စိုင်းကျော်မောင်
.
နိုင်ငံ တစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု စည်ပင်သာယာမှု အေး ချမ်းတည်ငြိမ်မှုများ
ရရှိခံစားနိုင်ရန် အဓိကကျသော အချက် တစ်ခုသည်ကား ပညာရည်ထူးချွန် ပြောင်မြောက်မှုဖြင့်
တိုင်း တာကြသည်။ ပညာရည်ထူးချွန် ပြောင်မြောက်လေလေ နိုင်ငံ သည်လည်း တိုးတက်လေလေ ဖြစ်သည်။
ပညာရည် နိမ့်လေလေ နိုင်ငံတော်သည်လည်း ဖွံ့ဖြိုးမှု ကင်းမဲ့ကာ ပြည်သူများလည်း ဆင်းရဲတွင်းသို့
နက်ရှိုင်းစွာ ကျဆင်းမည် ဖြစ်ပေသည်။ မျိုး ဆက်သစ် လူငယ်မောင်မယ်များအား အသိပညာတိုးတက်ရေး
အတတ်ပညာ ထက်မြက်ထူးချွန်ရေးအတွက် လေ့ကျင့်ပျိုး ထောင်ပေးရမည့် အဓိကတာဝန်ယူကာ လေ့ကျင့်သင်ကြားပေး
နိုင်ရန် မိဘအုပ်ထိန်းသူများနှင့် ဆရာ၊ ဆရာမများပင် ဖြစ်ပေ သည်။ ပညာရေးတိုးတက်မြင့်မားစေရန်
ဆရာဆရာမများ၏ အခန်းကဏ္ဍသည်ကား လွန်စွာအရေးပါ အရာရောက်လှပေ သည်။ ယခုအချိန်ကာလတွင် ပြည်ထောင်စု
မြန်မာနိုင်ငံတော် အတွက် ပညာရေးကဏ္ဍတွင် ခေတ်စနစ်နှင့် လျော်ညီစွာ တိုး တက်ရေး အလိုငှာ
ပညာရေးမူဝါဒများကို ရည်မှန်းချက် မူ ဘောင်များချမှတ်ကာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိလာ
ရသည်။ KG+12 စနစ်ကိုလည်း စတင်အသုံးပြုကာ အကောင် အထည် ဖော်လျက်ရှိသည်။ ထိုသို့ အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိရာ ဆရာ၊ ဆရာမများသည် ယခင်ခေတ်အ ဆက်ဆက်မှ ကျင့်သုံးခဲ့သည့် ဒါသင်ဒါကျက်
ဒါဖြေ ဟူသည့် ပုံ စံခွက်ပညာရေးမှသည် တွေးခေါ်ဆင်ခြင်မှုဆိုင်ရာ နည်းစနစ် ဖြင့် သင်ကြားလေ့ကျင့်ပေးမှုကို
စတင်ကျင့်သုံးလာသည်ကို အများ မျက်မြင် ကိုယ်တွေ့ပင်ဖြစ်သည်။
.
