ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆောင်ရွက်ပေးမည့် အစီအမံများကို ပြည်သူလူထုသို့ ရှင်းလင်းအသိပေးရန် ပြည်ခိုင်ဖြိုး အပါအဝင် ပါတီ ၂၁ ခုမှ လက်မှတ်ရေးထိုးတောင်းဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, August 1, 2020

ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆောင်ရွက်ပေးမည့် အစီအမံများကို ပြည်သူလူထုသို့ ရှင်းလင်းအသိပေးရန် ပြည်ခိုင်ဖြိုး အပါအဝင် ပါတီ ၂၁ ခုမှ လက်မှတ်ရေးထိုးတောင်းဆို


ကိုစိုး (ကမ္ဘောဇတိုင်း)
.
လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆောင်ရွက်ပေးမည့် ယုံကြည်စိတ်ချရသော အစီအမံများကို ပြည်သူလူထုသို့ အသိပေးရှင်းလင်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီပေါင်း ၂၁ ခုမှ ဇူလိုင်လ ၃၀ ရက်တွင် စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုခဲ့သည်ဟု သိရသည်။
.
.
ယင်း လက်မှတ်ရေးထိုး တောင်းဆိုစာတွင် COVID-19 ဆိုင်ရာ အမိန့်နှင့် ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာ ရမည့် ပြည်သူများအတွက် နိုဝင်ဘာ ၈ ရက်တွင် မဲရုံများသို့ လာရောက်မဲပေးရန် ဖြစ်နိုင်ချေ အလွန်နည်းပါးကြောင်းနှင့် မဲပေးပိုင်ခွင့် ဆုံးရှုံးခြင်းများ၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုများ ပေါ်ပေါက်လာနိုင်ကြောင်း၊ သို့ဖြစ်၍ ပြည်ထောင်စု ရွေးကောာက်ပွဲ ကော်မရှင် အနေဖြင့် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ ကပ်ရောဂါ ကူးစက်ခြင်း အန္တရာယ်မှ လုံခြုံစိတ်ချစေရေးတို့အတွက် လိုအပ်သည့် အစီအမံများ မည်သို့ဆောင်ရွက်ထားသည်ကို ပြည်သူလူထုသို့ ရှင်းလင်းအသိပေးရန် တိုက်တွန်းပါကြောင်းဖြင့် ဖော်ပြပါရှိသည်။
.
“ရည်ရွယ်ချက်ကတော့ မဲရုံမှာ လူတစ် (ကြပ်) မသွားဖို့ရယ်၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ပေါ်ဖို့ ဖြစ်ပါတယ်။ အခု COVID-19 ကာလမှာ မဲဆွဲစည်းရုံးမှုကို ရွေးကောက်ပွဲကော်မရှင် အနေနဲ့ မျှမျှတတ၊ စဉ်းစဉ်း စားစားလေး ခွင့်ပြုဆောင်ရွက်စေချင်ပါတယ်။ အားလုံးလည်း သတင်းတွေအရ သိထားပြီးဖြစ်ပါတယ်။ ရန်ကုန်မှာ လုပ်တဲ့ ဘာသာရေးပွဲတစ်ခုမှာ ဝန်ကြီးချုပ်က လူစုလူဝေးလုပ်သွားတယ်။ ဝန်ကြီးချုပ်ကို ပါတီတွင်း သတိပေးမှု လောက်နဲ့တင် ပြီးသွားတယ်။ တခြားသူတွေကိုတော့ ဥပဒေနဲ့အညီ ထောင်ချတာတွေ၊ တရားစွဲခံရတာတွေ ရှိခဲ့ ပါတယ်။ ဒါဆိုရင် ဥပဒေရဲ့ အထက်မှာ အာဏာရပါတီရဲ့ ဝန်ကြီးချုပ်တွေ ရှိနေသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
အဆိုပါ ထုတ်ပြန်စာကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၁ ခုမှ လက်မှတ်ရေးထိုး၍ အိတ်ဖွင့်ပေးစာအဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားနိုင်ငံရေးပါတီများဖြစ်သော အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်‌ရေးပါတီနှင့် “ဝ” အမျိုးသားပါတီတို့ကလည်း ပါဝင်လက်မှတ်ရေးထိုးထားသည်ကို တွေ့ရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About