ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို ဩဂုတ်လဆန်းတွင် ထုတ်ပြန် ကြေညာမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, August 1, 2020

ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို ဩဂုတ်လဆန်းတွင် ထုတ်ပြန် ကြေညာမည်


ကိုစိုး (ကမ္ဘောဇတိုင်း)
.
လာမည့်နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းများကို ဩဂုတ်လ ဆန်းပိုင်းတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရဿည်။
.

.
“ကိုယ်စားလှယ်လောင်း စာရင်းတွေကို ဩဂုတ်လဆန်း ၅ ရက်နေ့ နောက်ပိုင်းမှာ ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ကမ္ဘောဇ တိုင်း သို့ အတည်ပြုပြောဆိုခဲ့သည်။
.
အလားတူ လက်ရှိအာဏာရ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၎င်း၏ ကိုယ်စားလှယ်လောင်း စာရင်းများကို ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်ကတည်းက ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကာ တိုင် းရင်းသားပါတီအချို့ သည်လည်း ၎င်းတို့၏ ကိုယ်စားလှယ်လောင်းစာရင်းများကို ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။
.
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလက တစ်နိုင်ငံလုံး မဲဆန္ဒနယ်အများစု၌ အနိုင်ရ၍ အစိုးရဖွဲ့စည်းနိုင်ခဲ့သည့် နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ၃၀၊ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်နေရာ ၁၁ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နေရာ ၇၄ နေရာ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် (တိုင်းရင်းသားလူမျိုး) မဲဆန္ဒနယ် ၂ နေရာ၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၁၇ နေရာ အနိုင်ရရှိထားသည်။
.
ထို့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အရ ဒုတိယအကြိမ်  ရှမ်းပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၃၂ နေရာဖြင့် ကိုယ်စားလှယ်ဦးရေ အများဆုံး ရရှိထားသည့် နိုင်ငံရေးပါတီတစ်ခုဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About