ပုံစံခွက်ဝင် ပညာရေး စနစ်အား ပယ်ဖျက်၍စာသင်သား ကလေးသူငယ်များအား
မိမိတို့ ကိုယ်တိုင်ကိုယ်ကျ ဆင်ခြင် တွေးခေါ်မှု ရင့်ကျက်ကာ ကိုယ်ပိုင်ဆုံးဖြတ် ချမှတ်နိုင်စေရန်
ဆရာဆရာမများမှ ဦးဆောင်ကာ ပြင်ဆင်လေ့ကျင့်ပေးရမည့် အချိန်ပင်ဖြစ်သည်။ သို့ဖြစ်ပါ၍ ဆရာဆရာမတိုင်းသည်
လူ့အ ခွင့်အရေး ကြေညာစာတမ်း (UDHR) အမျိုးသမီးများအား နည်း မျိုးစုံဖြင့် ခွဲခြားထားမှုများအား
ပပျောက်ရေးစာချုပ် (CEDAW) ကလေးငယ်များ အခွင့်အရေးဆိုင်ရာစာချုပ် (CRC) နှင့် မသန်
စွမ်းသူများ အခွင့်အရေးဆိုင်ရာစာချုပ် (CRPD) များကို သိရှိ နားလည်ကာ သဘောပေါက်ထားရမည်
ဖြစ်ပါသည်။ ထိုစာချုပ် များကို သဘောပေါက်ကာ သိနားလည်ထားခြင်းအားဖြင့် မိမိ တို့ လက်အတွင်းရှိ
ကလေးသူငယ်များကို လေ့ကျင့်သင်ကြား ပေးရာ၌ များစွာအထောက်အကူ ပြုမည်ဖြစ်သည်။ ယင်းစာချုပ်
များကို ဆရာဖြစ်သင်တန်း ကျောင်းများတွင်လည်း သင်ကြား ပို့ချပေးရမည်ဖြစ်သည်။ သို့မှသာ
ယခင်ခေတ်အခါများစွာမှ ခေါက်ရိုးကျိုးခဲ့သည့် ဆရာဆရာမများအား ကြောက်ရွံ့စိတ် ရွံ ရှာမုန်းတီးစိတ်များ
ကင်းစင်ပပျောက်သွားမည် ဖြစ်သည်။
.
လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) ၏ အပိုဒ် ၁ တွင် လူသားတိုင်းသည်
မွေးဖွားသန့်စင်လာကတည်းကပင် တူ ညီသော ဂုဏ်သိက္ခာနှင့် တူညီသောအခွင့်အရေး ရှိသည်ဟု သတ်မှတ်ထားရာ
မည်သူမဆို (ကျား/မ/လိင်/အတန်း) တန်း တူညီမျှမှု သာတူညီမှုမျိုး ရှိကြရမည် ဖြစ်သည်။
ခွဲခြားဆက်ဆံ မှု ကင်းရှင်းရမည်။ မည်သူကိုမဆို တန်းတူဆက်ဆံရမည် ဖြစ် သည်။ ဤအချက်သည်
အဓိကကျသည့် အချက်ဖြစ်သကဲ့သို့ အသက်ရှင်သန်စွာ နေထိုင်နိုင်ရေးအတွက်လည်း အဓိကကျ ရောက်သည်။
ထို့ပြင် ယင်းစာတမ်းတွင် လွတ်လပ်စွာ တွေးခေါ် ယုံကြည် ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်တင်ပြ
ပြောဆို ခွင့် သတင်းများရယူကာ ဖြန့်ဝေခွင့်နှင့် လွတ်လပ်စွာ ပညာသင် ကြားခွင့် မိမိ၏စိတ်အားထက်သန်သည့်
အသက်မွေးဝမ်း ကျောင်းအား လုပ်ကိုင်ခွင့်သင်ကြားလေ့ကျင့်ခွင့်များ ရရှိခံစား နိုင်စေရန်
ဟူသည့်အချက်များကို ထည့်ဝင်ပြဌာန်းထားပေ သည်။
.
ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး သဘောတူ စာချုပ်တွင် ပါဝင်သောအချက် (အဓိက)အားဖြင့် ၄ ချက်ရှိသည်ကို လေ့လာမိပါသည်။
.
ကလေးသူငယ်များဆိုင်ရာ သဘောတူစာချုပ် (CRC) တွင် အပိုဒ် ၁ မှ အပိုဒ်
၄၀ ထိပါဝင်သည်ကို တွေ့ရှိရသည်။ ယင်း ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး သဘောတူ စာချုပ်တွင်
ပါဝင်သောအချက် (အဓိက)အားဖြင့် ၄ ချက်ရှိသည်ကို လေ့ လာမိပါသည်။ ယင်းတို့သည်ကား ၁။ အသက်ရှင်ရပ်တည်မှု
ဆိုင်ရာ အခွင့်အရေး (Survival Right) ၂။ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အခွင့်အရေး
(Development Right) ၃။ ကာကွယ်ရေး ဆိုင်ရာ အခွင့်အရေးများ (Proteation Right) နှင့်
၄။ ပါဝင် ဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေး (Participation Right) တို့ ဖြစ်ကြပါသည်။
အတိုကောက်အားဖြင့် ရှင်၊ ဖွံ့၊ ကာ၊ ပါ ၄ ချက် မှာ ကလေးသူငယ်အတွက် ဟူ၍မှတ်သားနိုင်ပါသည်။
.
