ကိုစိုး (ကမ္ဘောဇတိုင်း)
.
ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (ပအမဖ)မှ ရှမ်းပြည်နယ်အတွင်းရှိ
မဲဆန္ဒနယ် ၁၇ ခု၌ ကိုယ် စားလှယ် လောင်းများ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည်ဖြစ်ကြောင်း
သိရသည်။
.
.
ပအမဖ ပါတီ၏ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း
အမည်စာရင်းကို ယနေ့ ဩဂုတ်လ ၁၂ ရက်က ထုတ်ပြန်ကြေညာခဲ့ရာ ထုတ်ပြန်ချက်အရ ယင်းပါတီသည်
ရှမ်းပြည်နယ်မြို့တော် တောင်ကြီး မြို့နယ်အတွင်းရှိ မဲဆန္ဒနယ်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ် များမှ မဲဆန္ဒနယ်များအပြင် တောင်ကြီးခရိုင်၊
ရပ်စောက်မြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် လင်းခေးခရိုင်၊ မောက်မဲမြို့နယ် များရှိ
မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲ ဝင်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ထုတ်ပြန်ချက်အရ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ
(ပအမဖ) အနေဖြင့် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၅ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်
၂ နေရာနှင့် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ၁၀ နေရာ ၊ စုစုပေါင်း မဲဆန္ဒနယ် ၁၇ နေရာတို့တွင်
ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည်ဖြစ် ကြောင်း သိရသည်။
.
ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (ပအမဖ) သည် ၂၀၁၄
ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်ရရှိခဲ့သည့်
နိုင်ငံရေးပါတီဖြစ်ပြီး ပါတီအမှတ်စဉ် (၇၃) ဖြစ်ကာ ပါတီရုံးချုပ်ကို ရှမ်းပြည်နယ်မြို့တော်
တောင်ကြီးမြို့တွင် ရုံးစိုက်ဖွင့်လှစ်ထားကြောင်း သိရသည်။
.