ထမံသီ
.
ရပ်စောက်မြို့နယ်၊ ပစောက်ကွေ့တံတားတွင် ဩဂုတ်လ ၈ ရက်၊ ညနေပိုင်းက
မော်တော်ယာဉ်တစ်စီး တံတားအောက် သို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ
အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
.
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အေးသာယာစက်မှုဇုန်နေ ယာဉ်မောင်း
ဇော်လင်း မောင်းနှင်ပြီး မောင်ပေနှင့် ဦးအေးဝင်းတို့ လိုက်ပါစီးနင်းလာသော အဆင့်မြင့်မုန့်တီခြောက်လုပ်ငန်းမှ
လုပ်ငန်းသုံး Canter အမျိုးအစား အဖြူရောင် မော်တော်ယာဉ်သည် ဩဂုတ်လ ၈ ရက်၊ ညနေ
၅ နာရီအချိန်ခန့်က ရပ်စောက်မြို့မှ ရွှေညောင်မြို့သို့ အထွက် ပစောက်ကွေ့တံတား အရောက်တွင်
အရှိန်လွန်ကာ တံတားယာဘက် ပေ ၃၀ ခန့်အနက်ရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယဉ်မောင်း ဇော်လွင်တွင်
ယာဘက်ခြေကျင်းဝတ်ကျိုး၊ ယာ/ဝဲ ခြေဒူးပွန်းပဲ့၊ ယာ/ဝဲလက်ပွန်းပဲ့၊ နဖူး
ပေါက်ပြဲဒဏ်ရာ၊ မစိုးရိမ်ရ၊ မောင်ပေတွင် ယာပါးပေါက်ပြဲသွေးထွက်၊ ယာ/ဝဲဒူးပွန်းပဲ့၊
မေးစေ့ ပေါက်ပြဲသွေးထွက်၊ ယာမျက်ခုံးပေါက်ဒဏ်ရာ၊ မစိုးရိမ်ရနှင့် ဦးအေးဝင်းတွင် ယာခြေထောက်ကျိုး၊
အပေါ်သွား ၂ ချောင်းကျိုး၊ ဝဲခြေထောက်ပွန်းပဲ့၊ ရင်ဘတ်ပွန်းပဲ့ဒဏ်ရာ၊ မစိုးရိမ်ရ အသီးသီး
ရရှိခဲ့ပြီး ရပ်စောက်ဆေးရုံတွင် ဆေးဝါး ကုသမှုများ ပြုလုပ်ပေးကာ ရပ်စောက်မြို့၊ မဇ္ဈိမနာရေးကူညီမှုအသင်းပိုင်ယာဉ်ဖြင့်
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
.
ယာဉ်တိမ်းမှောက်မှုမှ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး မိမိကိုယ်တိုင်နှင့်
တစ်ပါးသူများအား ထိခိုက်ဒဏ်ရာရစေသူ ယာဉ်မောင်း ဇော်လွင်အား ရပ်စောက်မြို့မရဲစခန်းတွင်
အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.