ယင်းတို့ သည်ကား
၁။ အသက်ရှင်ရပ်တည်မှုဆိုင်ရာ အခွင့်အရေးဟူသည် ကလေး များ၏ အသက်ရှင်သန်ခွင့်နှင့်
အသက်ရှင်သန်နိုင်ရန် လိုအပ် သော အခြေခံအချက်များကို ဆိုလိုခြင်းပင် ဖြစ်သည်။ လုံ လောက်သည့်
နေထိုင်မှု အဆင့်အတန်း အိမ်ယာ၊ အစာအာ ဟာရနှင့် ဆေးဝါးကုသမှုကို ရောထွေးရယူခွင့် စသည်တို့
ပါ ဝင်သည်။
၂။ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာအခွင့်အရေး ဟူသည်ကား လူငယ် များ၏
စွမ်းရည်ရှိသရွေ့ ဖွံ့ဖြိုးတိုးတက်နိုင်ရန် လိုအပ်မှုများကို ဆို လိုသည်။ အဓိကအားဖြင့်
ပညာသင်ကြားခွင့် အားကစားနှင့် အ ပန်းဖြေအနားယူခွင့်၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာများအ
ရ လုပ်ဆောင်ခွင့်၊ သတင်းများရယူပိုင်ခွင့် ဖြန့်ဝေပိုင်ခွင့် လွတ် လပ်စွာ တွေးခေါ်ခွင့်နှင့်
ကိုးကွယ်ယုံကြည်ခွင့်တို့ပင် ဖြစ်သည်။
၃။ ကာကွယ်မှုဆိုင်ရာ အခွင့်အရေးဟူသည်ကား သာမန်အခြေ အနေများနှင့်
အရေးပေါ် အခြေအနေများတွင် ကလေးသူငယ် များအပေါ် ခွဲခြားခြင်း၊ မတရားပြုမူခြင်း၊ လျစ်လျူရှုခြင်းနှင့်
အ မြတ်ထုတ် စော်ကားခြင်းစသည်တို့မှ အစွမ်းကုန်ကာကွယ်တား ဆီးပေးခြင်းပင် ဖြစ်သည်။ ထိုအရာများသည်
ဒုက္ခသည် က လေးသူငယ်များအား ကာကွယ်ပေးခြင်း၊ နှိပ်စက်မှုများ၊ ရာဇ ဝတ်မှုများမှ ကာကွယ်ပေးခြင်း
ကလေးအလုပ်သမား ကြီးထွား လာမှုအား တားဆီးပေးခြင်း အလုပ်စေခိုင်းမှုများကို ဟန့်တား ပေးခြင်းနှင့်
ကလေးလိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ထိ ရောက်စွာ အရေးယူခြင်းများ ပါဝင်သည်။
၄။ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေးသည်ကား ၎င်းတို့၏ မိသားစု
ယဉ်ကျေးမှုနှင့် လူမှုဘဝ ဆောင်ရွက်ခြင်းများတွင် ပါ ဝင်ခွင့်ပြုခြင်း၊ ၎င်းတို့နှင့်
ပတ်သက်သော အကြောင်းခြင်းရာများ ကို တိုင်ပင်ဆွေးနွေးခွင့်ပြုခြင်း အသိပေးခြင်း၊ ၎င်းတို့၏
ထင် မြင် ယူဆချက်များကို လက်ခံကာ တိုင်ပင်နှီးနှောခြင်း၊ အဖွဲ့ ဝင် ပိုင်ခွင့်တင်ပြပြောဆိုခွင့်
အဖွဲ့အစည်းများ ဖွဲ့စည်းခွင့် ငြိမ်း ချမ်းစွာ စုဝေးခြင်း။
.
အထက်ဖော်ပြပါ အခွင့်အရေး ၄ ခုတို့သည် ကလေးသူငယ် များအတွက် ပြည့်စုံစွာ
ဖြည့်ဆည်းပေးနိုင်ရေးသည် ဆရာဆရာ မများ၏ သွန်သင်ညွှန်ကြားမှုက အဓိကကျသကဲ့သို့ နိုင်ငံတော်
အစိုးရမှလည်း လိုအပ်သည့် နေရာကွက်လပ်များတွင် လိုက်လံ ဖြည့်ဆည်းပေးရမည် ဖြစ်သည်။ ခေတ်မီတိုးတက်လာသည့်
ပ ညာရေး အဆင့်အတန်းအလိုက် အခြေခံမူဝါဒများကို ချမှတ် ကာ ကျင့်သုံးသွားရမည် ဖြစ်သည်။
အခြေခံမူဝါဒများကို ချမှတ် ရာတွင်လည်း လူသားတိုင်း လူငယ်တိုင်းအတွက် ကာလဒေသ နှင့် ကိုက်ညီပြီး
ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဦးတည်ချက်ဖြင့် ရေးဆွဲသွားကြရမည်ဖြစ်သည်။ ယင်းမူဝါဒများတွင်
ပါဝင်ရမည့် အချက်အလက်များသည်ကား စဉ်းစားဆင်ခြင်နိုင်ခွင့်ကို ဦးစား ပေးရမည် ဖြစ်သကဲ့သို့
အချင်းချင်းသော်လည်းကောင်း၊ အခြား အခြားသော အုပ်စုများ၊ လူမျိုးနွယ်စုများအား မုန်းတီးခွဲခြား
ဆက်ဆံမှုတို့မှ ကင်းရှင်းစေရေးအတွက် လမ်းပြမှု လမ်းညွှန်မှု နှင့် ပြည့်စုံရန် လိုအပ်လှပေသည်။
ကလေးသူငယ်များကိုယ် တိုင် စိတ်ပါလက်ပါဖြင့် ကိုယ်တိုင်ကိုယ်ကျ လေ့လာစူးစမ်းလို စိတ်၊
တွေးခေါ်လိုစိတ်များ မွေးမြူလာစေရန်၊ စူးစမ်းဆင်ခြင်လို စိတ် ရင့်သန်လာစေရန် သိမ်းသွင်းပေးရမည်ဖြစ်သည်။
.
ဆရာတပည့် ဆက်ဆံရေးတွင်လည်း အကြောက်တရား ကင်းရှင်းကာ တစ်ဦးပေါ်တစ်ဦး မေတ္တာတရားဖြင့် အခြေခံကာ ပေါင်းသင်းဆက်ဆံကြခြင်းဖြင့် ပညာသင်ကြားရေးတွင် များစွာ အထောက်အကူ ဖြစ်စေသည်
.
ဆရာတပည့် ဆက်ဆံရေးတွင်လည်း အကြောက်တရား ကင်းရှင်းကာ တစ်ဦးပေါ်တစ်ဦး
မေတ္တာတရားဖြင့် အခြေခံကာ ပေါင်းသင်းဆက်ဆံကြခြင်းဖြင့် ပညာသင်ကြားရေးတွင် များစွာ အထောက်အကူ
ဖြစ်စေသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပြောဆိုရာတွင် လေးစားရိုသေမှုဖြင့် ယုံကြည်သက်ဝင်လာမှု
အပြည့်အဝထားကာ ပြောဆိုခြင်း၌ အောင်မြင်မှုကို ရရှိစေ သည်။ ကလေးသူငယ်များ ရင်တွင်းမှ
ထွက်ပေါ်လာသည့် စဉ်း စားတွေးခေါ်မှုများကို ဆရာ၊ဆရာမများ အနေဖြင့်လည်း လက်ခံ ကာ လိုအပ်ချက်များကို
ဖြည့်စွက်ဖြည့်ဆည်း လမ်းပြပေးရမည် ဖြစ်သည်။ အခန်းတွင်း လုပ်ဆောင်ချက်များအား အခန်းပြင်ပ
ကျောင်းဝင်းအတွင်း စိုက်ပျိုးရေး၊ လက်မှုလုပ်ငန်း စသည်များ တွင် ကလေးသူငယ်များ၏ တာဝန်ယူမှု
တာဝန်ခံမှုများ စိတ် ဓာတ်များ ရင့်ကျက်လာစေရန် လေ့ကျင့်ပေးရမည် ဖြစ်သည်။ ကလေးသူငယ်များ၏
တီထွင်ဖန်တီးမှုများကို အားပေးအား မြောက်ပြုပေးရပေမည်။ ဆရာဆရာမများနှင့် ကလေးသူငယ်
တို့သည် ပညာသင်ကြားမှု နည်းစနစ်သစ် တစ်ခုဖြစ်သည်။ "Play glow together" ဟူသော
"ကစားခြင်း၊ သင်ယူလေ့ကျင့် ခြင်းနှင့် ကြီးပြင်းခြင်းအတူတူ" ဟူ၍ အဓိပ္ပာယ်ရပါသည်။
.
