တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

မင်းမင်း .
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ သဇင်လမ်း၌ နေထိုင်သော အမျိုးသားတစ်ဦးသည် ယနေ့ (စက်တင်ဘာလ ၁၁ ရက်က ၎င်း၏နေအိမ်တွင် ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရသည်။
.
“ ကျောင်းကြီးစု၊ နယ်မြေ ၇ မှာ အသက် ၄၂နှစ် အရွယ် အမျိုးသားတစ်ဦး သူ့နေအိမ် အိပ်ခန်းထဲမှာ ကြိုးဆွဲချ သေဆုံးသွားတာပါ။ သေဆုံးသူက အရက် သောက်တတ်တဲ့ သူလို့တော့ သိရတယ်။ တခြား ပြဿနာတွေတော့ မရှိပါဘူး။ သေဆုံးသူရဲ့ ရုပ်အလောင်းကို စဝ်စံထွန်းပြည်သူ့ ဆေးရုံကို နာမှုကူညီရေး အသင်းကားနဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် ပို့ဆောင်ထားပါတယ်။ ဘာကြောင့် အခုလိုသေဆုံးရတာလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။” ဟု တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အဆိုပါ ကြိုးဆွဲချ သေဆုံးသူမှာ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ သဇင်လမ်း (ဝါးပြားတောင်ရွာ)တွင် နေထိုင်သည့် ဦးရဲအောင် (ခ) ထွေးငယ် ဆိုသူ ဖြစ်ပြီး ၎င်း၏ နေအိမ် အိပ်ခန်းအတွင်းမှ အပြင်သို့ ထွက်လာခြင်း မရှိသဖြင့် မိသားစုဝင်များက သွားရောက် ကြည့်ရှုစဉ် ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ နေအိမ် အိပ်အခန်းအတွင်း ကြိုးဆွဲချ သေဆုံးမှုနှင့် စပ်လျဉ်း၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် တောင်ကြီး မြို့မရဲစခန်းမှ သေမှုသေခင်း ဖွင့်လှစ်ကာ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats