ထိုင်းဘုရင်မင်းမြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ သေဒဏ်မှ လွတ်မြောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ထိုင်းဘုရင်မင်းမြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ သေဒဏ်မှ လွတ်မြောက်


မင်းဇော်မင်း
.
ထိုင်းနိုင်ငံ၏ အမှတ် (၁၀) မြောက်ဘုရင် မဟာဝဇီရလောင်ကွန်း၏ ဩဂုတ်လ ၁၃ ရက်က ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်း ငြိမ်းသာခွင့် အရ လူသတ်မှုဖြင့် သေဒဏ်ကျခံနေရသူ မြန်မာနိုင်ငံသား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ ၂ ဦး သေဒဏ်မှ လွတ်မြောက်ပြီး တစ်ကျွန်းဒဏ်သို့ ပြစ်ဒဏ်လျှော့ပေါ့ ခံစားခွင့် ရရှိခဲ့ကြောင်း သိရသည်။
.

.
ထိုင်းဘုရင်၏ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၈ ရက်က ကျရောက်ခဲ့သည့် ၆၈ နှစ်ပြည့် မွေးနေ့နှင့် ဩဂုတ်လ ၁၂ ရက်က ကျရောက်ခဲ့သည့် ဘုရင်မင်းမြတ်၏ မယ်တော် သီရိခေတ်မိဖုရားကြီး၏ ၈၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ကျခံနေရသည့် အကျဉ်းသား/သူ ၂ သိန်းကျော်အား ပြစ်ဒဏ်လျှော့ပေါ့ ခံစား ရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ရာတွင် မြန်မာနိုင်ငံသား ဝင်းနှင့် ဇော်တို့လည်း အကျုံးဝင် ခံစားခွင့်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“သူတို့ပါတယ်။ ထိုင်းအစိုးရရဲ့ နည်းဥပဒေပုဒ်မ ၁၅ အရ သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေကို တစ်သက် တစ်ကျွန်းပြစ်ဒ် လျှော့ပေါ့သတ်မှတ်ခဲ့တာဖြစ်လို့ သူတို့ သေဒဏ်က လွတ်ပါပြီ” ဟု ထိုင်းနိုင်ငံအခြေစိုက် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ အမှုဆောင်ဒါရိုက်တာ၊ လိပ်ကျွန်းလူသတ်မှု စုံစမ်းရေးကော်မတီမှ ဦးထူးချစ်က ပြောသည်။
.
အဆိုပါ လိပ်ကျွန်းလူသတ်မှု စတင်ဖြစ်ပွားစဉ်ကတည်းက အမှုတွင် လိုက်ပါဆောင်ရွက်ပေးခဲ့သည့် ထိုင်းရှေ့နေများ ကောင်စီ အဖွဲ့ဝင်များနှင့် FED ရှေ့နေ့တို့က ထိုင်းဘုရင်မင်းမြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်သည် ထိုင်းတောင်ပိုင်း၊ လိပ်ကျွန်းလူသတ်မှုတွင် ပါဝင်ပတ်သက်ခဲ့သည့် စွပ်စွဲချက်ဖြင့် သေဒဏ်ကျခံနေရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ ၂ ဦး လည်း အကျုံးဝင်ခံစားခွင့်ရှိကြောင်း အတည်ပြုပြောဆိုခဲ့သည်။
.
ထိုင်းဘုရင့်နန်းတော်၏ ထုတ်ပြန်ချက်ကို ထိုင်းနိုင်ငံအစိုးရ၏ တည်ဆဲဥပဒေပုဒ်မ ၂၀ အရ ဝန်ကြီးချုပ်၊ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် တရားဝန်ကြီးများ၏ အမိန့်အာဏာများအရ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၂ ရက်အထိ အကျဉ်းသား/သူ ၃၈၂၄၅၂ ဦးရှိပြီး ပြစ်ဒဏ်ချမှတ်ခံထားရသူ ၃၁၂၄၈၆ ဦးရှိကာ ၎င်းတို့အနက် မျက်မမြင်သူများ၊ စိတ်ဝေဒနာသည်များ၊ ခြေလက်နှစ်ဖက်ပြတ်တောက်နေသူများ၊ ကင်ဆာရောဂါနောက်ဆုံးအဆင့်၊ HIV ရောဂါသည်များစသည့် အကျဉ်းသားများ အပါအဝင် အကျဉ်းသား ၂ သိန်းကျော် အကျိုးခံစားခွင့်ရရှိမည်ဖြစ် သော်လည်း မူးယစ်ဆေးဝါးနှင့် လိင်အကြမ်းဖက်ကျူးလွန်ခဲ့မှုကြောင့် ထောင်ဒဏ် နှစ် ၈၀ ကျခံနေရသည့် အကျဉ်းသားများ မပါဝင်ကြောင်း သိရသည်။
.
ထိုင်းဘုရင်မင်းမြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်ပြန်ချက်ကို ထိုင်းနိုင်ငံ၏ဝန်ကြီးချုပ် ပလာယူကျန်အိုချာ က လက်ခံရယူကာ အမိန့်ပါပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
.

Journal Download

Photo of three cats