ပုံစံခွက် ပညာရေးမှသည် ပွင့်လင်းမြင်သာသည့် ပညာရေး သို့ ပြောင်းလဲကျင့်သုံးရာတွင်
လက်တွေ့နယ်ပယ်နှင့် လိုက် လျောညီထွေမှု ရှိရမည်။ ပညာရေးနယ်ပယ်အလိုက် အစဉ်မ ပြတ် တိုးတက်နေရပေမည်။
ပညာရေး အခြေအနေသည် ယ နေ့လက်တွေ့နယ်ပယ်တွင် သိသာထင်ရှားစွာ ပြောင်းလဲမှု မရ နိုင်သေးသည်ကို
တွေ့ရှိနေရသည်။ နိုင်ငံသားတိုင်း လွယ်ကူ ရှင်းလင်းစွာ သိနားလည်သည့် ပညာရေးသို့ပြောင်းလဲရန်
အ ထူးလိုအပ်လှပေသည်။ လက်တွေ့နယ်ပယ်နှင့် ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းများကို အချိန်အခါအလိုက်
ရေးဆွဲကာပြဌာန်း သွားရမည် ဖြစ်သည်။ သင်ရိုးညွှန်းတမ်းများကို ရေးဆွဲပြဌာန်းရာ တွင်
ဗဟိုမှချုပ်ကိုင်သည့် စနစ်မှသည် ဒေသဆိုင်ရာ ပညာရေး နယ်ပယ်သို့ ကူးပြောင်းကာ ရေးဆွဲရမည်သာဖြစ်သည်။
လူငယ် လူရွယ်များအတွက် ဒေသနှင့် ကိုက်ညီပြီး မိမိ၏ဝါသနာ အရင်း ခံသည့် အသက်မွေးဝမ်းကြောင်းများကို
လေ့လာသင်ယူခွင့် ပြု ပေးရမည်သာ ဖြစ်သည်။ သို့မှသာ ဒေသတစ်ခုချင်းဆီမှ တိုး တက်ဖွံ့ဖြိုးလာမည်ဖြစ်ကာ နိုင်ငံတော်အတွက် အထူးလိုအပ်
သည့် အသိပညာရှင် အတတ်ပညာရှင်များ ထွန်းကားလာမည် ဖြစ်သည်။ လူငယ်လူရွယ်များအတွက် ကျွမ်းကျင်တတ်မြောက်
သည့် ပညာရေး ရပ်ဝန်းတစ်ခုဖြစ်လာရန် ဝိုင်းဝန်းကြိုးပမ်းကြရ မည်သာ ဖြစ်သည်။
.
