလာ ကန့်သတ်ထားပြီး နေထိုင်ရာ ကျေးရွာကို လိုအပ်ပါက Lockdown ပြုလုပ်မည်
Tags
# COVID-19
# တီကျစ်
# ရှမ်းတောင်သတင်းများ
# အောင်ပန်း
Share This
About Unknown
အောင်ပန်း
Tags
COVID-19,
တီကျစ်,
ရှမ်းတောင်သတင်းများ,
အောင်ပန်း