လူငယ်လူရွယ်များအတွက် အလုပ်အကိုင် မျှော်လင့်ချက် ပြည့်ဝလာစေရန်
စီမံချက်များ ရေးဆွဲကာ စတင် အကောင် အထည် ဖော်ကြရမည် ဖြစ်သည်။ မိမိတို့ တတ်မြောက် ကာ
သိရှိထားသည့် ပညာရပ်များကိုလည်း လူငယ်လူရွယ် များအတွက် အချိုးအစားအလိုက် ပြန်လည်မျှဝေကာ
ဖြန့် ဖြူးပေးရမည် ဖြစ်သည်။ နေရာဒေသအလိုက် မိခင်ဘာသာ စကားကို အဓိက ထားကာ လူငယ်လူရွယ်များကို
ဦးစွာ ပထ မ သင်ကြားပေးရမည် ဖြစ်သည်။ ထိုမှဆက်၍ အခြားဘာသာ စကားများကို လေ့ကျင့်ပေးရမည်ဆိုလျှင်
လူငယ်လူရွယ်များအ တွက် အဆင်ပြေချောမွေ့မှုများကို ရရှိစေမည် ဖြစ်သည်။ ပညာ ရေးသည် ပြောင်းလဲခြင်းအတွက်
အခြေခံအုတ်မြစ်တစ်ခု ဖြစ် သောကြောင့် အမူအကျင့် အတွေးအခေါ်များကို ခေတ်စနစ်နှင့် လိုက်လျောမှုရှိသော
ပညာရေးကို တီထွင်ကာ လေ့ကျင့်သင် ကြားပေးကြရမည် ဖြစ်သည်။ ပုံစံခွက်ပညာရေးကြောင့် နိုင်ငံ
တော်အတွင်း အတွေးအခေါ်များ ဆိတ်သုဉ်းကာ စီးပွားရေး လူ မှုရေးများလည်း တဖြည်းဖြည်းချင်း
နိမ့်ကျလာတော့သည်။ စား ဝတ်နေရေး အဆင့်အတန်း နိမ့်ကျလာသောကြောင့် ပညာရေး လည်း ထပ်မံညံ့ဖျင်းလာတော့သည်။
ဤသို့ဖြင့် လုံးချာလိုက် နေရတော့သည်။ ဆိုရလျှင် လူငယ်လူရွယ်များ အသိဉာဏ်ဖွံ့ ဖြိုးတိုးတက်စေရေးအတွက်
အဟန့်အတားများ ချမှတ်ကာ ပ ညာရေးအား နည်းမျိုးစုံဖြင့် သတ်မှတ်ပြီး သင်ကြားပေးခဲ့သဖြင့်
ပညာရေးသည်လည်း လုံးပါးပါးလာရတော့သည်။ ထိုလုံးပါးပါး သည့်ပညာရေးကို ယခုထက်ပိုမို ထက်မြက်သည့်
အနေအထား သို့ ရရှိရန် အစိုးရ၊ လွှတ်တော်၊ ရဟန်းရှင်လူ ပြည်သူပြည်သား များမှ ဝိုင်းဝန်းကာ
လက်တွဲညီညီဖြင့် ပြုပြင်ပေးရမည်ဖြစ်သည်။ ဆွဲချခံထားရသည့် ပညာရေးအား အမြင့်သို့ရောက်ရှိရန်
ဆွဲ တင်ကြရမည် ဖြစ်သည်။ မိဘများနှင့် ဆရာဆရာမများ အား လုံးတို့သည် မိမိတို့၏ သားသမီးတပည့်များကို
မိမိတို့ စိတ်တိုင်း ကျဖြစ်လာစေရေးအတွက် အတင်းအကျပ်စေခိုင်းခြင်း အရာဝတ္ထု တစ်ခုခုအတွက်
စီမံချက် ရေးဆွဲကာ ပြုလုပ်စေခြင်းသည် က လေးသူငယ်များအတွက် စိတ်ဒဏ်ရာစွဲကပ်သွားစေပြီး
မိမိ ကိုယ်တိုင်ယုံကြည်မှု စိတ်လည်းကင်းမဲ့ပြီး ကြောက်လန့်စိတ်၊ ရွံ့ရှာမုန်းတီးစိတ်များ
ကိန်းအောင်းလာစေသည် သို့ဖြစ်ပါ၍ မိ ဘများဆရာဆရာမများသည် ကလေးသူငယ်များအား စိတ် ဒဏ်ရာ
ရရှိစေရန် အတင်းအဓမ္မစေခိုင်းခြင်းမျိုး ပြုလုပ်ခြင်းမှ ရှောင်ရှားကြရမည် ဖြစ်သည်။
အတင်းအဓမ္မစေခိုင်းခြင်းဖြင့် မိသားစု သံယောဇဉ်ကိုလည်း ထိပါးစေနိုင်သည်ကို အထူးသတိ
ပြုရမည် ဖြစ်သည်။ မိသားစု သံယောဇဉ်၊ ဆရာတပည့် သံ ယောဇဉ် ခိုင်မြဲစေရန် ကိုယ်ချင်းစာတရားဖြင့်
မေတ္တာစိတ်လွမ်း မိုးသော စကားအသုံးအနှုန်းများ သုံးစွဲကာပြောဆိုဆက်ဆံ ပေး ရမည်ဖြစ်သည်။
တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းလိုသည့် စိတ် ဓာတ်များ ရင့်သန်လာစေရန် ပြည်သူ့နီတိများကိုလည်း
အခါ အားလျော်စွာ သင်ကြားပေးရမည် ဖြစ်သည်။
.
ပညာရေးမဏ္ဍိုင် ကြံ့ခိုင်ရေးအတွက် မိသားစုအတွင်းမှ စ တင်ကာ ပြောင်းလဲကျင့်သုံးပေးရမည်
ဖြစ်သည်။ ထိုမှတစ်ဆင့် တက်ကာ ပတ်ဝန်းကျင် ပတ်ဝန်းကျင်မှသည် အစိုးရပေါ်လစီထိ တိုင် အဆင့်ဆင့်ကြိုးပမ်းကာ
ပြောင်းလဲမှု ပြုမည်ဆိုပါက ဆင်း ရဲတွင်းနက်လျက်ရှိသော ပညာရေးသည်လည်း အလင်းရောင် တောက်ပြောင်
လာမည်ဖြစ်သည်။ ဂေါတမမြတ်စွာ ဘုရားရှင်မှ ယုံကြည်ကျန်းမာ ဖြောင့်မှန်စွာ ပညာဝီရိယဟူ၍
မဟာနိဗ္ဗာန္န သုတ်တော်တွင် ဟောကြားဆုံးမတော်မူခဲ့သည်။ ဆိုလိုသည်မှာ တရားကျင့်ကြံသူတို့
လိုက်နာကျင့်သုံးရမည့် အချက်များအဖြစ် သတ်မှတ်ခဲ့ပါသည်။ ဤသတ်မှတ်ချက်သည် တရားကျင့်ကြံ
အားထုတ်သူများအတွက် သာမကဘဲ ပညာဆည်းပူးသူများ၊ လုပ်ငန်းခွင်တွင် တိုးတက်ကြီးပွားလိုသူများ
အတွက်လည်း အကျုံးဝင်လျက်ရှိပါကြောင်း။
.
နိဂုံးချုပ်အနေဖြင့် ဆိုရလျှင် ဆရာဆရာမများနှင့် ကျောင်း သူကျောင်းသားတို့သည်
3Hs Approach ဟုခေါ်တွင်သည့် ချည်းကပ်နည်း ၃ နည်းဖြင့် ပြုလုပ်ဆောင်ရွက်သွားမည် ဆိုပါ
က အောင်မြင်မှု အစုစုကို ရရှိနိုင်မည် ဖြစ်သည်။ ယင်းတို့မှာ (၁)Head ဉာဏ်ပညာဖြင့် ကြောင်းကျိုးဆက်စပ်
ဆင်ခြင်ကာ (၂) Heart နှလုံးသားစွမ်းရည်ဖြင့် ကိုယ်ချင်းစာတရား ပြည့်ဝပြီး (၃)Hand မိမိသိရှိနားလည်ထားသည်ကို
လက်ဆင့်ကမ်းမျှဝေပေး ကြစေလိုပါကြောင်း တင်ပြလိုက်ရပါသည်။